တစ်ဖန် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဣသရေလအမျိုးနှင့် ယုဒအမျိုးသားတို့၌ ငါထားသောကတိအတိုင်း ကျေးဇူးပြုရသော အချိန်ကာလသည် ရောက်လိမ့်မည်။ ထိုကာလအခါ သန့်ရှင်းသောအညွန့်ကို ဒါဝိဒ်အဖို့ ငါပေါက်စေ၍၊ သူသည် မြေကြီးပေါ်မှာ တရားသဖြင့် ဖြောင့်မတ်စွာ စီရင်လိမ့်မည်။ ထိုကာလ၌ ယုဒပြည်သည် ကယ်တင်ခြင်းသို့ ရောက်၍၊ ယေရုရှလင်မြို့သည်လည်း ငြိမ်ဝပ်ခြင်းရှိလိမ့်မည်။ ထိုမြို့သည် ယေဟောဝါဇေဒကနု ဟူသော ဘွဲ့နာမရှိလိမ့်သတည်း။ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဣသရေလနန်းတော်ပေါ်မှာ ထိုင်ရသော ဒါဝိဒ်မင်းရိုးမင်းစဉ်သည် အလျှင်းမပြတ်ရ။ ငါ့ရှေ့မှာ မီးရှို့ရာယဇ်ကို ပူဇော်လျက်၊ ဘောဇဉ်ပူဇော်သကာကို မီးရှို့လျက်၊ ယဇ်ပူဇော်ရာဝတ်ကို အစဉ်ပြုရသော လေဝိသား ယဇ်ပုရောဟိတ်ရိုးလည်း အလျှင်းမပြတ်ရဟု မိန့်တော်မူ၏။ တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယေရမိသို့ရောက်၍၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါထားသောနေ့ပဋိညာဉ်နှင့် ညပဋိညာဉ်တရားကို သင်တို့သည် ဖျက်၍၊ နေ့ညအပိုင်းအခြား မရှိစေခြင်းငှာ တတ်နိုင်လျှင်၊ ငါ၏ကျွန်ဒါဝိဒ်၌ ငါထားသောပဋိညာဉ်ပျက်၍၊ ဒါဝိဒ်၏ ရာဇပလ္လင်ပေါ်မှာစိုးစံရသော ဒါဝိဒ်မင်းရိုးသည် ပြတ်လိမ့်မည်။ ငါ၏အမှုထမ်း လေဝိသားယဇ်ပုရောဟိတ်ရိုးလည်း ပြတ်လိမ့်မည်။ မိုးကောင်းကင်တန်ဆာတို့ကို မရေတွက်နိုင်၊ သမုဒ္ဒရာသဲလုံးတို့ကို တောင်းတင်းနှင့် မခြင်နိုင်အောင် များပြားသကဲ့သို့၊ ငါ့ကျွန်ဒါဝိဒ်၏အမျိုးကိုလည်းကောင်း၊ ငါ၏အမှုထမ်းလေဝိသားတို့ကိုလည်းကောင်း ငါများပြားစေမည်ဟု မိန့်တော်မူ၏။ တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယေရမိသို့ ရောက်လာသည်ကား၊ ထာဝရဘုရား ရွေးကောက်သော လူမျိုးနှစ်မျိုးကို တစ်ဖန်ပယ်တော်မူပြီဟု ဤလူတို့ပြောတတ်သော စကားကို သင်သည်ဆင်ခြင်ပြီလော။ ထိုသို့သူတို့သည် ငါ၏လူမျိုးကို လူမျိုးကဲ့သို့မမှတ်၊ မထီမဲ့မြင်ပြုကြပြီ။ ထာဝရဘုရားမိန့်တော်မူသည်ကား၊ နေ့နှင့် ညအဖို့ ငါ၏ပဋိညာဉ် မရှိလျှင်လည်းကောင်း၊ မိုးကောင်းကင်နှင့် မြေကြီးတရားတို့ကို ငါမစီရင်လျှင်လည်းကောင်း၊ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်အမျိုးကို အုပ်စိုးရသော မင်းအရာ၌၊ ယာကုပ်အမျိုးနှင့် ငါ့ကျွန်ဒါဝိဒ်၏အမျိုး သားစဉ်မြေးဆက်ထဲက ငါရွေး၍မခန့်ထားဘဲ စွန့်ပစ်မည်။ သို့မဟုတ် သိမ်းသွားခြင်းကိုခံရသော ထိုသူတို့ကို တစ်ဖန်ငါဆောင်ခဲ့၍ ကယ်မသနားမည်ဟု မိန့်တော်မူ၏။
ယေရမိ 33 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ယေရမိ 33:14-26
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ