YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိ 30

30
ထာ​ဝ​ရ​ဘု​ရား၏​က​တိ​တော်​များ
1ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ယေ​ရ​မိ​သို့ ရောက်​လာ၍၊ 2ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သင့်​အား ငါ​ပြော​သ​မျှ​သော စ​ကား​တို့​ကို ရေး​ထား​လော့။ 3ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ယ​ခု သိမ်း​သွား​ခြင်း​ကို​ခံ​ရ​သော ငါ၏​လူ ဣ​သ​ရေ​လ​အ​မျိုး​နှင့် ယု​ဒ​အ​မျိုး​သား​တို့​ကို ငါ​ဆောင်​ခဲ့​ရ​သော အ​ချိန်​ကာ​လ​သည် ရောက်​လိမ့်​မည်။ သူ​တို့​ဘိုး​ဘေး​တို့​အား ငါ​ပေး​သော​ပြည်​သို့ ငါ​ပြန်​လာ​စေ​သ​ဖြင့်၊ သူ​တို့​သည် ပိုင်​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။
4ဣ​သ​ရေ​လ​အ​မျိုး​နှင့် ယု​ဒ​အ​မျိုး​ကို ရည်​မှတ်၍ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ဟူ​မူ​ကား၊ 5ငါ​သည် ထိတ်​လန့်​ခြင်း​စ​ကား​သံ​ကို ကြား​ရ၏။ ငြိမ်​သက်​ခြင်း​မ​ရှိ။ ကြောက်​ရွံ့​ဖွယ်​သော အ​ကြောင်း​သာ ရှိ၏။ 6ယောက်ျား​သည် သား​ဖွား​တတ်​သ​လော​ဟု မေး​မြန်း​ကြည့်​ရှု​ကြ​လော့။ မိန်း​မ​သည် သား​ဖွား​ခြင်း ဝေ​ဒ​နာ​ကို​ခံ​ရ​သော​အ​ခါ၊ မိ​မိ​ခါး၌ လက်​တင်​သ​ကဲ့​သို့ ယောက်ျား​တိုင်း​ပြု၍၊ ခပ်​သိမ်း​သော​သူ​တို့​သည် မျက်​နှာ​ပျက်​လျက် ရှိ​ကြ​သည်​ကို အ​ဘယ်​ကြောင့် ငါ​မြင်​ရ​သ​နည်း။ 7အ​လို​လေး၊ ထို​နေ့​ရက်​ကား ခိုင်း​နှိုင်း​စ​ရာ​မ​ရှိ။ ကြီး​သော​နေ့​ရက်​ဖြစ်၏။ ယာ​ကုပ်​အ​မျိုး၌ အ​မှု​ရောက်​သော နေ့​ရက်​ဖြစ်၏။ သို့​ရာ​တွင်၊ သူ​တို့​သည် ကယ်​တင်​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။ 8ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ထို​နေ့​ရက်၌ သူ​တို့​ထမ်း​ရ​သော ထမ်း​ပိုး​ကို သူ​တို့​လည်​ပင်း​မှ ငါ​ချိုး​ပယ်​မည်။ သူ​တို့​ကို ချည်​နှောင်​သော ကြိုး​များ​ကို ငါ​ဖြတ်​မည်။ တစ်​ပါး​အ​မျိုး​သား​တို့​သည် နောက်​တစ်​ဖန် သူ​တို့​ကို မ​စေ​စား​ရ​ကြ။ 9သူ​တို့​သည် မိ​မိ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​အ​မှု​ကို​လည်း​ကောင်း၊ သူ​တို့​အ​ဖို့ ငါ​ပေါ်​ထွန်း​စေ​လ​တ္တံ့​သော ရှင်​ဘု​ရင်​ဒါ​ဝိဒ်၏ အ​မှု​ကို​လည်း​ကောင်း ဆောင်​ရွက်​ရ​ကြ​မည်။
10သို့​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ အို ငါ့​ကျွန်​ယာ​ကုပ်၊ မ​ကြောက်​နှင့်။ အို ဣ​သ​ရေ​လ​အ​မျိုး၊ စိတ်​မ​ပျက်​နှင့်။ သင့်​ကို ဝေး​သော​အ​ရပ်​မှ​လည်း​ကောင်း၊ သင်၏​အ​မျိုး​သား​တို့​ကို သိမ်း​သွား​ရာ ပြည်​မှ​လည်း​ကောင်း၊ ငါ​နုတ်​ယူ​ဆောင်​ခဲ့​သ​ဖြင့်၊ ယာ​ကုပ်​အ​မျိုး​သည် ပြန်​လာ၍၊ ခြောက်​လှန့်​သော​သူ​မ​ရှိ၊ ငြိမ်​ဝပ်​ချမ်း​သာ​စွာ နေ​ရ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။#ယေ၊ ၄၆:၂၇-၂၈။ 11တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ သင့်​ကို ကယ်​တင်​ခြင်း​ငှာ သင်​နှင့်​အ​တူ​ငါ​ရှိ၏။ ငါ​သည် သင့်​ကို ငါ​ကွဲ​ပြား​စေ​သော တိုင်း​နိုင်​ငံ​ရှိ​သ​မျှ​တို့​ကို ဆုံး​စေ​သော်​လည်း၊ သင့်​ကို​မ​ဆုံး​စေ။ သို့​ရာ​တွင်၊ အ​ပြစ်​ကို ရှင်း​ရှင်း​မ​လွှတ်​ဘဲ၊ အ​တော်​အ​တန်​ဆုံး​မ​မည်။ 12ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သင့်​အ​နာ​သည် ပျောက်​ခဲ၏။ သင်​ခံ​ရ​သော​ဝေ​ဒ​နာ​သည် ပြင်း​လှ၏။ 13သင့်​အ​နာ​ကို​စည်း​အံ့​သော​ငှာ အ​ဘယ်​သူ​မျှ သင့်​အ​မှု​ကို​မ​စောင့်။ အ​နာ​ပျောက်​စေ​နိုင်​သော ဆေး​ကို အ​ဘယ်​သူ​မျှ​မ​ကု။ 14သင်၏​မိတ်​ဆွေ​ရှိ​သ​မျှ​တို့​သည် သင့်​ကို မေ့​လျော့၍ မ​မေး​မ​ရှာ​ဘဲ နေ​ကြ၏။ သင့်​အ​ပြစ်​သည်​ကြီး၍၊ သင်​ပြု​သော ဒု​စ​ရိုက်​သည် များ​ပြား​သော​ကြောင့်၊ ရန်​သူ​ပေး​တတ်​သော​အ​နာ​နှင့် သင့်​ကို ငါ​နာ​စေ​ပြီ။ ကြမ်း​တမ်း​သော​သူ ပေး​တတ်​သော​ဒဏ်​ကို ငါ​ပေး​ပြီ။ 15သင်​သည် အ​နာ​ကို​ခံ​ရ​သည်​ဖြစ်၍၊ အ​ဘယ်​ကြောင့် ငို​ကြွေး​သ​နည်း။ သင်၏​အ​ပြစ်​ကြီး​သော​ကြောင့်၊ သင်​ခံ​ရ​သော​ဝေ​ဒ​နာ​သည် ပျောက်​ခဲ၏။ သင်​ပြု​သော​ဒု​စ​ရိုက် များ​ပြား​သော​ကြောင့်၊ ဤ​သို့​ငါ​ဆုံး​မ​ရ၏။ 16သို့​ရာ​တွင်၊ သင့်​ကို ကိုက်​စား​သော​သူ​အ​ပေါင်း​တို့​သည် ကိုက်​စား​ခြင်း၊ သင်၏​ရန်​သူ​အ​ပေါင်း​တို့​သည် သိမ်း​သွား​ခြင်း၊ သင့်​ကို လု​ယူ​ဖျက်​ဆီး​သော သူ​အ​ပေါင်း​တို့​သည် လု​ယူ​ဖျက်​ဆီး​ခြင်း​ကို ခံ​ရ​ကြ​မည်။ 17ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သူ​တစ်​ပါး​တို့​က၊ သင်​သည် စွန့်​ပစ်​ခြင်း​ကို ခံ​ရ​သော​သူ​ဟူ၍​လည်း​ကောင်း၊ အ​ဘယ်​သူ​မျှ မ​ကြည့်​ရှု မ​ပြု​စု​သော ဇိ​အုန်​မြို့​ဟူ၍​လည်း​ကောင်း​ခေါ်​သော်​လည်း၊ သင်၏​အ​နာ​ရော​ဂါ​များ​ကို​ငါ​ပျောက်​စေ၍၊ ကျန်း​မာ​ပ​က​တိ ဖြစ်​စေ​မည်။
18ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သိမ်း​သွား​ခြင်း​ကို​ခံ​ရ​သော ယာ​ကုပ်​အ​မျိုး​သား​တို့၏​တဲ​များ​ကို ငါ​ဆောင်​ခဲ့​ဦး​မည်။ သူ​တို့​အိမ်​များ​ကို​သ​နား​ဦး​မည်။ မြို့​သည်​လည်း၊ မိ​မိ​ကုန်း​ပေါ်​မှာ တစ်​ဖန်​တည်​လျက်​ရှိ​လိမ့်​မည်။ နန်း​တော်၌​လည်း၊ ရှေး​ထုံး​စံ​အ​တိုင်း နေ​ကြ​လိမ့်​မည်။ 19ထို​သူ​တို့​အ​ထဲ​က ကျေး​ဇူး​ကို​ချီး​မွမ်း​ခြင်း​အ​သံ၊ ရွှင်​မြူး​သော​သူ​တို့၏​အ​သံ​သည် ထွက်​လိမ့်​မည်။ ငါ​သည် သူ​တို့​ကို မ​နည်း​စေ​ဘဲ များ​ပြား​စေ​မည်။ နှိမ့်​ချ​ခြင်း​သို့ မ​ရောက်၊ ချီး​မြှောက်​ခြင်း​သို့ ရောက်​စေ​မည်​အ​ကြောင်း စီ​ရင်​မည်။ 20အ​မျိုး​သား​တို့​သည် အ​ရင်​ကဲ့​သို့​ဖြစ်၍၊ ပ​ရိ​သတ်​တို့​သည် ငါ့​ရှေ့​မှာ တည်​ကြ​လိမ့်​မည်။ ညှဉ်း​ဆဲ​သော သူ​အ​ပေါင်း​တို့​ကို ငါ​သည် အ​ပြစ်​ပေး​မည်။ 21သူ​တို့၏​မင်း​သည် သူ​တို့​အ​မျိုး ဖြစ်​လိမ့်​မည်။ သူ​တို့​အ​ထဲ​က ပေါ်​ထွန်း​သော​သူ​သည် သူ​တို့​ကို အုပ်​စိုး​ရ​လိမ့်​မည်။ ငါ​သွေး​ဆောင်၍ သူ​တို့​သည် ငါ့​ထံ​သို့ ချဉ်း​ကပ်​ကြ​လိမ့်​မည်။ ငါ့​ထံ​သို့ ချဉ်း​ကပ်​လို​သော​ငှာ၊ အ​ဘယ်​သူ​သည် မိ​မိ​စိတ်​ကို​တန်း​စေ​သ​နည်း။ 22ထို​အ​ခါ သင်​တို့​သည် ငါ၏​လူ​ဖြစ်၍၊ ငါ​သည်​လည်း သင်​တို့၏​ဘု​ရား​သ​ခင်​ဖြစ်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ 23ထာ​ဝ​ရ​ဘု​ရား၏ လေ​ပွေ​တော်​သည် ပူ​သော​အ​ရှိန်​နှင့် ထွက်၏။ ပြင်း​စွာ​သော​လေ​ပွေ​ဖြစ်၍၊ မ​တ​ရား​သော သူ​တို့​ခေါင်း​ပေါ်​မှာ ပြင်း​စွာ​တိုက်​လိမ့်​မည်။ 24ထာ​ဝ​ရ​ဘု​ရား​သည် လက်​စ​သတ်၍၊ အ​ကြံ​အ​စည်​တော်​ကို ပြည့်​စုံ​စေ​တော်​မ​မူ​မီ၊ ပြင်း​စွာ​သော အ​မျက်​တော်​မ​ငြိမ်း​ရ။ နောင်​ကာ​လ၌ သင်​တို့​သည် နား​လည်​ကြ​လိမ့်​မည်။

လက်ရှိရွေးချယ်ထားမှု

ယေရမိ 30: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ