YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိ 3

3
သစ္စာ​ဖောက်​ဣ​သ​ရေ​လ
1ယောက်ျား​စွန့်​ပစ်​သော မိန်း​မ​သည် ထွက်​သွား၍၊ အ​ခြား​သော​သူ၏ မ​ယား​ဖြစ်​ပြီး​မှ၊ အ​ရင်​လင်​သည် ထို​မိန်း​မ​ကို ပြန်၍​ယူ​သင့်​သ​လော။ ထို​သို့​ပြု​သော​ပြည်​သည် ညစ်​ညူး​သည်​မ​ဟုတ်​လော​ဟု ဆို​လေ့​ရှိ​လျက်​နှင့်၊ သင်​သည် များ​စွာ​သော ရည်း​စား​တို့၌ မှီ​ဝဲ၍ မှား​ယွင်း​သော်​လည်း၊ ငါ့​ထံ​သို့ ပြန်​လာ​ပါ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​၏။ 2မြင့်​သော​အ​ရပ်​များ​ကို မျှော်​ကြည့်၍၊ လင်​မ​နေ​ဖူး​သော​အ​ရပ် တစ်​စုံ​တစ်​ခု​ကို​ရှာ​လော့။ အာ​ရပ်​လူ​သည် တော၌​စောင့်​သ​ကဲ့​သို့၊ သင်​သည် လမ်း​တို့၌​စောင့်​နေ၍၊ မ​တ​ရား​သော မေ​ထုန်​အား​ဖြင့်​လည်း​ကောင်း၊ အ​ဓ​မ္မ​အ​မှု​အား​ဖြင့်​လည်း​ကောင်း ပြည်​ကို ညစ်​ညူး​စေ​ပြီ။ 3မိုး​ခေါင်၍ နောက်​မိုး​တိုင်​အောင် မ​ရွာ​သော်​လည်း၊ သင်​သည် ပြည့်​တန်​ဆာ​န​ဖူး​ရှိ၍၊ ရှက်​ခြင်း​သ​ဘော​ကို ပယ်​ရှား​ပြီ။ 4ယ​ခု​မှ​စ၍ သင်​က၊ အ​ကျွန်ုပ်​အ​ဘ၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​အ​သက်​ငယ်​စဉ်၊ စောင့်​မ​ပါ​ပြီ​ဟု ငါ့​အား အော်​ဟစ်​ပါ​စေ​သော။ 5ဘု​ရား​သ​ခင်​သည် အ​စဉ်​အ​မျက်​ထွက်​တော်​မူ​မည်​လော။ အ​ဆုံး​တိုင်​အောင် အ​ပြစ်​ကို မှတ်​တော်​မူ​မည်​လော​ဟု ဆို​ပါ​စေ​သော။ ထို​သို့​ဆို​သော်​လည်း၊ တတ်​နိုင်​သ​မျှ​အ​တိုင်း အ​ဓ​မ္မ​အ​မှု​ကို ပြု​ပါ​သည်​တ​ကား။
နောင်​တ​ရ​ရန်​ဖိတ်​ခေါ်​ခြင်း
6ယော​ရှိ​မင်း​ကြီး​လက်​ထက်၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား မိန့်​တော်​မူ​သည်​ကား၊ ဖောက်​ပြန်​သော ဣ​သ​ရေ​လ​အ​မျိုး ပြု​သော​အ​မှု​ကို သင်​မြင်​ပြီ​လော။ မြင့်​သော​တောင်​ရှိ​သ​မျှ အ​ပေါ်​သို့​တက်၍​လည်း​ကောင်း၊ စိမ်း​သော​သစ်​ပင်​ရှိ​သ​မျှ အောက်၌​လည်း​ကောင်း ပြည့်​တန်​ဆာ​လုပ်​လေ​ပြီ။#၄​ရာ၊ ၂၂:၁-၂၃:၃၀။ ၆​ရာ၊ ၃၄:၁-၃၅:၂၇။ 7သူ​သည် ထို​အ​မှု​အ​လုံး​စုံ​တို့​ကို ပြု​ပြီး​မှ၊ ငါ့​ထံ​သို့ ပြန်​လာ​ပါ​ဟု ငါ​ပြော​သော်​လည်း၊ သူ​သည် ပြန်၍​မ​လာ။ ထို​အ​မှု​ကို သူ၏​ညီ​မ၊ သ​စ္စာ​ပျက်​သော​ညီ​မ​ယု​ဒ​သည် ကြည့်​မြင်​လေ၏။ 8ဖောက်​ပြန်​သော ဣ​သ​ရေ​လ​သည် မ​တ​ရား​သော​မေ​ထုန်​ကို​ပြု၍၊ မှား​ယွင်း​သော​အ​ပြစ်​များ​ကြောင့်၊ သူ​နှင့်​ငါ​ကွာ၍ ဖြတ်​စာ​ကို အပ်​သော်​လည်း၊ သ​စ္စာ​ပျက်​သော​ညီ​မ ယု​ဒ​သည်​လည်း၊ မ​ကြောက်​ဘဲ​သွား၍၊ ပြည့်​တန်​ဆာ​လုပ်​ကြောင်း​ကို ငါ​မြင်​ရ၏။ 9သူ​သည် မ​တ​ရား​သော​မေ​ထုန်​ကို​ပြု၍ အ​လွန်​လော်​လည်​သော​အား​ဖြင့် ပြည်​ကို​ညစ်​ညူး​စေ၍၊ ကျောက်​နှင့်​လည်း​ကောင်း၊ သစ်​တုံး​နှင့်​လည်း​ကောင်း မှား​ယွင်း​လေ၏။ 10ထို​မျှ​လောက်​အ​ပြစ်​ရှိ​သော်​လည်း၊ သ​စ္စာ​ပျက်​သော​ညီ​မ​ယု​ဒ​သည် ငါ့​ထံ​သို့ စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ ပြန်၍​မ​လာ။ ပြန်​လာ​ဟန်​ဆောင်​သည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။
11တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား မိန့်​တော်​မူ​သည်​ကား၊ သ​စ္စာ​ပျက်​သော​ယု​ဒ​သည် ဖောက်​ပြန်​သော​ဣ​သ​ရေ​လ​ထက် အ​ပြစ်​ကြီး၏။ 12သင်​သည်​သွား၍ မြောက်​မျက်​နှာ​သို့ ဟစ်​ကြော်​ရ​မည်​စ​ကား​ဟူ​မူ​ကား၊ အို ဖောက်​ပြန်​သော ဣ​သ​ရေ​လ၊ ပြန်​လာ​ပါ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ သင်၌ ငါ​သည် မျက်​မုန်း​ကျိုး​ခြင်း​ကို​မ​ပြု၊ က​ရု​ဏာ​စိတ်​သ​ဘော​ရှိ၏။ အ​စဉ်​အ​မျက်​ထွက်​တတ်​သည် မ​ဟုတ်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ 13သင်​သည် ငါ့​စ​ကား​ကို နား​မ​ထောင်။ သင်၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​ပြစ်​မှား၍၊ စိမ်း​သော​သစ်​ပင်​ရှိ​သ​မျှ အောက်၌​တွေ့​သော ဧည့်​သည်​တို့​နှင့် မှား​ယွင်း​သော​အ​ပြစ်​ရှိ​ကြောင်း​ကို ဝန်​ချ​ရုံ​မျှ​သာ ပြု​လော့​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ 14အို ဖောက်​ပြန်​သော သူ​ငယ်​တို့၊ ပြန်​လာ​ကြ​လော့​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ ငါ​သည် သင်​တို့​ကို ရွံ​ရှာ​ဖူး​သော်​လည်း၊ သင်​တို့​မြို့​များ​ထဲ​က တစ်​မြို့​လျှင် လူ​တစ်​ယောက်၊ အ​မျိုး​သား​ချင်း​အ​စု​စု​ထဲ​က တစ်​စု​လျှင် လူ​နှစ်​ယောက်​ကို ရွေး​ယူ၍ ဇိ​အုန်​မြို့​သို့ ပို့​ဆောင်​မည်။ 15ငါ​သည် နှစ်​သက်​သော​သူ​တို့​ကို သင်း​အုပ်​အ​ရာ၌ ခန့်​ထား၍၊ သူ​တို့​သည် ဉာဏ်​ပ​ညာ​နှင့် ပြည့်​စုံ​လျက် သင်​တို့​ကို အုပ်​ကြ​လိမ့်​မည်။ 16ထို​ကာ​လ​တွင် သင်​တို့​သည် ပြည်​တော်၌ တိုး​ပွား​များ​ပြား​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား၏ ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ဟူ၍ နောက်​တစ်​ဖန် မ​ပြော​မ​ဆို​ရ။ ထို​သေ​တ္တာ​တော်​ကို စိတ်​မ​စွဲ​လမ်း၊ မ​အောက်​မေ့၊ မ​ပြု​စု​ရ။ နောက်​တစ်​ဖန်​မ​လုပ်​ရ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ 17ထို​အ​ခါ ယေ​ရု​ရှ​လင်​မြို့​ကို ထာ​ဝ​ရ​ဘု​ရား၏​ပ​လ္လင်​ဟူ၍ ခေါ်​ကြ​လိမ့်​မည်။ လူ​မျိုး​အ​ပေါင်း​တို့​သည်​လည်း၊ ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​ကို​အ​မှီ​ပြု၍၊ ထို​ပ​လ္လင်​သို့ စည်း​ဝေး​ကြ​လိမ့်​မည်။ နောက်​တစ်​ဖန် မိ​မိ​တို့၌ ဆိုး​သော​စိတ်​နှ​လုံး ခိုင်​မာ​ခြင်း​သ​ဘော​သို့​လိုက်၍ မ​ကျင့်​ရ​ကြ။ 18ထို​ကာ​လ၌ ယု​ဒ​အ​မျိုး​သည် ဣ​သ​ရေ​လ​အ​မျိုး​နှင့် ပေါင်း​ဖော်​လျက်၊ မြောက်​မျက်​နှာ​အ​ရပ်​က တစ်​စု​တည်း​လာ၍၊ သင်​တို့​ဘိုး​ဘေး​များ အ​မွေ​ခံ​ဖို့၊ ငါ​ပေး​ဖူး​သော​ပြည်​သို့​ရောက်​ကြ​လိမ့်​မည်။
19ငါ​သည်​သင့်​ကို သား​တို့​တွင် အ​ဘယ်​သို့​ထား​ရ​အံ့​နည်း။ သာ​ယာ​သော​ပြည်၊ တိုင်း​နိုင်​ငံ​အ​ပေါင်း​တို့၏​ထွတ်၊ ဘုန်း​ကြီး​သော အ​မွေ​ခံ​ရာ​ပြည်​ကို သင့်​အား အ​ဘယ်​သို့​ပေး​ရ​အံ့​နည်း​ဟု ငါ​မေး​သော​အ​ခါ၊ သင်​သည် ငါ့​ကို အ​ကျွန်ုပ်​အ​ဘ​ဟူ၍ ခေါ်​ရ​လိမ့်​မည်။ ငါ့​ထံ​မှ​လွှဲ၍ မ​သွား​ရ​ဟု ငါ​ပြန်​ပြော​၏။
20အို ဣ​သ​ရေ​လ​အ​မျိုး၊ မ​ယား​သည် မိ​မိ​ခင်​ပွန်း၌ သ​စ္စာ​ဖျက်​သ​ကဲ့​သို့၊ အ​ကယ်​စင်​စစ် သင်​တို့​သည် ငါ၌​သ​စ္စာ​ဖျက်​ကြ​ပြီ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ 21ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် မြင့်​သော​အ​ရပ်​တို့၌ ငို​ကြွေး၍ တောင်း​ပန်​သော​အ​သံ​ကို ငါ​ကြား​ရ​ပြီ။ အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် လမ်း​လွှဲ၍၊ မိ​မိ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို မေ့​လျော့​ကြ​ပြီ။ 22အို ဖောက်​ပြန်​သော​သူ​ငယ်၊ သင်​တို့​ပြန်​လာ​ကြ​လော့။ ဖောက်​ပြန်​ရာ​များ​ကို ငါ​ပြု​ပြင်​မည်။ သူ​တို့​က​လည်း၊ အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်​ထံ​သို့ လာ​ကြ​ပါ၏။ ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ၏။ 23အ​ကယ်​စင်​စစ် ကုန်း​များ​နှင့် တောင်​ရိုး​များ​တို့​သည် အ​ချည်း​နှီး​သက်​သက်​ဖြစ်​ကြ၏။ အ​ကယ်​စင်​စစ် အ​ကျွန်ုပ်​တို့​၏ ဘုရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို ကယ်​တင်​ရာ​အ​ကြောင်း​ဖြစ်​တော်​မူ​၏။ 24ရှက်​ဖွယ်​သော​အ​ရာ​သည် အ​ကျွန်ုပ်​တို့၏ ဘိုး​ဘေး​ဥ​စ္စာ​တည်း​ဟူ​သော သူ​တို့ သိုး​နွား၊ သား​သ​မီး​များ​ကို အ​ကျွန်ုပ်​တို့ ငယ်​သော​အ​ရွယ်​က​ပင် စား၍​ကုန်​ပါ​ပြီ။ 25အ​ကျွန်ုပ်​တို့​သည် ရှက်​ကြောက်​လျက် အိပ်​ရ​ကြ၏။ အ​သ​ရေ​ပျက်​ခြင်း၌ နစ်​မွန်း​ကြ၏။ အ​ကြောင်း​မူ​ကား၊ အ​ကျွန်ုပ်​တို့​သည် ငယ်​သော​အ​ရွယ်​မှ​စ၍ ယ​ခု​တိုင်​အောင် ဘိုး​ဘေး​နှင့်​တ​ကွ အ​ကျွန်ုပ်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​ကို နား​မ​ထောင်။ အ​ကျွန်ုပ်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​ပါ​ပြီ​ဟု ဆို​ကြ​၏။

လက်ရှိရွေးချယ်ထားမှု

ယေရမိ 3: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။