YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိ 27

27
ကြိုးနှင့်ထမ်းပိုးသင်ခန်းစာ
1ယု​ဒ​ရှင်​ဘု​ရင် ယော​ရှိ​သား​ဇေ​ဒ​ကိ​မင်း နန်း​ထိုင်​စ​က၊ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ယေ​ရ​မိ​သို့​ရောက်​လာ၍၊#၄​ရာ၊ ၂၄:၁၈-၂၀။ ၆​ရာ၊ ၃၆:၁၁-၁၃။ 2ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​မိန့်​တော်​မူ​သည်​ကား၊ ကြိုး​နှင့်ထမ်း​ပိုး​များ​ကို​လုပ်၍၊ သင်၏​လည်​ပင်း၌​တပ်​လော့။ 3ယု​ဒ​ရှင်​ဘု​ရင်​ဇေ​ဒ​ကိ​ထံ၊ ယေ​ရု​ရှ​လင်​မြို့​သို့​ရောက်​လာ​သော သံ​တ​မန်​တို့​တွင်၊ ထို​ကြိုး​နှင့် ထမ်း​ပိုး​တို့​ကို ဧ​ဒုံ​မင်း၊ မော​ဘ​မင်း၊ အ​မ္မုန်​မင်း၊ တု​ရု​မင်း၊ ဇိ​ဒုန်​မင်း​သို့​ပေး​လိုက်​လော့။ 4ထို​သံ​တ​မန်​တို့​အား​လည်း၊ သင်​တို့​သည် သင်​တို့​အ​ရှင်​များ​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ 5ငါ​သည် မ​ဟာ​တန်​ခိုး​နှင့် လက်​ရုံး​ကို​ဆန့်​လျက် မြေ​ကြီး​ကို​လည်း​ကောင်း၊ မြေ​ကြီး​ပေါ်​မှာ​ရှိ​သော လူ​နှင့် တိ​ရ​စ္ဆာန်​တို့​ကို​လည်း​ကောင်း ဖန်​ဆင်း​သည်​ဖြစ်၍၊ ငါ​သည် ပေး​လို​သော​သူ​တို့​အား​ပေး၏။ 6ယ​ခု​မှာ ဤ​ပြည်​ရှိ​သ​မျှ​တို့​ကို ငါ့​ကျွန်​ဗာ​ဗု​လုန်​ရှင်​ဘု​ရင်၊ နေ​ဗု​ခဒ်​နေ​ဇာ​လက်​သို့ ငါ​အပ်​ပေး​ပြီ။ သူ​စေ​စား​ဖို့​ရာ တော​တိ​ရ​စ္ဆာန်​များ​ကို​လည်း ငါ​ပေး​ပြီ။ 7သူ၏​နိုင်​ငံ​ဆုံး​ချိန် မ​ရောက်​မီ​တိုင်​အောင်၊ ဤ​ပြည်​သား​အ​ပေါင်း​တို့​သည် သူ၏​အ​မှု​နှင့် သူ၏​သား​မြေး​အ​မှု​ကို ဆောင်​ရွက်​ရ​ကြ​မည်။ ထို​အ​ချိန်​ရောက်​မှ၊ များ​စွာ​သော လူ​မျိုး​တို့​နှင့် ကြီး​သော​ရှင်​ဘု​ရင်​တို့​သည် သူ့​ကို စေ​စား​ကြ​လိမ့်​မည်။ 8ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ၏​အ​စေ​ကို​မ​ခံ၊ သူ၏​ထမ်း​ပိုး​ကို မ​ထမ်း​လို​သော တိုင်း​နိုင်​ငံ​ရှိ​သ​မျှ​ကို၊ သူ၏​လက်၌​ဆုံး​ရှုံး​စေ​ခြင်း​ငှာ၊ ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး၊ ကာ​လ​နာ​ဘေး​ဖြင့် ငါ​အ​ပြစ်​ပေး​မည်။ 9သို့​ဖြစ်၍၊ သင်​တို့​သည် ဗာ​ဗု​လုန်​ရှင်​ဘု​ရင်၏ အ​စေ​ကို မ​ခံ​ရ​ဟု၊ သင်​တို့​အား ပြော​တတ်​သော ပ​ရော​ဖက်၊ အ​နာ​ဂတ်​ဆ​ရာ၊ အိပ်​မက်​မြင်​သော​ဆ​ရာ၊ နတ်​ဝိ​ဇ္ဇာ​ဆ​ရာ၊ ပြု​စား​တတ်​သော​ဆ​ရာ​တို့၏ စ​ကား​ကို​နား​မ​ထောင်​ကြ​နှင့်။ 10ထို​သူ​တို့​သည် သင်​တို့​ကို သင်​တို့​ပြည်​မှ အ​ဝေး​သို့​ရွှေ့​သွား​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့​ကို ငါ​နှင်​ထုတ်၍ ဆုံး​ရှုံး​စေ​ခြင်း​ငှာ​လည်း​ကောင်း မု​သား​စ​ကား​ကို ဟော​ပြော​တတ်​ကြ၏။ 11ဗာ​ဗု​လုန်​ရှင်​ဘု​ရင်၏ ထမ်း​ပိုး​ကို​ထမ်း၍၊ သူ၏​အ​စေ​ကို​ခံ​သော လူ​မျိုး​တို့​အား၊ မိ​မိ​တို့​ပြည်၌​နေ​ရ​သော အ​ခွင့်​ကို​ငါ​ပေး​သ​ဖြင့်၊ သူ​တို့​သည် မိ​မိ​တို့​မြေ၌​လုပ်၍ နေ​ရ​ကြ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။
12ထို​စ​ကား​တော်​ရှိ​သ​မျှ​ကို ငါ​ပြန်၍ ယု​ဒ​ရှင်​ဘု​ရင်​ဇေ​ဒ​ကိ​အား လျှောက်​ဆို​သည်​ကား၊ ဗာ​ဗု​လုန် ရှင်​ဘု​ရင်၏​ထမ်း​ပိုး​ကို​ထမ်း၍၊ သူ​နှင့် သူ၏​လူ​များ​အ​စေ​ကို​ခံ​လျက်၊ အ​သက်​ချမ်း​သာ​ပါ​လော့။ 13ဗာ​ဗု​လုန်​ရှင်​ဘု​ရင်၏ အ​စေ​ကို​မ​ခံ​သော​လူ​မျိုး​ကို ထာ​ဝ​ရ​ဘု​ရား​ရည်​မှတ်၍ မိန့်​တော်​မူ​သည်​အ​တိုင်း၊ ကိုယ်​တော်​နှင့် ကိုယ်​တော်၏ လူ​တို့​သည် ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး၊ ကာ​လ​နာ​ဘေး​ဖြင့် အ​ဘယ်​ကြောင့် သေ​ရ​ပါ​မည်​နည်း။ 14သင်​တို့​သည် ဗာ​ဗု​လုန် ရှင်​ဘု​ရင်၏​အ​စေ​ကို မ​ခံ​ရ​ဟု၊ သင်​တို့​အား​ဟော​ပြော​သော ပ​ရော​ဖက်​တို့၏​စ​ကား​ကို နား​မ​ထောင်​ကြ​နှင့်။ သူ​တို့​သည် မု​သား​စ​ကား​ကို ဟော​ပြော​တတ်​ကြ၏။ 15ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​နှင့် သင်​တို့​အား ဟော​ပြော​သော ပ​ရော​ဖက်​တို့​ကို ငါ​နှင်​ထုတ်၍ ဆုံး​ရှုံး​စေ​ခြင်း​ငှာ၊ ငါ​မ​စေ​လွှတ်​ဘဲ သူ​တို့​သည် ငါ့​နာ​မ​ကို အ​မှီ​ပြု၍ မု​သား​စ​ကား​ကို ဟော​ပြော​တတ်​ကြ၏။
16ယဇ်​ပု​ရော​ဟိတ်​တို့​နှင့် လူ​အ​ပေါင်း​တို့​အား​လည်း၊ ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ငါ​ပြန်​ပြော​သည်​ကား၊ ကာ​လ​မ​ကြာ​မ​မြင့်​မီ၊ ဗိ​မာန်​တော်​တန်​ဆာ​တို့​ကို ဗာ​ဗု​လုန်​မြို့​မှ တစ်​ဖန်​ဆောင်​ခဲ့​လိမ့်​မည်​ဟု သင်​တို့​အား ဟော​ပြော​သော ပ​ရော​ဖက်​တို့၏​စ​ကား​ကို နား​မ​ထောင်​ကြ​နှင့်။ သူ​တို့​သည် မု​သား​စ​ကား​ကို ဟော​ပြော​တတ်​ကြ၏။ 17သူ​တို့၏​စ​ကား​ကို နား​မ​ထောင်​ကြ​နှင့်။ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်၏​အ​စေ​ကို​ခံ၍၊ အ​သက်​ချမ်း​သာ​ကြ​လော့။ ဤ​မြို့​သည် အ​ဘယ်​ကြောင့် ပျက်​စီး​ခြင်း​သို့ ရောက်​ရ​မည်​နည်း။ 18သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​ဗျာ​ဒိတ်​တော်​ကို​ခံ၍၊ ပ​ရော​ဖက်​မှန်​လျှင်၊ ဗိ​မာန်​တော်၌​လည်း​ကောင်း၊ နန်း​တော်၌​လည်း​ကောင်း၊ ယေ​ရု​ရှ​လင်​မြို့၌​လည်း​ကောင်း ကျန်​ကြွင်း​သေး​သော တန်​ဆာ​တို့​ကို ဗာ​ဗု​လုန်​မြို့​သို့ ယူ၍​မ​သွား​ရ​မည်​အ​ကြောင်း၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​အား တောင်း​ပန်​ကြ​လော့။ 19-21ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​သည် ယု​ဒ​ရှင်​ဘု​ရင်​ယော​ယ​ကိမ်​သား ယေ​ခေါ​နိ​အ​စ​ရှိ​သော ယု​ဒ​ပြည် ယေ​ရု​ရှ​လင်​မြို့ မှူး​တော်​မတ်​တော် အ​ပေါင်း​တို့​ကို၊ ယေ​ရု​ရှ​လင်​မြို့​မှ ဗာ​ဗု​လုန်​မြို့​သို့ သိမ်း​သွား​သော​အ​ခါ၊ ထို​ရှင်​ဘု​ရင်​သည် မ​သိမ်း​မ​ယူ၊ ဗိ​မာန်​တော်၌​လည်း​ကောင်း၊ နန်း​တော်၌​လည်း​ကောင်း၊ ယေ​ရု​ရှ​လင်​မြို့၌​လည်း​ကောင်း ကျန်​ကြွင်း​သေး​သော​တိုင်၊ ရေ​ကန်၊ ရေ​ကန်​အ​ခြေ​အ​မြစ်​များ၊ ကျန်​ကြွင်း​သေး​သော​တန်​ဆာ​များ​တို့​ကို​ရည်​မှတ်၍၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ 22ထို​တန်​ဆာ​တို့​ကို ဗာ​ဗု​လုန်​မြို့​သို့ ယူ​သွား​ရ​လိမ့်​မည်။ ငါ​အ​ကြည့်​အ​ရှု မ​ကြွ​လာ​မီ​တိုင်​အောင်၊ ထို​မြို့၌ ရှိ​နေ​ရ​ကြ​လိမ့်​မည်။ ငါ​ကြွ​လာ​သော​အ​ခါ၊ ထို​တန်​ဆာ​တို့​ကို ငါ​ဆောင်​ခဲ့၍၊ ဤ​အ​ရပ်၌ ပြန်​ထား​မည်​ဟု မိန့်​တော်​မူ၏။

လက်ရှိရွေးချယ်ထားမှု

ယေရမိ 27: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ