YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိ 25

25
အ​နှစ်​ခု​နစ်​ဆယ်
1ယု​ဒ​ရှင်​ဘု​ရင် ယော​ရှိ​မင်း​ကြီး​သား​ယော​ယ​ကိမ် နန်း​စံ စ​တု​တ္ထ​နှစ်၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ နန်း​စံ ပ​ထ​မ​နှစ်​တွင်၊ ယု​ဒ​ပြည်​သား​အ​ပေါင်း​တို့​ကို ရည်​မှတ်၍၊ ယေ​ရ​မိ​သို့ ရောက်​လာ​သော နှုတ်​က​ပတ်​တော်​ကို၊#၄ ရာ၊ ၂၄:၁။ ၆​ရာ၊ ၃၆:၅-၇။ ဒံ၊ ၁:၁-၂။ 2ယု​ဒ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား အ​ပေါင်း​တို့​အား၊ ယေ​ရ​မိ ဆင့်​ဆို​ဟော​ပြော​ရ​သည်​ကား၊ 3ယု​ဒ​ရှင်​ဘု​ရင် အာ​မုန်​သား ယော​ရှိ နန်း​စံ​ဆယ်​သုံး​နှစ်​မှ​စ၍ ယ​ခု​တိုင်​အောင်၊ အ​နှစ်​နှစ်​ဆယ်​သုံး​နှစ်​ပတ်​လုံး ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ​သည်​အ​တိုင်း၊ ငါ​သည် စော​စော​ထ၍ အ​မိန့်​တော်​ကို အ​ထပ်​ထပ်​ဆင့်​ဆို​သော်​လည်း၊ သင်​တို့​သည် နား​မ​ထောင်​ဘဲ​နေ​ကြ၏။ 4ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ စော​စော​ထ၍ မိ​မိ​ကျွန် ပ​ရော​ဖက်​အ​ပေါင်း​တို့​ကို၊ သင်​တို့​ရှိ​ရာ​သို့ အ​ထပ်​ထပ် စေ​လွှတ်​တော်​မူ​သော်​လည်း၊ သင်​တို့​သည် နား​မ​ထောင်​ကြ။ အ​မိန့်​တော်​ကို ကြား​ခြင်း​ငှာ နား​ကို​မ​လှည့်​ဘဲ နေ​ကြ၏။ 5ထို​ပ​ရော​ဖက်​တို့​က၊ သင်​တို့​အ​သီး​အ​သီး​လိုက်​သော​လမ်း​ဆိုး​နှင့် အ​ကျင့်​ဆိုး​များ​ကို ပယ်​ရှား၍၊ သင်​တို့​နှင့် ဘိုး​ဘေး​တို့​အား ထာ​ဝ​ရ​ဘု​ရား​သည် အ​မြဲ​ပေး​တော်​မူ​သော​ပြည်၌ နေ​ကြ​လော့။ 6အ​ခြား​တစ်​ပါး​သော ဘု​ရား​နောက်​သို့​လိုက်၍ ဝတ်​မ​ပြု၊ မ​ကိုး​ကွယ်​ကြ​နှင့်။ ကိုယ်​လက်​နှင့်​လုပ်​သော အ​ရာ​များ​အား​ဖြင့်၊ ငါ၏​အ​မျက်​ကို မ​ထွက်​စေ​ကြ​နှင့်။ ငါ​သည်​လည်း၊ သင်​တို့​ကို မ​ညှဉ်း​ဆဲ​ဟု ဆင့်​ဆို​ကြ၏။ 7ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ထို​သို့ ဆင့်​ဆို​ကြ​သော်​လည်း၊ သင်​တို့​သည် ကိုယ်၌​အ​ကျိုး​နည်း ဖြစ်​စေ​ခြင်း​ငှာ၊ ကိုယ်​လက်​နှင့်​လုပ်​သော အ​ရာ​များ​အား​ဖြင့်၊ ငါ၏​အ​မျက်​ကို ထွက်​စေ​သော​အ​ခွင့် ရှိ​မည်​အ​ကြောင်း၊ ငါ့​စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ​ကြ​ပြီ။ 8ထို​ကြောင့်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​သည် ငါ့​စ​ကား​ကို နား​မ​ထောင်​သော​ကြောင့်၊ 9ဤ​ပြည်​နှင့် ပြည်​သား​များ​ကို​လည်း​ကောင်း၊ ပတ်​ဝန်း​ကျင်၌​ရှိ​သော လူ​အ​မျိုး​မျိုး​တို့​ကို​လည်း​ကောင်း စစ်​တိုက်​စေ​ခြင်း​ငှာ၊ ငါ၏​ကျွန် ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​အ​စ​ရှိ​သော မြောက်​ပြည်​သား အ​မျိုး​မျိုး​အ​ပေါင်း​တို့​ကို ငါ​မှာ​လိုက်၍ ဆောင်​ခဲ့​ပြီး​လျှင်၊ ရှင်း​ရှင်း​ဖျက်​ဆီး၍၊ ဤ​ပြည်​သား​တို့​ကို အံ့​ဩ​ဖွယ်​ရာ၊ ကဲ့​ရဲ့​သံ​ကို​ကြား​ရာ၊ အ​စဉ်​အ​မြဲ လူ​ဆိတ်​ညံ​ရာ ဖြစ်​စေ​မည်။ 10ဤ​သူ​တို့​တွင် ဝမ်း​မြောက်​သော​အ​သံ၊ ရွှင်​လန်း​သော​အ​သံ၊ မင်္ဂ​လာ​ဆောင်​သ​တို့​သား၏​အ​သံ၊ သ​တို့​သ​မီး၏​အ​သံ၊ ကြိတ်​ဆုံ​သံ​နှင့် မီး​ခွက်​အ​လင်း​ကို ငါ​ကွယ်​ပျောက်​စေ​မည်။#ယေ၊ ၇:၃၄။ ၁၆:၉။ ဗျာ၊ ၁၈:၂၂-၂၃။ 11ဤ​ပြည်​တစ်​လျှောက်​လုံး​သည် လူ​ဆိတ်​ညံ​ရာ၊ အံ့​ဩ​ဖွယ်​ရာ​ဖြစ်​လိမ့်​မည်။ ဤ​လူ​မျိုး​တို့​သည် အ​နှစ်​ခု​နစ်​ဆယ်​ပတ်​လုံး ဗာ​ဗု​လုန်​ရှင်​ဘု​ရင်၏​အ​မှု​ကို ဆောင်​ရွက်​ရ​ကြ​လိမ့်​မည်။ #၆ ရာ၊ ၃၆:၂၁။ ယေ၊ ၂၉:၁၀။ ဒံ၊ ၉:၂။ 12ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အ​နှစ်​ခု​နစ်​ဆယ်​စေ့​သော​အ​ခါ၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​နှင့် သူ၏​နိုင်​ငံ​တည်း​ဟူ​သော ခါ​လ​ဒဲ​တိုင်း​နိုင်​ငံ၏ အ​ပြစ်​ကြောင့်၊ ငါ​သည် သူ​တို့​ကို​ဒဏ်​ပေး၍၊ ထို​နိုင်​ငံ​ကို အ​စဉ်​အ​မြဲ လူ​ဆိတ်​ညံ​ရာ​အ​ရပ် ဖြစ်​စေ​မည်။ 13ငါ​ခြိမ်း​သော စ​ကား​များ​တည်း​ဟူ​သော ယေ​ရ​မိ​သည် ခပ်​သိမ်း​သော တိုင်း​နိုင်​ငံ​တို့​တစ်​ဖက်၌ ဟော​ပြော၍၊ ဤ​စာ၌​ရေး​ထား​သော စ​ကား​ရှိ​သ​မျှ​တို့​ကို ခါ​လ​ဒဲ​တိုင်း​နိုင်​ငံ​အ​ပေါ်​မှာ ငါ​သက်​ရောက်​စေ​မည်။ 14များ​စွာ​သော​လူ​မျိုး​တို့​နှင့် ကြီး​သော​ရှင်​ဘု​ရင်​တို့​သည် ခါ​လ​ဒဲ​ပြည်​သား​တို့​ကို စေ​စား​ကြ​လိမ့်​မည်။ သူ​တို့​ကျင့်​သော​အ​ကျင့်၊ သူ​တို့​ကိုယ်​တိုင်​ပြု​သော အ​မှု​နှင့်​အ​လျောက်၊ အ​ကျိုး​အ​ပြစ်​ကို ငါ​ဆပ်​ပေး​မည်။
ထာ၀​ရ​ဘု​ရား၏​အ​မျက်​တော်​ဖ​လား
15ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ အ​မျက်​တော်​စ​ပျစ်​ရည်​ဖ​လား​ကို ငါ့​လက်​မှ ခံ​ယူ​လော့။ ငါ​သည် သင့်​ကို​စေ​လွှတ်​သော လူ​မျိုး​အ​ပေါင်း​တို့​ကို​သောက်​စေ​လော့။ 16သူ​တို့​အ​လယ်​သို့ ငါ​စေ​လွှတ်​သော​ဓား​ကြောင့် သူ​တို့​သည်​သောက်၍ ယစ်​မူး​တိမ်း​ယိမ်း​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်​ဟု ငါ့​အား မိန့်​တော်​မူ​သည်​အ​တိုင်း၊ 17ငါ​သည် ထာ​ဝ​ရ​ဘု​ရား၏​လက်​တော်​မှ ထို​ဖ​လား​ကို​ခံ​ယူ၍၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို စေ​လွှတ်​တော်​မူ​သော လူ​မျိုး​အ​ပေါင်း​တို့​ကို သောက်​စေ၏။ 18ထို​လူ​မျိုး​များ​ဟူ​မူ​ကား၊ ယ​နေ့​ရှိ​သည်​အ​တိုင်း လူ​ဆိတ်​ညံ​ရာ၊ အံ့​ဩ​ဖွယ်​ရာ၊ ကဲ့​ရဲ့​သံ​ကို​ကြား​ရာ၊ ကျိန်​ဆဲ​ရာ ဖြစ်​စေ​ခြင်း​ငှာ၊ သောက်​ရ​သော ယေ​ရု​ရှ​လင်​မြို့​သူ၊ ယု​ဒ​ပြည်​သား၊ ယု​ဒ​ရှင်​ဘု​ရင်​များ၊ မှူး​မတ်​များ၊ 19အဲ​ဂု​တ္တု​ပြည်​ကို​အ​စိုး​ရ​သော ဖာ​ရော​ဘု​ရင်​အ​စ​ရှိ​သော​သူ၏ ကျွန်၊ မှူး​မတ်၊ ပြည်​သူ​ပြည်​သား၊ သူ​တို့​နှင့်​ရော​နှော​သော တစ်​ပါး​အ​မျိုး​သား​ရှိ​သ​မျှ၊ 20ဥ​ဇ​မင်း​အ​ပေါင်း၊ ဖိ​လိ​တ္တိ​မင်း​အ​ပေါင်း၊ အာ​ရှ​ကေ​လုန်​ပြည်​သား၊ ဂါ​ဇ​ပြည်​သား၊ ဧ​ကြုန်​ပြည်​သား၊ ကျန်​ကြွင်း​သော အာ​ဇုတ်​ပြည်​သား၊ 21ဧ​ဒုံ​ပြည်​သား၊ မော​ဘ​ပြည်​သား၊ အ​မ္မုန်​ပြည်​သား၊ 22တု​ရု​မင်း​အ​ပေါင်း၊ ဇိ​ဒုန်​မင်း​အ​ပေါင်း၊ ပင်​လယ်​တစ်​ဖက်၌ အ​စိုး​ရ​သော​မင်း​များ၊ 23ဒေ​ဓန်​ပြည်​သား၊ တေ​မ​ပြည်​သား၊ ဗု​ဇ​ပြည်​သား၊ ပါး​မုန်း​ကို​ရိတ်​တတ်​သော​ပြည်​သား​ရှိ​သ​မျှ၊ 24အာ​ရပ်​မင်း​အ​ပေါင်း၊ တော၌​နေ၍ အ​မျိုး​မ​စစ်​သော​လူ​များ​ကို အ​စိုး​ရ​သော​မင်း​အ​ပေါင်း၊ 25ဇိ​မ​ရိ​မင်း​အ​ပေါင်း၊ ဧ​လံ​မင်း​အ​ပေါင်း၊ မေ​ဒိ​မင်း​အ​ပေါင်း၊ 26တစ်​ပါး​နှင့်​တစ်​ပါး နီး​သည်​ဖြစ်​စေ၊ ဝေး​သည်​ဖြစ်​စေ၊ မြောက်​ပြည်​မင်း​ရှိ​သ​မျှ​တို့​နှင့်၊ မြေ​ကြီး​တစ်​ပြင်​လုံး၌ ရှိ​သ​မျှ​သော လော​ကီ​နိုင်​ငံ​အ​ပေါင်း​ပါ​ကြ​သ​တည်း။ နောက်​ဆုံး၌ ရှေ​ရှက်​ရှင်​ဘု​ရင် သောက်​ရ​မည်။ 27သင်​တို့​အ​လယ်​သို့ ငါ​စေ​လွှတ်​သော​ဓား​ကြောင့် သောက်၍​ယစ်​မူး​ကြ။ အော့​အန်​ကြ၊ လဲ​ကြ၊ နောက်​တစ်​ဖန် မ​ထ​ကြ​နှင့်​ဟု ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​ကြောင်း​ကို သူ​တို့​အား ဆင့်​ဆို​လော့။ 28သူ​တို့​သည် သောက်​ခြင်း​ငှာ ထို​ဖ​လား​ကို သင်၏​လက်​မှ​မ​ခံ၊ ငြင်း​ပယ်​လျှင်​လည်း၊ စင်​စစ်​သောက်​ရ​ကြ​မည်​ဟု၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ကြောင်း​ကို သူ​တို့​အား ပြန်​ပြော​လော့။ 29အ​ကြောင်း​မူ​ကား၊ ငါ၏​နာ​မ​ဖြင့် သ​မုတ်​သော​မြို့​ကို ငါ​သည် အ​ပြစ်​ပေး​စ​ပြု​လျှင်၊ သင်​တို့​သည် ဒဏ်​အ​လျှင်း​မ​ခံ​ဘဲ နေ​ရ​ကြ​မည်​လော။ ဒဏ်​မ​ခံ​ဘဲ မ​နေ​ရ​ကြ။ ငါ​သည် မြေ​ကြီး​သား​ရှိ​သ​မျှ​တို့​အ​ဖို့ ဓား​ကို​မှာ​လိုက်​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။
30ထို​ကြောင့်၊ သင်​သည် ပ​ရော​ဖက်​ပြု​လျက် သူ​တို့​အား ဟော​ပြော​ရ​သော​စ​ကား​များ ဟူ​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် မြင့်​သော​အ​ရပ်​က ကြွေး​ကြော်​တော်​မူ​မည်။ သန့်​ရှင်း​သော ဘုံ​ဗိ​မာန်​တော်​က အ​သံ​ကို လွှင့်​တော်​မူ​မည်။ ကျိန်း​ဝပ်​တော်​မူ​ရာ အ​ရပ်​ဌာ​န တစ်​ဖက်၌ ပြင်း​စွာ ကြွေး​ကြော်​တော်​မူ​မည်။ စ​ပျစ်​သီး​ကို နင်း​နယ်​သော​သူ​များ အော်​ဟစ်​သ​ကဲ့​သို့၊ မြေ​ကြီး​သား​များ တစ်​ဖက်၌ အော်​ဟစ်​တော်​မူ​မည်။ 31မြေ​ကြီး​စွန်း​တိုင်​အောင် အ​သံ​နှံ့​ပြား​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် လူ​အ​မျိုး​မျိုး​တို့​နှင့် တ​ရား​တွေ့​စ​ရာ အ​ကြောင်း​ရှိ၍၊ ခပ်​သိမ်း​သော သ​တ္တ​ဝါ​တို့​ကို အ​မှု​လုပ်​တော်​မူ​မည်။ ဆိုး​သော​သူ​တို့​ကို ဓား​နှင့်​ကွပ်​မျက်​စေ​ခြင်း​ငှာ အပ်​တော်​မူ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။
32ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဘေး​သည် တစ်​ပြည်​မှ​တစ်​ပြည်​သို့ ကူး​သွား​လိမ့်​မည်။ မြေ​ကြီး​အ​စွန်း​အ​နား​တို့​မှ ပြင်း​စွာ​သော လေ​ပွေ​သည် ထ​လိမ့်​မည်။ 33ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား ကွပ်​မျက်​တော်​မူ​ခြင်း​ကို ခံ​ရ​သော​သူ​တို့​သည် မြေ​ကြီး​တစ်​ဖက်​မှ တစ်​ဖက်​တိုင်​အောင် နှံ့​ပြား​ကြ​လိမ့်​မည်။ သူ​တို့​ကို မ​မြည်​တမ်း​ရ။ မ​စု​မ​ပုံ​ရ။ မ​သင်္ဂြိုဟ်​ရ။ မြေ​ပေါ်​မှာ မ​စင်​ကဲ့​သို့ ဖြစ်​ကြ​လိမ့်​မည်။ 34အို သိုး​ထိန်း​တို့၊ ငို​ကြွေး အော်​ဟစ်​ကြ​လော့။ အို သိုး​ကြီး​သိုး​မြတ်​တို့၊ ပြာ၌​လူး​လည်း​လျက် နေ​ကြ​လော့။ သင်​တို့​ကို သတ်​ရ​သော​အ​ချိန် ရောက်​လေ​ပြီ။ အ​ရပ်​ရပ်​သို့ ငါ​မောင်း​သ​ဖြင့်၊ သင်​တို့​သည် အ​ဖိုး​ထိုက်​သော တန်​ဆာ​ကျ​သ​ကဲ့​သို့ ဖြစ်​ရ​ကြ​လိမ့်​မည်။ 35သိုး​ထိန်း​တို့​သည် ပြေး​စ​ရာ​လမ်း​မ​ရှိ။ သိုး​ကြီး​သိုး​မြတ်​တို့​သည် လွတ်​ရာ​လမ်း​ကို ရှာ၍ မ​တွေ့​ရ​ကြ။ 36သိုး​ထိန်း​များ ငို​ကြွေး​သံ​နှင့် သိုး​ကြီး​သိုး​မြတ်​များ မြည်​သံ​ကို ကြား​ရ၏။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကျက်​စား​ရာ​အ​ရပ်​ကို ဖျက်​ဆီး​တော်​မူ၏။ 37ထာ​ဝ​ရ​ဘု​ရား​သည် ပြင်း​စွာ​အ​မျက်​ထွက်​တော်​မူ​သော​အား​ဖြင့် ငြိမ်​ဝပ်​စွာ နေ​ရာ​အ​ရပ်​တို့​သည်​လည်း ပယ်​ရှင်း​ဖျက်​ဆီး​ခြင်း​ကို ခံ​ရ​ကြ၏။ 38ခြင်္သေ့​ဘာ​သာ​ဓ​လေ့၊ နေ​တော်​မူ​ရာ​ခြုံ​ကို စွန့်​ထွက်​တော်​မူ​ပြီ။ ညှဉ်း​ဆဲ​သော​သူ၏​ပြင်း​ထန်​ခြင်း၊ ပြင်း​စွာ အ​မျက်​ထွက်​ခြင်း​အား​ဖြင့်၊ သူ​တို့​ပြည်​သည် လူ​ဆိတ်​ညံ​ရာ​အ​ရပ် ဖြစ်​ရ၏။

လက်ရှိရွေးချယ်ထားမှု

ယေရမိ 25: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ