YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိ 23:16-20

ယေရမိ 23:16-20 JBMLE

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ပ​ရော​ဖက်​ပြု၍ သင်​တို့​အား ဟော​တတ်​သော​ဆ​ရာ​တို့၏​စ​ကား​ကို နား​မ​ထောင်​ကြ​နှင့်။ သူ​တို့​သည် သင်​တို့​အား အ​ချည်း​နှီး​ဟော​တတ်​ကြ၏။ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​တော်​ထွက်​သို့​မ​လိုက်၊ ကိုယ်​အ​လို​အ​လျောက် ရူ​ပါ​ရုံ​ကို​မြင်​သည်​အ​တိုင်း ဟော​ပြော​တတ်​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​ကို မ​ထီ​မဲ့​မြင်​ပြု​သော သူ​တို့​အား၊ သင်​တို့​သည် ငြိမ်​ဝပ်​ခြင်း​ရှိ​ကြ​လိမ့်​မည်​ဟု ဟော​တတ်​ကြ၏။ မိ​မိ​တို့​စိတ်​နှ​လုံး ခိုင်​မာ​ခြင်း​သ​ဘော​သို့ လိုက်​သော​သူ​တို့​အား၊ သင်​တို့​သည် ဘေး​ဥ​ပဒ်​နှင့် မ​တွေ့​ရ​ကြ​ဟု ဟော​တတ်​ကြ၏။ ထို​သူ​တို့​တွင် အ​ဘယ်​သူ​သည် ထာ​ဝ​ရ​ဘု​ရား​နှင့် တိုင်​ပင်​ဘက်​ပြု​သ​နည်း။ အ​ဘယ်​သူ​သည် အ​မှု​တော်​ကို ကြား​မြင်​သ​နည်း။ အ​ဘယ်​သူ​သည် နှုတ်​က​ပတ်​တော်​ကို နား​ထောင်၍ ကြား​သ​နည်း။ ထာ​ဝ​ရ​ဘု​ရား၏ လေ​ပွေ​တော်​သည် ပူ​သော​အ​ရှိန်​နှင့် ထွက်၏။ ပြင်း​စွာ​သော လေ​ပွေ​ဖြစ်၍၊ မ​တ​ရား​သော သူ​တို့​ခေါင်း​ပေါ်​မှာ ပြင်း​စွာ​တိုက်​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် လက်​စ​သတ်၍၊ အ​ကြံ​အ​စည်​တော်​ကို ပြည့်​စုံ​စေ​တော်​မ​မူ​မီ အ​မျက်​တော်​မ​ငြိမ်း​ရ။ နောက်​ကာ​လ၌ သင်​တို့​သည် ရှင်း​လင်း​စွာ နား​လည်​ကြ​လိမ့်​မည်။