YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိ 23:1-8

ယေရမိ 23:1-8 JBMLE

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ့​ထံ​မှာ ကျက်​စား​သော​သိုး​တို့​ကို ဖျက်​ဆီး၍၊ အ​ရပ်​ရပ်​သို့ ကွဲ​ပြား​စေ​သော သိုး​ထိန်း​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ ထို​ကြောင့်၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ၏​လူ​တို့​ကို ကျွေး​မွေး​ရ​သော သိုး​ထိန်း​တို့​အ​မှု​မှာ သင်​တို့​သည် ငါ၏​သိုး​စု​ကို​မ​ကြည့်​ရှု၊ မ​ပြု​စု၊ အ​ရပ်​ရပ်​သို့ ကွဲ​ပြား​စေ၍ နှင်​ထုတ်​သော​ကြောင့်၊ သင်​တို့​ပြု​သော ဒု​စ​ရိုက်​အ​ပြစ်​ကို သင်​တို့​အ​ပေါ်​မှာ ငါ​သက်​ရောက်​စေ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ ငါ၏​သိုး​စု​ကို ငါ​နှင်​ထုတ်​သော ပြည်​ရှိ​သ​မျှ​တို့၌ ကျန်​ကြွင်း​သော​သိုး​တို့​ကို ငါ​စု​ဝေး၍၊ နေ​ရင်း​သိုး​ခြံ​သို့ တစ်​ဖန် ငါ​ဆောင်​ခဲ့​ဦး​မည်။ သူ​တို့​သည်​လည်း၊ သား​ဖွား၍ များ​ပြား​ကြ​လိမ့်​မည်။ သူ​တို့​ကို ကျွေး​မွေး​သော​သိုး​ထိန်း​တို့​ကို သူ​တို့​အ​ပေါ်​မှာ ငါ​ခန့်​ထား​သ​ဖြင့်၊ သူ​တို့​သည် နောက်​တစ်​ဖန် ကြောက်​ခြင်း၊ ထိတ်​လန့်​ခြင်း မ​ရှိ​ရ​ကြ။ ဆုံး​မ​ခြင်း​ကို​လည်း​မ​ခံ​ရ​ကြ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သန့်​ရှင်း​သော​အ​ညွန့်​ကို ဒါ​ဝိဒ်​အ​ဖို့ ငါ​ပေါက်​စေ​သည်​အ​တိုင်း၊ ဉာဏ်​ကောင်း​သော ရှင်​ဘု​ရင်​တစ်​ဦး​သည် စိုး​စံ၍၊ မြေ​ကြီး​ပေါ်​မှာ တ​ရား​သ​ဖြင့် ဖြောင့်​မတ်​စွာ စီ​ရင်​ရာ​ကာ​လ​သည် ရောက်​လိမ့်​မည်။ ထို​မင်း​လက်​ထက်၌ ယု​ဒ​ပြည်​သည် ကယ်​တင်​ခြင်း​သို့​ရောက်၍၊ ဣ​သ​ရေ​လ​ပြည်​လည်း ငြိမ်​ဝပ်​စွာ နေ​ရ​လိမ့်​မည်။ ထို​မင်း​သည် ယေ​ဟော​ဝါ​ဇေ​ဒ​က​နု ဟူ​သော ဘွဲ့​နာ​မ​ရှိ​လိမ့်​သ​တည်း။ သို့​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​သော ထာ​ဝ​ရ​ဘု​ရား အ​သက်​ရှင်​တော်​မူ​သည်​ဟူ၍ မ​ကျိန်​ဆို​ဘဲ၊ ဣ​သ​ရေ​လ​အ​မျိုး​သား အ​စဉ်​အ​ဆက်​တို့​ကို မြောက်​ပြည်​မှ​စ၍၊ နှင်​ထုတ်​ဖူး​သော ပြည်​ရှိ​သ​မျှ​တို့​မှ ပို့​ဆောင်​သော ထာ​ဝ​ရ​ဘု​ရား အ​သက်​ရှင်​တော်​မူ​သည်​ဟူ၍ ကျိန်​ဆို​ရ​သော​ကာ​လ​သည် နောက်​တစ်​ဖန် ရောက်​လိမ့်​မည်။ သူ​တို့​သည် နေ​ရင်း​ပြည်၌ တစ်​ဖန် နေ​ရ​ကြ​လိမ့်​မည်။