YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိ 23:1-24

ယေရမိ 23:1-24 JBMLE

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ့​ထံ​မှာ ကျက်​စား​သော​သိုး​တို့​ကို ဖျက်​ဆီး၍၊ အ​ရပ်​ရပ်​သို့ ကွဲ​ပြား​စေ​သော သိုး​ထိန်း​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ ထို​ကြောင့်၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ၏​လူ​တို့​ကို ကျွေး​မွေး​ရ​သော သိုး​ထိန်း​တို့​အ​မှု​မှာ သင်​တို့​သည် ငါ၏​သိုး​စု​ကို​မ​ကြည့်​ရှု၊ မ​ပြု​စု၊ အ​ရပ်​ရပ်​သို့ ကွဲ​ပြား​စေ၍ နှင်​ထုတ်​သော​ကြောင့်၊ သင်​တို့​ပြု​သော ဒု​စ​ရိုက်​အ​ပြစ်​ကို သင်​တို့​အ​ပေါ်​မှာ ငါ​သက်​ရောက်​စေ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ ငါ၏​သိုး​စု​ကို ငါ​နှင်​ထုတ်​သော ပြည်​ရှိ​သ​မျှ​တို့၌ ကျန်​ကြွင်း​သော​သိုး​တို့​ကို ငါ​စု​ဝေး၍၊ နေ​ရင်း​သိုး​ခြံ​သို့ တစ်​ဖန် ငါ​ဆောင်​ခဲ့​ဦး​မည်။ သူ​တို့​သည်​လည်း၊ သား​ဖွား၍ များ​ပြား​ကြ​လိမ့်​မည်။ သူ​တို့​ကို ကျွေး​မွေး​သော​သိုး​ထိန်း​တို့​ကို သူ​တို့​အ​ပေါ်​မှာ ငါ​ခန့်​ထား​သ​ဖြင့်၊ သူ​တို့​သည် နောက်​တစ်​ဖန် ကြောက်​ခြင်း၊ ထိတ်​လန့်​ခြင်း မ​ရှိ​ရ​ကြ။ ဆုံး​မ​ခြင်း​ကို​လည်း​မ​ခံ​ရ​ကြ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သန့်​ရှင်း​သော​အ​ညွန့်​ကို ဒါ​ဝိဒ်​အ​ဖို့ ငါ​ပေါက်​စေ​သည်​အ​တိုင်း၊ ဉာဏ်​ကောင်း​သော ရှင်​ဘု​ရင်​တစ်​ဦး​သည် စိုး​စံ၍၊ မြေ​ကြီး​ပေါ်​မှာ တ​ရား​သ​ဖြင့် ဖြောင့်​မတ်​စွာ စီ​ရင်​ရာ​ကာ​လ​သည် ရောက်​လိမ့်​မည်။ ထို​မင်း​လက်​ထက်၌ ယု​ဒ​ပြည်​သည် ကယ်​တင်​ခြင်း​သို့​ရောက်၍၊ ဣ​သ​ရေ​လ​ပြည်​လည်း ငြိမ်​ဝပ်​စွာ နေ​ရ​လိမ့်​မည်။ ထို​မင်း​သည် ယေ​ဟော​ဝါ​ဇေ​ဒ​က​နု ဟူ​သော ဘွဲ့​နာ​မ​ရှိ​လိမ့်​သ​တည်း။ သို့​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​သော ထာ​ဝ​ရ​ဘု​ရား အ​သက်​ရှင်​တော်​မူ​သည်​ဟူ၍ မ​ကျိန်​ဆို​ဘဲ၊ ဣ​သ​ရေ​လ​အ​မျိုး​သား အ​စဉ်​အ​ဆက်​တို့​ကို မြောက်​ပြည်​မှ​စ၍၊ နှင်​ထုတ်​ဖူး​သော ပြည်​ရှိ​သ​မျှ​တို့​မှ ပို့​ဆောင်​သော ထာ​ဝ​ရ​ဘု​ရား အ​သက်​ရှင်​တော်​မူ​သည်​ဟူ၍ ကျိန်​ဆို​ရ​သော​ကာ​လ​သည် နောက်​တစ်​ဖန် ရောက်​လိမ့်​မည်။ သူ​တို့​သည် နေ​ရင်း​ပြည်၌ တစ်​ဖန် နေ​ရ​ကြ​လိမ့်​မည်။ ပ​ရော​ဖက်​များ​နှင့် ဆိုင်​သော စ​ကား​ဟူ​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​ကြောင့်​လည်း​ကောင်း၊ သန့်​ရှင်း​သော စ​ကား​တော်​ကြောင့်​လည်း​ကောင်း ငါ့​စိတ်​ပျက်​လျက်​ရှိ၏။ ငါ့​အ​ရိုး​ရှိ​သ​မျှ​တို့​သည် လှုပ်​ရှား​ကြ၏။ ယစ်​မူး​သော​သူ​နှင့် စ​ပျစ်​ရည်​နိုင်​သော​သူ​ကဲ့​သို့ ငါ​ဖြစ်၏။ အ​ကြောင်း​မူ​ကား၊ မ​တ​ရား​သော​မေ​ထုန်၌ မှီ​ဝဲ​သော​သူ​တို့​သည် တစ်​ပြည်​လုံး၌ အ​နှံ့​အ​ပြား​ရှိ​ကြ၏။ ထို​သူ​တို့​ကြောင့် တစ်​ပြည်​လုံး မြည်​တမ်း​ရ၏။ တော၌ ကျက်​စား​ရာ​အ​ရပ်​တို့​သည် သွေ့​ခြောက်​ကြ၏။ ပြည်​သား​များ​လိုက်​သော​လမ်း​သည် မ​ဖြောင့်၊ သူ​တို့​အ​စွမ်း​သ​တ္တိ​သည် တ​ရား​ဘက်၌ မ​နေ​တတ်။ ပ​ရော​ဖက်​နှင့် ယဇ်​ပု​ရော​ဟိတ်​နှစ်​ပါး​တို့​သည် ဘု​ရား​ကို မ​ရို​မ​သေ​ပြု​ကြ​ပြီ။ ငါ့​အိမ်၌​ပင် သူ​တို့​ပြု​သော အ​ဓ​မ္မ​အ​မှု​ကို ငါ​တွေ့​ပြီ​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။ ထို​ကြောင့်၊ သူ​တို့​သွား​သော​လမ်း​သည် မှောင်​မိုက်၌ ချော​တတ်​သော လမ်း​ကဲ့​သို့​ဖြစ်၍၊ သူ​တို့​သည် တွန်း​တိုး​ခြင်း​ကို ခံ​ရ၍ လဲ​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ဆုံး​မ​ခြင်း​ကို ခံ​ရ​သော​ကာ​လ၌ သူ​တို့​အ​ပေါ်​မှာ ဘေး​ဥ​ပဒ်​ကို သင့်​ရောက်​စေ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ ရှ​မာ​ရိ​ပြည်​သား ပ​ရော​ဖက်​တို့၌​လည်း၊ မိုက်​သော​သ​ဘော​ကို ငါ​မြင်​ပြီ။ သူ​တို့​သည် ဗာ​လ​ဘု​ရား​ကို မှီ​ဝဲ၍ ပ​ရော​ဖက်​ပြု​သ​ဖြင့်၊ ငါ၏​လူ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို မှား​ယွင်း​စေ​ကြ​ပြီ။ ယေ​ရု​ရှ​လင်​မြို့​သား ပ​ရော​ဖက်​တို့၌​လည်း၊ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော သ​ဘော​ကို ငါ​မြင်​ပြီ။ သူ​တို့​သည် မ​တ​ရား​သော မေ​ထုန်၌​မှီ​ဝဲ​လျက်၊ မု​သား​ကို​လည်း​သုံး​လျက်၊ အ​ဓ​မ္မ​ပြု​သော​သူ​တို့​ကို အား​ပေး​တတ်​သ​ဖြင့်၊ အ​ဘယ်​သူ​မျှ​မိ​မိ​ပြု​သော အ​ဓ​မ္မ​အ​မှု​ကို မ​စွန့်။ ထို​သူ ရှိ​သ​မျှ​တို့​သည် ငါ၌ သော​ဒုံ​မြို့​သား​ကဲ့​သို့​လည်း​ကောင်း၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​သည် ဂေါ​မော​ရ​မြို့​သား​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ၏။ ထို​ကြောင့်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် ပ​ရော​ဖက်​တို့​အ​မှု၌ မိန့်​တော်​မူ​သည်​ကား၊ သူ​တို့​ကို ဒေါ​န​နှင့် ငါ​ကျွေး​မည်။ ဆေး​ခါး​ကို​လည်း သောက်​စေ​မည်။ ယေ​ရု​ရှ​လင်​မြို့​သား​ပ​ရော​ဖက်​တို့​သည် မူ​လ​အ​မြစ်​ဖြစ်၍၊ အ​ဓ​မ္မ​အ​မှု​သည် တစ်​ပြည်​လုံး​ကို နှံ့​ပြား​လေ​ပြီ။ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ပ​ရော​ဖက်​ပြု၍ သင်​တို့​အား ဟော​တတ်​သော​ဆ​ရာ​တို့၏​စ​ကား​ကို နား​မ​ထောင်​ကြ​နှင့်။ သူ​တို့​သည် သင်​တို့​အား အ​ချည်း​နှီး​ဟော​တတ်​ကြ၏။ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​တော်​ထွက်​သို့​မ​လိုက်၊ ကိုယ်​အ​လို​အ​လျောက် ရူ​ပါ​ရုံ​ကို​မြင်​သည်​အ​တိုင်း ဟော​ပြော​တတ်​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​ကို မ​ထီ​မဲ့​မြင်​ပြု​သော သူ​တို့​အား၊ သင်​တို့​သည် ငြိမ်​ဝပ်​ခြင်း​ရှိ​ကြ​လိမ့်​မည်​ဟု ဟော​တတ်​ကြ၏။ မိ​မိ​တို့​စိတ်​နှ​လုံး ခိုင်​မာ​ခြင်း​သ​ဘော​သို့ လိုက်​သော​သူ​တို့​အား၊ သင်​တို့​သည် ဘေး​ဥ​ပဒ်​နှင့် မ​တွေ့​ရ​ကြ​ဟု ဟော​တတ်​ကြ၏။ ထို​သူ​တို့​တွင် အ​ဘယ်​သူ​သည် ထာ​ဝ​ရ​ဘု​ရား​နှင့် တိုင်​ပင်​ဘက်​ပြု​သ​နည်း။ အ​ဘယ်​သူ​သည် အ​မှု​တော်​ကို ကြား​မြင်​သ​နည်း။ အ​ဘယ်​သူ​သည် နှုတ်​က​ပတ်​တော်​ကို နား​ထောင်၍ ကြား​သ​နည်း။ ထာ​ဝ​ရ​ဘု​ရား၏ လေ​ပွေ​တော်​သည် ပူ​သော​အ​ရှိန်​နှင့် ထွက်၏။ ပြင်း​စွာ​သော လေ​ပွေ​ဖြစ်၍၊ မ​တ​ရား​သော သူ​တို့​ခေါင်း​ပေါ်​မှာ ပြင်း​စွာ​တိုက်​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် လက်​စ​သတ်၍၊ အ​ကြံ​အ​စည်​တော်​ကို ပြည့်​စုံ​စေ​တော်​မ​မူ​မီ အ​မျက်​တော်​မ​ငြိမ်း​ရ။ နောက်​ကာ​လ၌ သင်​တို့​သည် ရှင်း​လင်း​စွာ နား​လည်​ကြ​လိမ့်​မည်။ ငါ​မ​စေ​လွှတ်​ဘဲ ထို​ပ​ရော​ဖက်​တို့​သည် ပြေး​ကြ​ပြီ။ ငါ​မ​မှာ​ထား​ဘဲ သူ​တို့​သည် ကိုယ်​အ​လို​အ​လျောက် ဟော​ပြော​ကြ​ပြီ။ ထို​သူ​တို့​သည် ငါ​နှင့် တိုင်​ပင်​ဘက်​ပြု​လျှင်၊ ငါ့​စ​ကား​ကို ငါ၏​လူ​မျိုး​အား​ဆင့်​ဆို၍၊ ငါ၏​လူ​မျိုး​ကို မ​တ​ရား​သော​လမ်း​မှ​လည်း​ကောင်း၊ မ​ကောင်း​သော အ​ကျင့်​ဓ​လေ့​မှ​လည်း​ကောင်း လွဲ​သွား​စေ​ကြ​ပြီ။ ငါ​သည် နီး​သော​အ​ရပ်၌​သာ ဘု​ရား​ဖြစ်​သ​လော။ ဝေး​သော​အ​ရပ်၌​လည်း ဘု​ရား​ဖြစ်​သည်​မ​ဟုတ်​လော​ဟု ထာ​ဝ​ရ​ဘု​ရား မေး​တော်​မူ၏။ ငါ​မ​မြင်​စေ​ခြင်း​ငှာ အ​ဘယ်​သူ​သည် မ​ထင်​ရှား​သော​အ​ရပ်၌ ပုန်း​ရှောင်၍ နေ​နိုင်​သ​နည်း​ဟု ထာ​ဝ​ရ​ဘု​ရား​မေး​တော်​မူ၏။ ငါ​သည် ကောင်း​ကင်​မြေ​ကြီး​ကို နှံ့​ပြား​သည် မ​ဟုတ်​လော​ဟု ထာ​ဝ​ရ​ဘု​ရား မေး​တော်​မူ၏။