YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေရမိ 15:10-21

ယေရမိ 15:10-21 JBMLE

အို မိ​ခင်၊ ငါ၌ အ​မင်္ဂ​လာ​ရှိ၏။ မိ​ခင်​သည် တစ်​ပြည်​လုံး​ရန်​တွေ့​သော​သူ၊ ငြင်း​ဆန်​သော​သူ​ဖြစ်​သော ငါ့​ကို ဖွား​မြင်​ပါ​ပြီ။ ငါ​သည် သူ​တစ်​ပါး​ကို အ​တိုး​နှင့် မ​ချေး။ သူ​တစ်​ပါး​သည်​လည်း ငါ့​ကို​အ​တိုး​နှင့်​မ​ချေး။ သို့​သော်​လည်း၊ လူ​ခပ်​သိမ်း​တို့​သည် ငါ့​ကို ကျိန်​ဆဲ​တတ်​ကြ၏။ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အ​ကယ်​စင်​စစ် သင့်​ကို ငါ​ချမ်း​သာ​ပေး​မည်။ အ​မှု​ရောက်​သော​ကာ​လ၊ ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ရ​သော ကာ​လ၌၊ ရန်​သူ​သည် သင့်​ထံ​မှာ​တောင်း​ပန်​မည်​အ​ကြောင်း၊ အ​ကယ်​စင်​စစ် ငါ​စီ​ရင်​မည်။ သံ​ချင်း​တိုက်​သော​အ​ခါ မြောက်​ပြည်​သံ​ကို​လည်း​ကောင်း၊ သံ​မ​ဏိ​ကို​လည်း​ကောင်း ချိုး​နိုင်​သ​လော။ သင်၏​ပြည် တစ်​လျှောက်​လုံး၌ သင်​ပြု​သော​အ​ပြစ်​များ​ကြောင့်၊ သင်၏​ဥ​စ္စာ​ဘ​ဏ္ဍာ​ကို အ​ဖိုး​မ​ခံ​ဘဲ လု​ယူ​သော သူ​တို့​လက်​သို့ ငါ​ပေး​မည်။ သင်​မ​သိ​သော​ပြည်​သို့ ရန်​သူ​နှင့်​အ​တူ သင့်​ကို​ငါ​သွား​စေ​မည်။ သင်​တို့​ကို လောင်​သော​မီး​သည် ငါ့​အ​မျက်​အား​ဖြင့် ရှို့​လျက်​ရှိ၏။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် သိ​တော်​မူ၏။ အ​ကျွန်ုပ်​ကို​အောက်​မေ့​လျက် အ​ကြည့်​အ​ရှု​ကြွ​လာ၍၊ အ​ကျွန်ုပ်​ကို ညှဉ်း​ဆဲ​သော​သူ​တို့​ကို တ​ရား​သ​ဖြင့် ပေး​တော်​မူ​ပါ။ သူ​တို့​ကို​သည်း​ခံ၍၊ အ​ကျွန်ုပ်​ကို သုတ်​သင်​ပယ်​ရှင်း​တော် မ​မူ​ပါ​နှင့်။ အ​ကျွန်ုပ်​သည် ကိုယ်​တော်​အ​တွက် ကဲ့​ရဲ့​ခြင်း​ခံ​ရ​ကြောင်း​ကို အောက်​မေ့​တော်​မူ​ပါ။ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​တွေ့​သော နှုတ်​က​ပတ်​တော်​စ​ကား​ကို ခံ​ယူ​ပါ​ပြီ။ နှုတ်​က​ပတ်​တော်​သည် အ​ကျွန်ုပ် ဝမ်း​မြောက်​ရွှင်​လန်း​စ​ရာ​အ​ကြောင်း ဖြစ်​ပါ၏။ နာ​မ​တော်​ဖြင့် အ​ကျွန်ုပ်​ကို ခေါ်​ဝေါ်​ပါ၏။ ပွဲ​ခံ​သော​သူ အ​စည်း​အ​ဝေး၌ အ​ကျွန်ုပ်​မ​ထိုင်​ပါ။ ပျော်​ရွှင်​ခြင်း​အ​မှု​ကို မ​ပြု​ပါ။ လက်​တင်​တော်​မူ​သော​ကြောင့်၊ တစ်​ယောက်​တည်း ထိုင်​ပါ​ပြီ။ အ​ကျွန်ုပ်​ကို ဒေါ​သ​အ​မျက်​နှင့် ပြည့်​စေ​တော်​မူ​ပြီ။ အ​ကျွန်ုပ်​ခံ​ရ​သော​ဝေ​ဒ​နာ​သည် အ​ဘယ်​ကြောင့် မြဲ​ပါ​သ​နည်း။ မ​ပျောက်​လို၊ မ​ပျောက်​နိုင်​သော​အ​နာ​ကို အ​ဘယ်​ကြောင့် ခံ​ရ​ပါ​သ​နည်း။ အ​ကယ်​စင်​စစ် ကိုယ်​တော်​သည်​ပျောက်​တတ်၍၊ လှည့်​စား​သော​ရေ​ကဲ့​သို့ အ​ကျွန်ုပ်၌ ဖြစ်​တော်​မူ​ပါ​ပြီ​တ​ကား။ ထို​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​သည်​ပြန်​လာ​လျှင်၊ သင့်​ကို​ငါ​ဆောင်​ခဲ့၍၊ သင်​သည် ငါ၏​အ​မှု​ကို ထမ်း​ရ​လိမ့်​မည်။ သင်​သည် မြတ်​သော​အ​ရာ​နှင့် ယုတ်​သော​အ​ရာ​တို့​ကို ပိုင်း​ခြား​ခွဲ​ထား​လျှင်၊ ငါ့​နှုတ်​ကဲ့​သို့ ဖြစ်​ရ​လိမ့်​မည်။ သူ​တို့​သည် သင့်​ထံ​သို့ ပြန်​လာ​ကြ​လိမ့်​မည်။ သင်​သည် သူ​တို့​ရှိ​ရာ​သို့ ပြန်၍​မ​သွား​ရ။ ငါ​သည်​လည်း သင့်​ကို ဤ​လူ​မျိုး​တစ်​ဖက်၌ ခိုင်​ခံ့​သော​ကြေး​ဝါ​မြို့​ရိုး ဖြစ်​စေ​မည်။ သူ​တို့​သည် သင့်​ကို​တိုက်၍ မ​နိုင်​ရ​ကြ။ ငါ​သည် သင့်​ကို နုတ်​ယူ​ကယ်​တင်​ခြင်း​ငှာ သင့်​ဘက်၌​နေ​မည်။ လူ​ဆိုး​လက်​မှ သင့်​ကို​ငါ​နုတ်၍၊ ကြောက်​မက်​ဖွယ်​သော သူ​တို့​လက်​မှ ရွေး​ယူ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။