YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားသူကြီး 6:37-40

တရားသူကြီး 6:37-40 JBMLE

အ​ကျွန်ုပ်​သည် သိုး​တစ်​ကောင်၏​အ​မွေး​ကို တ​လင်း၌ ထား​ပါ​မည်။ သိုး​မွေး​သည် နှင်း​စို၍၊ မြေ​တစ်​ပြင်​လုံး သွေ့​ခြောက်​လျှင်၊ မိန့်​တော်​မူ​သည်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး​ကို အ​ကျွန်ုပ်​အား​ဖြင့် ကယ်​တင်​တော်​မူ​မည်​ကို အ​ကျွန်ုပ်​သိ​ပါ​မည်​ဟု တောင်း​လျှောက်​သည်​အ​တိုင်း ဖြစ်​လေ၏။ နံ​နက်​စော​စော​ထ၍ သိုး​မွေး​ကို​ညှစ်​သ​ဖြင့် နှင်း​ရည်​သည် အင်​တုံ​အ​ပြည့် ရှိ​လေ၏။ တစ်​ဖန် ဂိ​ဒေါင်​က၊ အ​မျက်​ထွက်​တော်​မ​မူ​ပါ​နှင့်။ တစ်​ကြိမ်​သာ​လျှောက်​ပါ​ဦး​မည်။ သိုး​တစ်​ကောင်၏​အ​မွေး​နှင့် ယ​ခု​တစ်​ကြိမ်​သာ စုံ​စမ်း​ရ​သော အ​ခွင့်​ကို ပေး​တော်​မူ​ပါ။ မြေ​တစ်​ပြင်​လုံး​သည် နှင်း​စို၍ သိုး​မွေး​သွေ့​ခြောက်​ပါ​စေ​ဟု ဘု​ရား​သ​ခင်​အား တောင်း​လျှောက်​သည်​အ​တိုင်း၊ ထို​ည၌​လည်း ဘု​ရား​သ​ခင်​ပြု​တော်​မူ​သ​ဖြင့်၊ မြေ​တစ်​ပြင်​လုံး​သည် နှင်း​စို၍ သိုး​မွေး​သွေ့​ခြောက်​လျက်​ရှိ၏။