YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားသူကြီး 6:1-6

တရားသူကြီး 6:1-6 JBMLE

တစ်​ဖန် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု​သော​ကြောင့်၊ သူ​တို့​ကို မိ​ဒျန်​အ​မျိုး​လက်၌ ခု​နစ်​နှစ်​ပတ်​လုံး​အပ်​တော်​မူ​သ​ဖြင့်၊ မိ​ဒျန်​အ​မျိုး​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို နိုင်၍ ညှဉ်း​ဆဲ​သော​ကြောင့်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် တောင်​ရိုး၌ ခိုင်​ခံ့​သော ဥ​မင်​မြေ​တွင်း​တို့​ကို လုပ်​ရ​ကြ၏။ ဣ​သ​ရေ​လ​အ​မျိုး​သည် လယ်​လုပ်​ပြီး​မှ၊ မိ​ဒျန်​ပြည်​သား​နှင့် အာ​မ​လက်​ပြည်​သား အ​စ​ရှိ​သော အ​ရှေ့​ပြည်​သား​တို့​သည် ချီ​လာ၍၊ တပ်​ချ​သ​ဖြင့်၊ ဂါ​ဇ​မြို့​တိုင်​အောင် မြေ​အ​သီး​အ​နှံ​ကို သုတ်​သင်​ပယ်​ရှင်း​လျက် စား​စ​ရာ​ကို ချန်၍​မ​ထား။ သိုး​နွား​မြည်း​ကို​လည်း ချန်၍​မ​ထား​ကြ။ အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ သူ​တို့​သည် တိ​ရ​စ္ဆာန်​များ၊ တဲ​များ​ပါ​လျက်၊ ကျိုင်း​ကောင်​များ​ပြား​သ​ကဲ့​သို့၊ သူ​တို့​နှင့် ကု​လား​အုတ်​တို့​သည် မ​ရေ​တွက်​နိုင်​အောင် များ​ပြား​သ​ဖြင့် ဣ​သ​ရေ​လ​ပြည်​ကို ဖျက်​ဆီး​လျက် လာ​ကြ၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မိ​ဒျန်​အ​မျိုး​သား​တို့​ကြောင့် အ​လွန်​ဆင်း​ရဲ၍ ထာ​ဝ​ရ​ဘု​ရား​အား ဟစ်​ကြော်​ကြ၏။