YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားသူကြီး 19

19
လေ​ဝိ​အ​မျိုး​သား​နှ​င့်​မ​ယား​ငယ်
1ဣ​သ​ရေ​လ​ရှင်​ဘု​ရင် မ​ရှိ​သည်​ကာ​လ၊ ဧ​ဖ​ရိမ်​တောင်​ခါး​ပန်း၌ တည်း​ခို​သော လေ​ဝိ​လူ​တစ်​ယောက်​သည်၊ ယု​ဒ​ခ​ရိုင် ဗက်​လင်​မြို့​သူ မိန်း​မ​တစ်​ယောက်​ကို သိမ်း​ယူ၏။ 2ထို​မိန်း​မ​သည် လင်​ကို​ပြစ်​မှား၍ ဗက်​လင်​မြို့ မိ​မိ​အ​ဘ​အိမ်​သို့​သွား​သ​ဖြင့် လေး​လ​နေ​လေ၏။ 3လင်​သည် သူ့​ကို​ချော့​မော့၍ ဆောင်​ခဲ့​ခြင်း​ငှာ ငယ်​သား​တစ်​ယောက်​နှင့် မြည်း​နှစ်​စီး​ပါ​လျက် ထ​သွား၍ ရောက်​သော​အ​ခါ၊ မ​ယား​ငယ်​သည် မိ​မိ​အ​ဘ​အိမ်​ထဲ​သို့ ခေါ်​သွင်း၍၊ အ​ဘ​သည် သ​မက်​ကို​တွေ့​မြင်​လျှင် ဝမ်း​မြောက်​သော​စိတ်​ရှိ၍ သိမ်း​ဆည်း​လေ၏။ 4ထို​ကြောင့် သ​မက်​သည် စား​သောက်​လျက်၊ အိပ်​လျက်၊ သုံး​ရက်​ပတ်​လုံး ယော​က္ခ​မ​အိမ်၌​နေ၏။ 5စ​တု​တ္တ​နေ့​ရက် နံ​နက်​စော​စော​ထ၍ ထွက်​သွား​အံ့​သော​ငှာ ပြင်​ဆင်​သော​အ​ခါ၊ ယော​က္ခ​မ​က၊ မုန့်​အ​နည်း​ငယ်​ကို​စား၍ အား​ဖြည့်​ပြီး​မှ သွား​ကြ​ပါ​ဟု သ​မက်​အား ဆို​သည်​အ​တိုင်း၊ 6နှစ်​ယောက်​လုံး​ထိုင်၍ စား​သောက်​လျက် နေ​ကြ၏။ ယော​က္ခ​မ​က​လည်း၊ သ​ဘော​ကျ​ပါ​တော့။ ယ​နေ့​ည​ကို​လည်း လွန်​စေ​သ​ဖြင့် ပျော်​မွေ့​လျက်​နေ​ပါ​တော့​ဟု သ​မက်​အား​ဆို​ပြန်၍၊ 7သ​မက်​သည် သွား​အံ့​သော​ငှာ ထ​သော်​လည်း၊ ယော​က္ခ​မ​သွေး​ဆောင်​သ​ဖြင့် သ​မက်​သည် ထို​အ​ရပ်၌ အိပ်​ပြန်​လေ၏။ 8ပ​ဥ္စ​မ​နေ့​ရက် နံ​နက်​စော​စော​သွား​အံ့​သော​ငှာ ထ​သော​အ​ခါ၊ ယော​က္ခ​မ​က၊ အား​ဖြည့်​ပါ​ဦး​တော့​ဟု​ဆို၍ မွန်း​လွဲ​သည်​တိုင်​အောင် နှစ်​ယောက်​လုံး စား​သောက်​လျက်​နေ​ကြ၏။ 9ထို​သူ​သည် မ​ယား​ငယ်​နှင့် ငယ်​သား​ကို​ခေါ်၍ သွား​အံ့​သော​ငှာ ထ​ပြန်​သော​အ​ခါ၊ သူ၏​ယော​က္ခ​မ​ဖြစ်​သော ထို​မိန်း​မ၏​အ​ဘ​က၊ ကြည့်​ပါ၊ မိုး​ချုပ်​လု​ပြီ။ ယ​နေ့​ည​ကို​လည်း လွန်​စေ​ပါ​တော့။ နေ့​အ​ချိန် ကုန်​လု​ပြီ။ ဤ​အ​ရပ်၌ အိပ်၍ ပျော်​မွေ့​လျက်​နေ​ပါ​တော့။ နက်​ဖြန်​နံ​နက် စော​စော​ထ၍ ကိုယ်​နေ​ရာ​အ​ရပ်​သို့ သွား​တော့​ဟု ဆို​သော်​လည်း၊ 10သ​မက်​သည် ထို​ည​ကို​မ​လွန်​စေ​ဘဲ ထ​သွား၍ ကုန်း​နှီး​တင်​သော မြည်း​နှစ်​စီး​နှင့် မ​ယား​ငယ်​လည်း​ပါ​လျက် ယေ​ရု​ရှ​လင်​မြို့​တည်း​ဟူ​သော ယေ​ဗုတ်​မြို့​အ​နီး​သို့ ရောက်​လေ၏။ 11ထို​မြို့​အ​နီး​သို့ ရောက်​သော​အ​ခါ၊ မိုး​ချုပ်​သော​ကြောင့် ငယ်​သား​က၊ နား​ထောင်​ပါ​တော့။ ယေ​ဗု​သိ​လူ​နေ​ရာ ဤ​မြို့​သို့​ဝင်၍ အိပ်​ကြ​ကုန်​အံ့​ဟု သ​ခင်​အား​ဆို​သော်၊ 12သ​ခင်​က၊ ဣ​သ​ရေ​လ​အ​မျိုး​မ​ဟုတ်၊ တစ်​ပါး​အ​မျိုး​သား​နေ​သော မြို့​သို့​မ​ဝင်၊ ဂိ​ဗာ​မြို့​သို့​သွား​ဦး​မည်။ 13ဂိ​ဗာ​မြို့၊ ရာ​မ​မြို့ အ​စ​ရှိ​သော တစ်​စုံ​တစ်​ခု​သော​အ​ရပ်၌ ည​ကို​လွန်​စေ​ခြင်း​ငှာ သွား​ကြ​ကုန်​အံ့​ဟု ငယ်​သား​အား​ဆို​လျက်၊ 14ခ​ရီး​သွား​ပြန်၍ ဗင်္ယာ​မိန်​ခ​ရိုင် ဂိ​ဗာ​မြို့​အ​နီး​သို့ ရောက်​သော​အ​ခါ၊ နေ​ဝင်​လေ၏။ 15ဂိ​ဗာ​မြို့​မှာ ည​ကို​လွန်​စေ​မည်​အ​ကြံ​နှင့် မြို့​ထဲ​သို့​ဝင်၍ အ​ဘယ်​သူ​မျှ ဧည့်​မ​ခံ​သေး​သော​ကြောင့် လမ်း​မှာ​ထိုင်​နေ၏။
16ဂိ​ဗာ​မြို့​သား​တို့​သည် ဗင်္ယာ​မိန်​အ​မျိုး​သား ဖြစ်​ကြ၏။ သို့​ရာ​တွင် တည်း​ခို​သော ဧ​ဖ​ရိမ်​တောင်​သား လူ​အို​တစ်​ယောက်​ရှိ​သည်​ဖြစ်၍၊ ထို​သူ​သည် ညဉ့်​ဦး​ယံ၌ လယ်​လုပ်​ရာ​မှ​လာ​စဉ်၊ 17မျှော်​ကြည့်၍၊ မြို့​လမ်း​မှာ ဧည့်​သည်​တစ်​ယောက်​ရှိ​သည်​ကို မြင်​လျှင်၊ သင်​သည် အ​ဘယ်​အ​ရပ်​သို့ သွား​သ​နည်း၊ အ​ဘယ်​အ​ရပ်​က လာ​သ​နည်း​ဟု မေး​သော်၊ 18ကျွန်ုပ်​တို့​သည် ယု​ဒ​ခ​ရိုင်​ဗက်​လင်​မြို့​မှ ဧ​ဖ​ရိမ်​တောင်​ခါး​ပန်း​သို့ သွား၏။ ကျွန်ုပ်​သည် ဧ​ဖ​ရိမ်​တောင်​သား ဖြစ်၏။ ဗက်​လင်​မြို့​သို့ ခ​ဏ​သွား​ပြီး​မှ ယ​ခု ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​သို့​သွား၏။ အ​ဘယ်​သူ​မျှ ဧည့်​မ​ခံ​သေး။ 19သို့​ရာ​တွင် မြည်း​ဖို့ မြက်​ခြောက်​နှင့် အ​ခြား​ကျွေး​စ​ရာ​ရှိ၏။ ကိုယ်​နှင့် ကိုယ်​တော်​ကျွန်​မ လိုက်​လာ​သော ငယ်​သား​ဖို့ မုန့်​နှင့်​စ​ပျစ်​ရည်​ရှိ၏။ တစ်​စုံ​တစ်​ခု​မျှ မ​လို​ပါ​ဟု ပြော​ဆို၏။ 20လူ​အို​က​လည်း၊ သင်၌ ချမ်း​သာ​ရှိ​ပါ​စေ​သော။ သင်​လို​သ​မျှ​သည် ငါ့​တာ​ရှိ​စေ​တော့။ လမ်း​မှာ​ည​ကို မ​လွန်​စေ​နှင့်​ဟု​ဆို​လျက်၊ 21မိ​မိ​အိမ်​သို့ ခေါ်​သွင်း၍ မြည်း​တို့​ကို​ကျွေး​လေ၏။ သူ​တို့​သည် ခြေ​ကို​ဆေး၍ စား​သောက်​ကြ၏။
22ထို​သို့ ပျော်​မွေ့​လျက်​နေ​ကြ​သော​အ​ခါ၊ ထို​မြို့​သား အ​ဓ​မ္မ​လူ​အ​ချို့​တို့​သည် အိမ်​ကို​ဝိုင်း၍ တံ​ခါး​ကို​ရိုက်​ကြ၏။ အိမ်​ရှင် လူ​အို​ကို​လည်း​ခေါ်၍၊ သင့်​အိမ်​သို့ ဝင်​သော​ယောက်ျား​နှင့် ငါ​တို့​သည် ဆက်​ဆံ​လို​သည်​ဖြစ်၍၊ ထုတ်​ခဲ့​လော့​ဟု ဆို​ကြ၏။ 23အိမ်​ရှင်​သည်​လည်း ထွက်၍၊ ညီ​အစ်​ကို​တို့၊ ဆိုး​သော​အ​မှု​ကို မ​ပြု​ပါ​နှင့်။ ဤ​သူ​သည် အ​ကျွန်ုပ်​အိမ်၌ တည်း​ခို​သော​သူ​ဖြစ်၍ အ​ဓ​မ္မ​မ​ပြု​ကြ​ပါ​နှင့်။ 24အ​ကျွန်ုပ်၌ သ​မီး​က​ညာ​ရှိ​ပါ၏။ သူ၏ မ​ယား​ငယ်​လည်း​ရှိ​ပါ၏။ သူ​တို့​ကို ထုတ်၍​ပေး​ပါ​မည်။ သူ​တို့​ကို ရှုတ်​ချ​ကြ​ပါ။ အ​လို​ရှိ​သည်​အ​တိုင်း ပြု​ကြ​ပါ။ ဤ​ယောက်ျား၌ ဤ​မျှ​လောက်​ဆိုး​သော​အ​မှု​ကို မ​ပြု​ပါ​နှင့်​ဟု တောင်း​ပန်​သော်​လည်း၊#က၊ ၁၉:၅-၈။ 25သူ​တို့​သည် နား​မ​ထောင်​သော​ကြောင့်၊ လေ​ဝိ​လူ​သည် မိ​မိ​မ​ယား​ငယ်​ကို ထုတ်၍​အပ်​သ​ဖြင့်၊ သူ​တို့​သည် တစ်​ည​လုံး​အ​ဓ​မ္မ​ပြု၍ နံ​နက်​တိုင်​အောင်​ရှုတ်​ချ​ပြီး​မှ အ​ရုဏ်​တက်​မှ လွှတ်​လိုက်​ကြ၏။ 26အာ​ရုဏ်​တက်​သော​အ​ခါ၊ မိန်း​မ​သည်​လာ၍ မိ​မိ​သ​ခင်​နေ​ရာ အိမ်​တံ​ခါး​ရှေ့​မှာ မိုး​လင်း​သည်​တိုင်​အောင် လဲ​နေ၏။ 27နံ​နက်​အ​ချိန်​ရောက်​မှ သူ၏​သ​ခင်​သည်​ထ၍ အိမ်​တံ​ခါး​ကို ဖွင့်​သ​ဖြင့်၊ ခ​ရီး​သွား​အံ့​သော​ငှာ ထွက်​သော​အ​ခါ၊ မ​ယား​ငယ်​သည် အိမ်​တံ​ခါး​ရှေ့​မှာ​လဲ၍ တံ​ခါး​ခုံ​ကို​လက်​တင်​လျက်​ရှိ​သည် မြင်​သော်၊ 28ထ​လော့။ သွား​ကြ​ကုန်​အံ့​ဟု ဆို​သော်​လည်း သူ​သည် ပြန်​မ​ပြော​ဘဲ​နေ၏။ ထို​အ​ခါ ယောက်ျား​သည် သူ့​ကို​မြည်း​ပေါ်​မှာ တင်​သ​ဖြင့် မိ​မိ​နေ​ရာ​သို့ သွား​လေ၏။ 29မိ​မိ​အိမ်​သို့ ရောက်​သော​အ​ခါ ဓား​ကို​ယူ၍ မ​ယား​ငယ်​အ​ကောင်​ကို အ​ရိုး​နှင့်​တ​ကွ ဆယ်​နှစ်​ပိုင်း​ပိုင်း၍ ဣ​သ​ရေ​လ​ပြည်​တစ်​လျှောက်​လုံး​သို့ ပေး​လိုက်​လေ၏။#၁​ရာ၊ ၁၁:၇။ 30သိ​မြင်​သော​သူ အ​ပေါင်း​တို့​က၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အဲ​ဂု​တ္တု​ပြည်​က ထွက်​သော​နေ့​မှ​စ၍ ယ​နေ့​တိုင်​အောင် ဤ​ကဲ့​သို့​သော​အ​မှု​ကို အ​ဘယ်​သူ​မျှ​မ​ပြု၊ တစ်​ခါ​မျှ မ​ဖြစ်​စ​ဖူး။ ဆင်​ခြင်၍ တိုင်​ပင်​စီ​ရင်​ကြ​လော့​ဟု ပြော​ဆို​ကြ၏။

လက်ရှိရွေးချယ်ထားမှု

တရားသူကြီး 19: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ