YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားသူကြီး 16:4-31

တရားသူကြီး 16:4-31 JBMLE

နောက်​တစ်​ဖန် စော​ရက်​ချိုင့်၌​နေ​သော ဒေ​လိ​လ​အ​မည်​ရှိ​သော မိန်း​မ​တစ်​ယောက်​ကို ချစ်​ပြန်၏။ ဖိ​လိ​တ္တိ​မင်း​တို့​သည် ထို​မိန်း​မ​ဆီ​သို့​လာ၍၊ ရှံ​ဆုန်၌ ကြီး​သော​ခွန်​အား​သည် အ​ဘယ်​အ​ရာ​အား​ဖြင့်​တည်​သ​နည်း၊ သူ့​ကို ချည်​နှောင်၍ နှိပ်​စက်​ခြင်း​ငှာ အ​ဘယ်​သို့ တတ်​နိုင်​မည်​နည်း​ဟု သူ့​ကို​ချော့​မော့၍ စူး​စမ်း​ပါ။ ငါ​တို့​သည် ဝိုင်း၍ ငွေ​ဆယ်​တစ်​ပိဿာ​ကို ပေး​မည်​ဟု ဆို​ကြ၏။ ဒေ​လိ​လ​က​လည်း၊ သင်၌​ကြီး​သော ခွန်​အား​သည် အ​ဘယ်​အ​ရာ​အား​ဖြင့် တည်​သည်​ကို​လည်း​ကောင်း၊ သင့်​ကို နှိပ်​စက်​ခြင်း​ငှာ အ​ဘယ်​သို့ ချည်​နှောင်​ရ​မည်​ကို​လည်း​ကောင်း ပြော​ပါ​ဟု ရှံ​ဆုန်​အား တောင်း​ပန်​သော်၊ ရှံ​ဆုန်​က၊ တစ်​ခါ​မျှ မ​သွေ့​ခြောက်​သော လျှော်​ကြိုး​စိမ်း​ခု​နစ်​စင်း​နှင့် ငါ့​ကို​ချည်​နှောင်​လျှင် ငါ၌​ခွန်​အား​လျော့၍ အ​ခြား​သော​သူ​ကဲ့​သို့ ငါ​ဖြစ်​လိမ့်​မည်​ဟု ပြော​ဆို၏။ ထို​အ​ခါ ဖိ​လိ​တ္တိ​မင်း​တို့​သည် တစ်​ခါ​မျှ မ​သွေ့​ခြောက်​သော လျှော်​ကြိုး​စိမ်း​ခု​နစ်​စင်း​တို့​ကို ယူ​ခဲ့၍၊ ထို​မိန်း​မ​သည် ရှံ​ဆုန်​ကို ချည်​နှောင်​လေ၏။ ယောက်ျား​အ​ချို့​တို့​သည် ထို​မိန်း​မ၏ အိပ်​ခန်း​ထဲ​မှ ချောင်း​မြောင်း​လျက် နေ​သည်​ဖြစ်၍ မိန်း​မ​က၊ ရှံ​ဆုန်၊ ဖိ​လိ​တ္တိ​လူ​တို့​သည် သင့်​ကို တိုက်​လာ​ကြ​သည်​ဟု​ဆို​သော်၊ သူ​သည် မီး​ထိ​သော ပိုက်​ဆန်​ချည်​ကဲ့​သို့ ထို​ကြိုး​တို့​ကို ဖြတ်​လေ၏။ သို့​ဖြစ်၍ သူ၏​ခွန်​အား​ကို မ​သိ​ရ​ကြ။ ဒေ​လိ​လ​က​လည်း၊ သင်​သည် ငါ့​ကို​ကျီ​စား၍ မု​သား​ကို​သာ​ပြော​ပြီ။ သင့်​ကို အ​ဘယ်​သို့ ချည်​နှောင်​ရ​မည်​ကို ယ​ခု​ပြော​ပါ​ဟု ရှံ​ဆုန်​အား တောင်း​ပန်​သော်၊ သူ​က၊ မ​သုံး​ဖူး​သော​ကြိုး​သစ်​နှင့် ကျပ်​ကျပ်​ချည်​နှောင်​လျှင် ငါ၌​ခွန်​အား​လျော့၍ အ​ခြား​သော​သူ​ကဲ့​သို့ ငါ​ဖြစ်​လိမ့်​မည်​ဟု ပြော​ဆို​သည်​အ​တိုင်း၊ ဒေ​လိ​လ​သည် ကြိုး​သစ်​တို့​ကို​ယူ၍ ချည်​နှောင်​ပြီး​မှ၊ ထို​အ​ခန်း၌ ချောင်း​မြောင်း​သော သူ​အ​ချို့ ရှိ​နေ​လျက်၊ ရှံ​ဆုန်၊ ဖိ​လိ​တ္တိ​လူ​တို့​သည် သင့်​ကို တိုက်​လာ​ကြ​သည်​ဟု ဆို​သော်၊ ရှံ​ဆုန်​သည် လက်​ရုံး၌​ချည်​သော ကြိုး​တို့​ကို အပ်​ချည်​ကဲ့​သို့ ဖြတ်​လေ၏။ ဒေ​လိ​လ​က​လည်း၊ ယ​ခု​တိုင်​အောင် သင်​သည် ငါ့​ကို​ကျီ​စား၍ မု​သား​ကို​သာ​ပြော​ပြီ။ အ​ဘယ်​သို့ ချည်​နှောင်​ရ​မည်​ကို ပြော​ပါ​ဟု ရှံ​ဆုန်​အား​တောင်း​ပန်​သော်၊ သူ​က၊ ငါ့​ဆံ​ပင်​ခု​နစ်​စု​တို့​ကို ရက်​ကန်း​သား၌ ရက်​သွင်း၍ ထ​ရံ​တွင် စို့​နှင့်​ရိုက်​ထား​လျှင် ငါ၌​ခွန်​အား​လျော့၍ အ​ခြား​သော​သူ​ကဲ့​သို့ ငါ​ဖြစ်​လိမ့်​မည်​ဟု ပြော​ဆို​သည်​အ​တိုင်း၊ ဒေ​လိ​လ​သည် သူ၏​ဆံ​ပင်​ခု​နစ်​စု​တို့​ကို ရက်​ကန်း​သား၌ ရက်​သွင်း၍ ထ​ရံ​တွင် စို့​နှင့်​ရိုက်​ထား​ပြီး​မှ၊ ရှံ​ဆုန်၊ ဖိ​လိ​တ္တိ​လူ​တို့​သည် သင့်​ကို​တိုက်​လာ​ကြ​သည်​ဟု ဆို​သော်၊ ရှံ​ဆုန်​နိုး၍၊ စို့၊ ရက်​ကန်း​စင်​နှင့် ရက်​ကန်း​သား​ပါ​ဆွဲ​နှုတ် လေ၏။ ဒေ​လိ​လ​က​လည်း၊ သင်​သည် ငါ့​ကို​ချစ်​သည်​ဟု စိတ်​နှ​လုံး​မ​ပါ​ဘဲ​လျက် အ​ဘယ်​သို့ ပြော​နိုင်​သ​နည်း။ သင့်၌ ကြီး​သော​ခွန်​အား​သည် အ​ဘယ်​အ​ရာ​အား​ဖြင့် တည်​သည်​ကို မ​ပြော။ သုံး​ကြိမ်​တိုင်​အောင် ငါ့​ကို​ကျီ​စား​ပြီ​ဟု ဆို၏။ ထို​သို့ ဒေ​လိ​လ​သည် နေ့​တိုင်း​ပူ​ဆာ၍ သူ​အ​သက် သေ​လု​အောင် နှောင့်​ယှက်​သော​ကြောင့်၊ ရှံ​ဆုန်​သည် မိ​မိ​စိတ်​နှ​လုံး၌ ရှိ​သ​မျှ​အ​တိုင်း​ပြော၍၊ ငါ့​ဆံ​ပင်​ကို တစ်​ခါ​မျှ မ​ရိတ်​သေး။ အ​မိ​ဝမ်း​ထဲ​မှ​စ၍ ဘု​ရား​သ​ခင်၏ နာ​ဇ​ရိ​လူ​ဖြစ်၏။ ငါ့​ဆံ​ပင်​ကို​ရိတ်​လျှင် ငါ၌​ခွန်​အား​လျော့၍ အ​ခြား​သော​သူ​ကဲ့​သို့ ငါ​ဖြစ်​လိမ့်​မည်​ဟု ပြော​ဆို၏။ ထို​သို့ မိ​မိ​စိတ်​နှ​လုံး​ထဲ​မှာ ရှိ​သ​မျှ​အ​တိုင်း​ပြော​ကြောင်း​ကို ဒေ​လိ​လ​သိ​လျှင်၊ ဖိ​လိ​တ္တိ​မင်း​တို့​ကို တစ်​ဖန်​ခေါ်၍၊ ယ​ခု​တစ်​ခါ လာ​ကြ​ပါ​ဦး။ သူ​သည် မိ​မိ​စိတ်​နှ​လုံး​ရှိ​သ​မျှ​အ​တိုင်း ပြော​ပြီ​ဟု မှာ​လိုက်​သ​ဖြင့်၊ သူ​တို့​သည် ငွေ​ကို​ဆောင်​ယူ​ခဲ့​လျက် လာ​ကြ၏။ ဒေ​လိ​လ​သည် ရှံ​ဆုန်​ခေါင်း​ကို မိ​မိ​ဒူး​ပေါ်​မှာ​တင်​လျက် သူ​ကို​အိပ်​စေ​သ​ဖြင့်၊ လူ​တစ်​ယောက်​ကို ခေါ်၍ သူ၏​ဆံ​ပင်​ခု​နစ်​စု​တို့​ကို ရိတ်​စေ​ပြီး​မှ၊ သူ​ကို​နှောင့်​ယှက်​စ​ပြု၍ သူ၏​ခွန်​အား​သည် လျော့​ပျောက်၏။ မိန်း​မ​က​လည်း၊ ရှံ​ဆုန်၊ ဖိ​လိ​တ္တိ​လူ​တို့​သည် သင့်​ကို တိုက်​လာ​ကြ​သည်​ဟု ဆို​သော်၊ ရှံ​ဆုန်​နိုး၍ ထာ​ဝ​ရ​ဘု​ရား စွန့်​တော်​မူ​ကြောင်း​ကို မ​ရိပ်​မိ​သော​ကြောင့်၊ အ​ရင်​ကဲ့​သို့ ငါ​ထွက်၍ အား​ထုတ်​မည်​ဟု အ​ကြံ​ရှိ​သော်​လည်း၊ ဖိ​လိ​တ္တိ​လူ​တို့​သည် ဖမ်း​ဆီး၍ သူ့​မျက်​စိ​ကို​ဖောက်​ပြီး​မှ ဂါ​ဇ​မြို့​သို့ ယူ​သွား​ပြီး​လျှင် ကြေး​ဝါ​ကြိုး​နှင့်​ချည်​နှောင်၍ ထောင်​အိမ်၌ ကြိတ်​ဆုံ​နှင့် ကြိတ်​စေ​ကြ၏။ ရှံ​ဆုန် ဆံ​ပင်​ရိတ်​သော​နောက်၊ တစ်​ဖန်​ပေါက်​ပြန်​သော​အ​ခါ၊ ဖိ​လိ​တ္တိ​မင်း​တို့​ကို၊ ငါ​တို့​ဘု​ရား​သည် ငါ​တို့​ရန်​သူ​ကို ငါ​တို့​လက်​သို့ အပ်​တော်​မူ​ပြီ​ဟု​ဆို​လျက်၊ သူ​တို့​ဘု​ရား​ဒါ​ဂုန်​အား ယဇ်​ကြီး​ကို​ပူ​ဇော်၍ ပျော်​မွေ့​ခြင်း​ကို ပြု​အံ့​သော​ငှာ စည်း​ဝေး​ကြ၏။ လူ​များ​တို့​သည် ရှံ​ဆုန်​ကို မြင်​သော​အ​ခါ၊ ငါ​တို့​ဘု​ရား​သည် ငါ​တို့​ပြည်​ကို ဖျက်​ဆီး၍၊ ပြည်​သား​အ​များ​တို့​ကို သတ်​သော ငါ​တို့၏​ရန်​သူ​ကို၊ ငါ​တို့​လက်​သို့ အပ်​တော်​မူ​ပြီ​ဟု မိ​မိ​တို့​ဘု​ရား​ကို ချီး​မွမ်း​ကြ၏။ စိတ်​နှ​လုံး​ရွှင်​လန်း​သော​အ​ခါ၊ ရှံ​ဆုန်​ကို ခေါ်​ခဲ့။ ငါ​တို့​အ​ဖို့ က​စား​ပါ​လေ​စေ​ဟု ဆို​သ​ဖြင့်၊ ရှံ​ဆုန်​ကို ထောင်​အိမ်​မှ​ခေါ်​ခဲ့၍ သူ​သည် က​စား​ရ၏။ သူ​ကို​လည်း ဇ​ရပ်​တိုင်​ကြား​မှာ ထား​ကြ၏။ ရှံ​ဆုန်​က​လည်း၊ ဇ​ရပ်​တိုင်​တို့​ကို ငါ​မှီ၍​နေ​ရ​အောင် လက်​နှင့်​တွေ့​ပါ​ရ​စေ​ဟု လက်​ဆွဲ​သော လူ​က​လေး​ကို အ​ခွင့်​တောင်း၏။ ထို​ဇ​ရပ်၌ ယောက်ျား​မိန်း​မ​တို့​သည် အ​ပြည့်​ရှိ​ကြ၏။ ဖိ​လိ​တ္တိ​မင်း​အ​ပေါင်း​တို့​လည်း ပါ​ကြ၏။ ဇ​ရပ်​မိုး​ပေါ်​မှာ​လည်း သုံး​ထောင်​မျှ​လောက်​သော ယောက်ျား​မိန်း​မ​တို့​သည် ရှံ​ဆုန်​က​စား​သည်​ကို ကြည့်​ရှု​လျက်​ရှိ​ကြ၏။ ရှံ​ဆုန်​က​လည်း၊ အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​ကို အောက်​မေ့​တော်​မူ​ပါ။ အ​ကျွန်ုပ်​မျက်​စိ​နှစ်​ဖက်​ကို ဖောက်​သော ဖိ​လိ​တ္တိ​လူ​တို့၌ တစ်​ပြိုင်​နက်​အ​ပြစ်​ဒဏ် ပေး​နိုင်​မည်​အ​ကြောင်း၊ ယ​ခု​တစ်​ကြိမ်​မျှ​သာ ခွန်​အား​ကို ပြန်​ပေး​တော်​မူ​ပါ​ဘု​ရား​ဟု ထာ​ဝ​ရ​ဘု​ရား​အား ဆု​တောင်း​ပြီး​မှ၊ ဇ​ရပ်​ခေါင်​တိုင်​နှစ်​တိုင်​တို့​ကို လက်​ယာ​လက်၊ လက်​ဝဲ​လက်​နှစ်​ဖက်​နှင့် ကိုင်၍ မှီ​နေ​လျက်၊ အ​ကျွန်ုပ်​သည် ဖိ​လိ​တ္တိ​လူ​တို့​နှင့် အ​တူ​သေ​ပါ​ရ​စေ​ဟု​ဆို​လျက်၊ အား​ထုတ်၍ ကိုယ်​ကို​ညွှတ်​ချ​သ​ဖြင့်၊ ဇ​ရပ်​သည် မင်း​များ၊ လူ​များ​အ​ပေါင်း​တို့​အ​ပေါ်​မှာ လဲ၍ ဖိ​လေ၏။ ထို​သို့ အ​သက်​ရှင်​စဉ်​အ​ခါ သတ်​ခဲ့​သည်​ထက် သေ​စဉ်​အ​ခါ သာ၍​များ​သော​သူ​တို့​ကို သတ်​လေ၏။ သူ့​ညီ​များ၊ အ​ဆွေ​အ​မျိုး​များ အ​ပေါင်း​တို့​သည်​လာ၍ အ​လောင်း​ကောင်​ကို ထမ်း​သွား​ပြီး​လျှင်၊ ဇော​ရာ​မြို့​နှင့် ဧ​ရှ​တော​လ​မြို့​စပ်​ကြား​တွင် အ​ဘ​မာ​နော်၏ သင်္ချိုင်း၌ သင်္ဂြိုဟ်​ကြ၏။ သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို အ​နှစ်​နှစ်​ဆယ်​အုပ်​စိုး​သ​တည်း။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။