YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားသူကြီး 16:4-31

တရားသူကြီး 16:4-31 Judson Bible (JBMLE)

နောက်​တစ်​ဖန် စော​ရက်​ချိုင့်၌​နေ​သော ဒေ​လိ​လ​အ​မည်​ရှိ​သော မိန်း​မ​တစ်​ယောက်​ကို ချစ်​ပြန်၏။ ဖိ​လိ​တ္တိ​မင်း​တို့​သည် ထို​မိန်း​မ​ဆီ​သို့​လာ၍၊ ရှံ​ဆုန်၌ ကြီး​သော​ခွန်​အား​သည် အ​ဘယ်​အ​ရာ​အား​ဖြင့်​တည်​သ​နည်း၊ သူ့​ကို ချည်​နှောင်၍ နှိပ်​စက်​ခြင်း​ငှာ အ​ဘယ်​သို့ တတ်​နိုင်​မည်​နည်း​ဟု သူ့​ကို​ချော့​မော့၍ စူး​စမ်း​ပါ။ ငါ​တို့​သည် ဝိုင်း၍ ငွေ​ဆယ်​တစ်​ပိဿာ​ကို ပေး​မည်​ဟု ဆို​ကြ၏။ ဒေ​လိ​လ​က​လည်း၊ သင်၌​ကြီး​သော ခွန်​အား​သည် အ​ဘယ်​အ​ရာ​အား​ဖြင့် တည်​သည်​ကို​လည်း​ကောင်း၊ သင့်​ကို နှိပ်​စက်​ခြင်း​ငှာ အ​ဘယ်​သို့ ချည်​နှောင်​ရ​မည်​ကို​လည်း​ကောင်း ပြော​ပါ​ဟု ရှံ​ဆုန်​အား တောင်း​ပန်​သော်၊ ရှံ​ဆုန်​က၊ တစ်​ခါ​မျှ မ​သွေ့​ခြောက်​သော လျှော်​ကြိုး​စိမ်း​ခု​နစ်​စင်း​နှင့် ငါ့​ကို​ချည်​နှောင်​လျှင် ငါ၌​ခွန်​အား​လျော့၍ အ​ခြား​သော​သူ​ကဲ့​သို့ ငါ​ဖြစ်​လိမ့်​မည်​ဟု ပြော​ဆို၏။ ထို​အ​ခါ ဖိ​လိ​တ္တိ​မင်း​တို့​သည် တစ်​ခါ​မျှ မ​သွေ့​ခြောက်​သော လျှော်​ကြိုး​စိမ်း​ခု​နစ်​စင်း​တို့​ကို ယူ​ခဲ့၍၊ ထို​မိန်း​မ​သည် ရှံ​ဆုန်​ကို ချည်​နှောင်​လေ၏။ ယောက်ျား​အ​ချို့​တို့​သည် ထို​မိန်း​မ၏ အိပ်​ခန်း​ထဲ​မှ ချောင်း​မြောင်း​လျက် နေ​သည်​ဖြစ်၍ မိန်း​မ​က၊ ရှံ​ဆုန်၊ ဖိ​လိ​တ္တိ​လူ​တို့​သည် သင့်​ကို တိုက်​လာ​ကြ​သည်​ဟု​ဆို​သော်၊ သူ​သည် မီး​ထိ​သော ပိုက်​ဆန်​ချည်​ကဲ့​သို့ ထို​ကြိုး​တို့​ကို ဖြတ်​လေ၏။ သို့​ဖြစ်၍ သူ၏​ခွန်​အား​ကို မ​သိ​ရ​ကြ။ ဒေ​လိ​လ​က​လည်း၊ သင်​သည် ငါ့​ကို​ကျီ​စား၍ မု​သား​ကို​သာ​ပြော​ပြီ။ သင့်​ကို အ​ဘယ်​သို့ ချည်​နှောင်​ရ​မည်​ကို ယ​ခု​ပြော​ပါ​ဟု ရှံ​ဆုန်​အား တောင်း​ပန်​သော်၊ သူ​က၊ မ​သုံး​ဖူး​သော​ကြိုး​သစ်​နှင့် ကျပ်​ကျပ်​ချည်​နှောင်​လျှင် ငါ၌​ခွန်​အား​လျော့၍ အ​ခြား​သော​သူ​ကဲ့​သို့ ငါ​ဖြစ်​လိမ့်​မည်​ဟု ပြော​ဆို​သည်​အ​တိုင်း၊ ဒေ​လိ​လ​သည် ကြိုး​သစ်​တို့​ကို​ယူ၍ ချည်​နှောင်​ပြီး​မှ၊ ထို​အ​ခန်း၌ ချောင်း​မြောင်း​သော သူ​အ​ချို့ ရှိ​နေ​လျက်၊ ရှံ​ဆုန်၊ ဖိ​လိ​တ္တိ​လူ​တို့​သည် သင့်​ကို တိုက်​လာ​ကြ​သည်​ဟု ဆို​သော်၊ ရှံ​ဆုန်​သည် လက်​ရုံး၌​ချည်​သော ကြိုး​တို့​ကို အပ်​ချည်​ကဲ့​သို့ ဖြတ်​လေ၏။ ဒေ​လိ​လ​က​လည်း၊ ယ​ခု​တိုင်​အောင် သင်​သည် ငါ့​ကို​ကျီ​စား၍ မု​သား​ကို​သာ​ပြော​ပြီ။ အ​ဘယ်​သို့ ချည်​နှောင်​ရ​မည်​ကို ပြော​ပါ​ဟု ရှံ​ဆုန်​အား​တောင်း​ပန်​သော်၊ သူ​က၊ ငါ့​ဆံ​ပင်​ခု​နစ်​စု​တို့​ကို ရက်​ကန်း​သား၌ ရက်​သွင်း၍ ထ​ရံ​တွင် စို့​နှင့်​ရိုက်​ထား​လျှင် ငါ၌​ခွန်​အား​လျော့၍ အ​ခြား​သော​သူ​ကဲ့​သို့ ငါ​ဖြစ်​လိမ့်​မည်​ဟု ပြော​ဆို​သည်​အ​တိုင်း၊ ဒေ​လိ​လ​သည် သူ၏​ဆံ​ပင်​ခု​နစ်​စု​တို့​ကို ရက်​ကန်း​သား၌ ရက်​သွင်း၍ ထ​ရံ​တွင် စို့​နှင့်​ရိုက်​ထား​ပြီး​မှ၊ ရှံ​ဆုန်၊ ဖိ​လိ​တ္တိ​လူ​တို့​သည် သင့်​ကို​တိုက်​လာ​ကြ​သည်​ဟု ဆို​သော်၊ ရှံ​ဆုန်​နိုး၍၊ စို့၊ ရက်​ကန်း​စင်​နှင့် ရက်​ကန်း​သား​ပါ​ဆွဲ​နှုတ် လေ၏။ ဒေ​လိ​လ​က​လည်း၊ သင်​သည် ငါ့​ကို​ချစ်​သည်​ဟု စိတ်​နှ​လုံး​မ​ပါ​ဘဲ​လျက် အ​ဘယ်​သို့ ပြော​နိုင်​သ​နည်း။ သင့်၌ ကြီး​သော​ခွန်​အား​သည် အ​ဘယ်​အ​ရာ​အား​ဖြင့် တည်​သည်​ကို မ​ပြော။ သုံး​ကြိမ်​တိုင်​အောင် ငါ့​ကို​ကျီ​စား​ပြီ​ဟု ဆို၏။ ထို​သို့ ဒေ​လိ​လ​သည် နေ့​တိုင်း​ပူ​ဆာ၍ သူ​အ​သက် သေ​လု​အောင် နှောင့်​ယှက်​သော​ကြောင့်၊ ရှံ​ဆုန်​သည် မိ​မိ​စိတ်​နှ​လုံး၌ ရှိ​သ​မျှ​အ​တိုင်း​ပြော၍၊ ငါ့​ဆံ​ပင်​ကို တစ်​ခါ​မျှ မ​ရိတ်​သေး။ အ​မိ​ဝမ်း​ထဲ​မှ​စ၍ ဘု​ရား​သ​ခင်၏ နာ​ဇ​ရိ​လူ​ဖြစ်၏။ ငါ့​ဆံ​ပင်​ကို​ရိတ်​လျှင် ငါ၌​ခွန်​အား​လျော့၍ အ​ခြား​သော​သူ​ကဲ့​သို့ ငါ​ဖြစ်​လိမ့်​မည်​ဟု ပြော​ဆို၏။ ထို​သို့ မိ​မိ​စိတ်​နှ​လုံး​ထဲ​မှာ ရှိ​သ​မျှ​အ​တိုင်း​ပြော​ကြောင်း​ကို ဒေ​လိ​လ​သိ​လျှင်၊ ဖိ​လိ​တ္တိ​မင်း​တို့​ကို တစ်​ဖန်​ခေါ်၍၊ ယ​ခု​တစ်​ခါ လာ​ကြ​ပါ​ဦး။ သူ​သည် မိ​မိ​စိတ်​နှ​လုံး​ရှိ​သ​မျှ​အ​တိုင်း ပြော​ပြီ​ဟု မှာ​လိုက်​သ​ဖြင့်၊ သူ​တို့​သည် ငွေ​ကို​ဆောင်​ယူ​ခဲ့​လျက် လာ​ကြ၏။ ဒေ​လိ​လ​သည် ရှံ​ဆုန်​ခေါင်း​ကို မိ​မိ​ဒူး​ပေါ်​မှာ​တင်​လျက် သူ​ကို​အိပ်​စေ​သ​ဖြင့်၊ လူ​တစ်​ယောက်​ကို ခေါ်၍ သူ၏​ဆံ​ပင်​ခု​နစ်​စု​တို့​ကို ရိတ်​စေ​ပြီး​မှ၊ သူ​ကို​နှောင့်​ယှက်​စ​ပြု၍ သူ၏​ခွန်​အား​သည် လျော့​ပျောက်၏။ မိန်း​မ​က​လည်း၊ ရှံ​ဆုန်၊ ဖိ​လိ​တ္တိ​လူ​တို့​သည် သင့်​ကို တိုက်​လာ​ကြ​သည်​ဟု ဆို​သော်၊ ရှံ​ဆုန်​နိုး၍ ထာ​ဝ​ရ​ဘု​ရား စွန့်​တော်​မူ​ကြောင်း​ကို မ​ရိပ်​မိ​သော​ကြောင့်၊ အ​ရင်​ကဲ့​သို့ ငါ​ထွက်၍ အား​ထုတ်​မည်​ဟု အ​ကြံ​ရှိ​သော်​လည်း၊ ဖိ​လိ​တ္တိ​လူ​တို့​သည် ဖမ်း​ဆီး၍ သူ့​မျက်​စိ​ကို​ဖောက်​ပြီး​မှ ဂါ​ဇ​မြို့​သို့ ယူ​သွား​ပြီး​လျှင် ကြေး​ဝါ​ကြိုး​နှင့်​ချည်​နှောင်၍ ထောင်​အိမ်၌ ကြိတ်​ဆုံ​နှင့် ကြိတ်​စေ​ကြ၏။ ရှံ​ဆုန် ဆံ​ပင်​ရိတ်​သော​နောက်၊ တစ်​ဖန်​ပေါက်​ပြန်​သော​အ​ခါ၊ ဖိ​လိ​တ္တိ​မင်း​တို့​ကို၊ ငါ​တို့​ဘု​ရား​သည် ငါ​တို့​ရန်​သူ​ကို ငါ​တို့​လက်​သို့ အပ်​တော်​မူ​ပြီ​ဟု​ဆို​လျက်၊ သူ​တို့​ဘု​ရား​ဒါ​ဂုန်​အား ယဇ်​ကြီး​ကို​ပူ​ဇော်၍ ပျော်​မွေ့​ခြင်း​ကို ပြု​အံ့​သော​ငှာ စည်း​ဝေး​ကြ၏။ လူ​များ​တို့​သည် ရှံ​ဆုန်​ကို မြင်​သော​အ​ခါ၊ ငါ​တို့​ဘု​ရား​သည် ငါ​တို့​ပြည်​ကို ဖျက်​ဆီး၍၊ ပြည်​သား​အ​များ​တို့​ကို သတ်​သော ငါ​တို့၏​ရန်​သူ​ကို၊ ငါ​တို့​လက်​သို့ အပ်​တော်​မူ​ပြီ​ဟု မိ​မိ​တို့​ဘု​ရား​ကို ချီး​မွမ်း​ကြ၏။ စိတ်​နှ​လုံး​ရွှင်​လန်း​သော​အ​ခါ၊ ရှံ​ဆုန်​ကို ခေါ်​ခဲ့။ ငါ​တို့​အ​ဖို့ က​စား​ပါ​လေ​စေ​ဟု ဆို​သ​ဖြင့်၊ ရှံ​ဆုန်​ကို ထောင်​အိမ်​မှ​ခေါ်​ခဲ့၍ သူ​သည် က​စား​ရ၏။ သူ​ကို​လည်း ဇ​ရပ်​တိုင်​ကြား​မှာ ထား​ကြ၏။ ရှံ​ဆုန်​က​လည်း၊ ဇ​ရပ်​တိုင်​တို့​ကို ငါ​မှီ၍​နေ​ရ​အောင် လက်​နှင့်​တွေ့​ပါ​ရ​စေ​ဟု လက်​ဆွဲ​သော လူ​က​လေး​ကို အ​ခွင့်​တောင်း၏။ ထို​ဇ​ရပ်၌ ယောက်ျား​မိန်း​မ​တို့​သည် အ​ပြည့်​ရှိ​ကြ၏။ ဖိ​လိ​တ္တိ​မင်း​အ​ပေါင်း​တို့​လည်း ပါ​ကြ၏။ ဇ​ရပ်​မိုး​ပေါ်​မှာ​လည်း သုံး​ထောင်​မျှ​လောက်​သော ယောက်ျား​မိန်း​မ​တို့​သည် ရှံ​ဆုန်​က​စား​သည်​ကို ကြည့်​ရှု​လျက်​ရှိ​ကြ၏။ ရှံ​ဆုန်​က​လည်း၊ အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​ကို အောက်​မေ့​တော်​မူ​ပါ။ အ​ကျွန်ုပ်​မျက်​စိ​နှစ်​ဖက်​ကို ဖောက်​သော ဖိ​လိ​တ္တိ​လူ​တို့၌ တစ်​ပြိုင်​နက်​အ​ပြစ်​ဒဏ် ပေး​နိုင်​မည်​အ​ကြောင်း၊ ယ​ခု​တစ်​ကြိမ်​မျှ​သာ ခွန်​အား​ကို ပြန်​ပေး​တော်​မူ​ပါ​ဘု​ရား​ဟု ထာ​ဝ​ရ​ဘု​ရား​အား ဆု​တောင်း​ပြီး​မှ၊ ဇ​ရပ်​ခေါင်​တိုင်​နှစ်​တိုင်​တို့​ကို လက်​ယာ​လက်၊ လက်​ဝဲ​လက်​နှစ်​ဖက်​နှင့် ကိုင်၍ မှီ​နေ​လျက်၊ အ​ကျွန်ုပ်​သည် ဖိ​လိ​တ္တိ​လူ​တို့​နှင့် အ​တူ​သေ​ပါ​ရ​စေ​ဟု​ဆို​လျက်၊ အား​ထုတ်၍ ကိုယ်​ကို​ညွှတ်​ချ​သ​ဖြင့်၊ ဇ​ရပ်​သည် မင်း​များ၊ လူ​များ​အ​ပေါင်း​တို့​အ​ပေါ်​မှာ လဲ၍ ဖိ​လေ၏။ ထို​သို့ အ​သက်​ရှင်​စဉ်​အ​ခါ သတ်​ခဲ့​သည်​ထက် သေ​စဉ်​အ​ခါ သာ၍​များ​သော​သူ​တို့​ကို သတ်​လေ၏။ သူ့​ညီ​များ၊ အ​ဆွေ​အ​မျိုး​များ အ​ပေါင်း​တို့​သည်​လာ၍ အ​လောင်း​ကောင်​ကို ထမ်း​သွား​ပြီး​လျှင်၊ ဇော​ရာ​မြို့​နှင့် ဧ​ရှ​တော​လ​မြို့​စပ်​ကြား​တွင် အ​ဘ​မာ​နော်၏ သင်္ချိုင်း၌ သင်္ဂြိုဟ်​ကြ၏။ သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို အ​နှစ်​နှစ်​ဆယ်​အုပ်​စိုး​သ​တည်း။

တရားသူကြီး 16:4-31 Common Language Bible (BCL)

ထို​နောက်​ရှံ​ဆုန်​သည်​စော​ရက်​ချိုင့်​တွင် နေ​ထိုင် သော​ဒေ​လိ​လ​အ​မည်​ရှိ​သော​အ​မျိုး​သ​မီး ကို​ချစ်​ကြိုက်​ပြန်​၏။- ဖိ​လိတ္တိ​ဘု​ရင်​ငါး​ပါး​တို့​သည်​ဒေ​လိ​လ​ထံ သို့​လာ​၍``ရှံ​ဆုန်​သည်​အ​ဘယ်​ကြောင့်​ဤ​မျှ ခွန်​အား​ကြီး​ရ​ကြောင်း​ကို​လည်း​ကောင်း၊ သူ့ အား​အ​ဘယ်​သို့​နှိမ်​နင်း​၍​ချည်​နှောင်​ထား နိုင်​ကြောင်း​ကို​လည်း​ကောင်း​သိ​ရှိ​ရန်​သူ့​အား ဖြား​ယောင်း​၍​မေး​ပါ။ ငါ​တို့​တစ်​ယောက်​လျှင် ငွေ​တစ်​ဆယ့်​တစ်​ပိ​ဿာ​စီ​ပေး​ပါ​မည်'' ဟု​ပြော​၏။ သို့​ဖြစ်​၍​ဒေ​လိ​လ​သည်​ရှံ​ဆုန်​အား``သင်​သည် ဤ​မျှ​ခွန်​အား​ကြီး​ရ​ခြင်း​မှာ​အ​ဘယ်​ကြောင့် နည်း။ သင့်​အား​အ​ဘယ်​နည်း​ဖြင့်​ချည်​နှောင်​၍ အနိုင်​ရ​နိုင်​ပါ​မည်​နည်း'' ဟု​မေး​၏။ ရှံ​ဆုန်​က``မ​ခြောက်​သေး​သော​လေး​ကြိုး​အ​သစ် ခု​နစ်​ပင်​ဖြင့်​ငါ့​ကို​ချည်​နှောင်​ထား​မည်​ဆို လျှင် ငါ​သည်​အ​ခြား​သူ​များ​နည်း​တူ​အား လျော့​လိမ့်​မည်'' ဟု​ဆို​၏။ သို့​ဖြစ်​၍​ဖိ​လိတ္တိ​ဘု​ရင်​တို့​သည်​မ​ခြောက်​သေး သော​လေး​ကြိုး​အ​သစ်​ခု​နစ်​ပင်​ကို​ဒေ​လိ​လ အား​ပေး​သ​ဖြင့် ဒေ​လိ​လ​သည်​ရှံ​ဆုန်​အား ချည်​နှောင်​ထား​လိုက်​လေ​သည်။- သူ​မ​သည်​အ​ခြား​အ​ခန်း​တစ်​ခု​ထဲ​၌​လူ အ​ချို့​ကို​စောင့်​၍​နေ​စေ​ပြီး​လျှင်``ရှံ​ဆုန်၊ ဖိ​လိတ္တိ အ​မျိုး​သား​တို့​လာ​နေ​ကြ​ပြီ'' ဟု​ဟစ်​အော်​၏။ သို့​ရာ​တွင်​ရှံ​ဆုန်​သည်​ထို​လေး​ကြိုး​တို့​ကို​မီး ထိ​သည့်​ချည်​မျှင်​သ​ဖွယ်​ဖြတ်​တောက်​ပစ်​လိုက် လေ​သည်။ သို့​ဖြစ်​၍​သူ​တို့​သည်​သူ​ခွန်​အား ကြီး​ရ​ခြင်း​၏​လျှို့​ဝှက်​ချက်​ကို​မ​သိ​နိုင် ကြ​သေး​ပေ။ ဒေ​လိ​လ​က​ရှံ​ဆုန်​အား``သင်​သည်​ကျွန်​မ အား​မှန်​ရာ​ကို​မ​ပြော​ဘဲ​အ​ရူး​လုပ်​လေ ပြီ။ သင့်​အား​အ​ဘယ်​သို့​ချည်​နှောင်​ထား​နိုင် မည်​ကို​ကျွန်​မ​အား​ကျေး​ဇူး​ပြု​၍​ပြော​ပြ ပါ'' ဟု​ဖြား​ယောင်း​ပြော​ဆို​၏။ သူ​က​လည်း``ငါ့​အား​တစ်​ကြိမ်​တစ်​ခါ​မျှ အ​သုံး​မ​ပြု​ရ​သေး​သည့်​ကြိုး​သစ်​များ​ဖြင့် ချည်​နှောင်​မည်​ဆို​လျှင် ငါ​သည်​အ​ခြား​သူ များ​ကဲ့​သို့​ပင်​အား​လျော့​ပေ​အံ့'' ဟု​ပြန် ပြော​၏။ သို့​ဖြစ်​၍​ဒေ​လိ​လ​သည်​ကြိုး​သစ်​ကို​ယူ ပြီး​လျှင် သူ့​အား​ချည်​နှောင်​လေ​သည်။ ထို နောက်``ရှံ​ဆုန်၊ ဖိ​လိတ္တိ​အ​မျိုး​သား​တို့​လာ​နေ ကြ​ပြီ'' ဟု​ဟစ်​အော်​၏။ လူ​တို့​သည်​အ​ခန်း တစ်​ခု​ထဲ​တွင်​စောင့်​နေ​ကြ​၏။ သို့​ရာ​တွင် ရှံ​ဆုန်​သည်​မိ​မိ​လက်​များ​မှ​ကြိုး​တို့​ကို ချည်​မျှင်​သ​ဖွယ်​ဖြတ်​တောက်​လိုက်​လေ​သည်။ ဒေ​လိ​လ​က​ရှံ​ဆုန်​အား``သင်​သည်​ကျွန်​မ​အား မှန်​ရာ​ကို​မ​ပြော​ဘဲ​အ​ရူး​လုပ်​လျက်​ပင်​ရှိ​နေ ပါ​သေး​၏။ သင့်​အား​အ​ဘယ်​သို့​ချည်​နှောင်​ထား ရ​မည်​ကို​ကျွန်​မ​အား​ပြော​ပါ​လော့'' ဟု​ဖြား ယောင်း​ပြော​ဆို​ပြန်​၏။ ရှံ​ဆုန်​က``ငါ​၏​ဆံ​ပင်​ခု​နစ်​စု​ကို​ယက်​ကန်း စင်​ထဲ​သို့​ယက်​သွင်း​ကာ သပ်​နှင့်​ရိုက်​၍​ထား မည်​ဆို​လျှင်​ငါ​သည်​အ​ခြား​သူ​များ​နည်း တူ​အား​လျော့​လိမ့်​မည်'' ဟု​ပြော​၏။ ထို​အ​ခါ​ဒေ​လိ​လ​သည်​သူ့​အား​ချော့​၍ သိပ်​ပြီး​လျှင် သူ​၏​ဆံ​ပင်​ခု​နစ်​စု​ကို​ယူ​၍ ရက်​ကန်း​စင်​ထဲ​သို့​ရက်​သွင်း​ကာ​သပ်​ရိုက် ထား​လိုက်​၏။ ထို​နောက်``ရှံ​ဆုန်၊ ဖိ​လိတ္တိ​အ​မျိုး သား​တို့​လာ​နေ​ကြ​ပြီ'' ဟု​ဟစ်​အော်​လေ​သည်။ သို့​ရာ​တွင်​ရှံ​ဆုန်​သည်​နိုး​ထ​ပြီး​လျှင် မိ​မိ ၏​ဆံ​ပင်​ကို​ယက်​ကန်း​စင်​မှ​ဆွဲ​ထုတ်​လိုက် ၏။ သို့​ဖြစ်​၍​ဒေ​လိ​လ​က​သူ​အား``သင်​သည် ကျွန်​မ​ကို​တ​ကယ်​မ​ချစ်​ဘဲ​နှင့်​ချစ်​ပါ​သည် ဟု အ​ဘယ်​သို့​ပြော​နိုင်​ပါ​သ​နည်း။ ကျွန်​မ အား​သင်​အ​ရူး​လုပ်​ခဲ့​သည်​မှာ​သုံး​ကြိမ်​တိုင် တိုင်​ရှိ​လေ​ပြီ။ သင်​သည်​ယ​ခု​တိုင်​အောင်​ပင် မိ​မိ​အ​ဘယ်​ကြောင့်​သန်​စွမ်း​ရ​ကြောင်း​ကို ကျွန်​မ​အား​ပြော​မ​ပြ​သေး​ပါ​တ​ကား'' ဟု​ဆို​၏။- ဤ​သို့​လျှင်​သူ​သည်​ဆက်​လက်​၍​တစ်​နေ့​ပြီး တစ်​နေ့​မေး​မြန်း​လျက်​နေ​ရ​ကား ရှံ​ဆုန်​သည် ဒေ​လိ​လ​၏​ပူ​ဆာ​မှု​ကို​လွန်​စွာ​ငြီး​ငွေ့​လာ ပြီး​လျှင်​နောက်​ဆုံး​၌``ငါ​၏​ဆံ​ပင်​သည်​တစ် ကြိမ်​တစ်​ခါ​မျှ​မ​ရိတ်​မ​ဖြတ်​ရ​သေး။ ငါ သည်​လည်း​မွေး​စ​က​ပင်​လျှင်​နာ​ဇ​ရိ​ဂိုဏ်း ဝင်​အ​ဖြစ်​ဖြင့် ဘု​ရား​သ​ခင်​အား​ဆက်​ကပ် ထား​သူ​ဖြစ်​သည်။ အ​ကယ်​၍​ငါ​၏​ဆံပင်​ကို ရိတ်​ဖြတ်​လိုက်​သည်​ရှိ​သော်​ငါ​သည်​ခွန်​အား ဆုတ်​ယုတ်​၍​သူ​တစ်​ပါး​နည်း​တူ​အား​နည်း ပေ​အံ့'' ဟု​အ​မှန်​အ​တိုင်း​ထုတ်​ဖော်​ပြော ဆို​လိုက်​တော့​၏။ ယင်း​သို့​အ​မှန်​အ​တိုင်း​ပြော​ဆို​သည်​ကို ဒေ​လိ​လ​သိ​သော​အ​ခါ သူ​သည်​ဖိ​လိတ္တိ ဘု​ရင်​တို့​ထံ​သို့​လူ​လွှတ်​၍``ဤ​တစ်​ကြိမ် ပြန်​လာ​ခဲ့​ကြ​ပါ။ ကျွန်​မ​သည်​ရှံ​ဆုန်​ထံ မှ​မှန်​ရာ​ကို​သိ​ရှိ​ရ​ပါ​ပြီ'' ဟု​ပြော​ကြား လိုက်​၏။ ထို​သူ​တို့​သည်​လည်း​ငွေ​များ ကို​ယူ​၍​လာ​ကြ​၏။- ဒေ​လိ​လ​သည်​ရှံ​ဆုန်​အား​မိ​မိ​၏​ပေါင်​ပေါ် တွင်​ချော့​၍​သိပ်​ပြီး​မှ လူ​တစ်​ယောက်​ကို​ခေါ် ၍​ရှံ​ဆုန်​၏​ဆံ​ပင်​ခု​နစ်​စု​ကို​ရိတ်​ဖြတ်​စေ​၏။ ရှံ​ဆုန်​၌​ခွန်​အား​ပျောက်​ကွယ်​သွား​ပြီ​ဖြစ်​၍ ဒေ​လိ​လ​သည်​သူ့​အား​စ​တင်​ညှင်း​ပန်း​လေ တော့​သည်။- သူ​သည်``ရှံ​ဆုန်၊ ဖိ​လိတ္တိ​အ​မျိုး​သား​တို့​လာ နေ​ကြ​ပြီ'' ဟု​ဟစ်​အော်​၏။ ထို​အ​ခါ​ရှံ​ဆုန် သည်​အိပ်​ရာ​မှ​နိုး​ထ​၍​ယ​ခု​တစ်​ကြိမ်​လည်း ခါ​တိုင်း​ကဲ့​သို့​ပင် မိ​မိ​လွတ်​မြောက်​နိုင်​လိမ့် မည်​ဟု​ထင်​မှတ်​၏။ မိ​မိ​အား​ထာ​ဝ​ရ​ဘု​ရား စွန့်​ခွာ​သွား​တော်​မူ​ပြီ​ဖြစ်​ကြောင်း​ကို​မူ​သူ မ​သိ။- ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​လည်း​သူ့​အား ဖမ်း​ဆီး​ကာ​သူ​၏​မျက်​စိ​ကို​ဖောက်​ပြီး နောက် သူ့​အား​ဂါ​ဇ​မြို့​သို့​ခေါ်​ဆောင်​၍ ကြေး​ဝါ​ကြိုး​များ​ဖြင့်​ချည်​နှောင်​ပြီး​လျှင် ထောင်​ထဲ​၌​ကြိတ်​ဆုံ​ကျောက်​ကို​လှည့်​စေ ကြ​၏။- သို့​ရာ​တွင်​သူ​၏​ဆံပင်​သည်​ပြန်​၍​ရှည်​စ ပြု​လာ​လေ​သည်။ ဖိ​လိတ္တိ​ဘုရင်​တို့​သည်​မိ​မိ​တို့​၏​ဘု​ရား​ဒါ​ဂုန် အား ယဇ်​ပူ​ဇော်​ရန်​နှင့်​အောင်​ပွဲ​ခံ​ရန်​အ​တွက် စု​ဝေး​ကြ​၏။ သူ​တို့​က``ငါ​တို့​၏​ဘု​ရား​သည် ငါ​တို့​အား​မိ​မိ​တို့​ရန်​သူ​ရှံ​ဆုန်​၏​အ​ပေါ် ၌​အောင်​ပွဲ​ခံ​စေ​တော်​မူ​ပြီ'' ဟု​သီ​ဆို​ကြ​၏။- သူ​တို့​သည်​အ​လွန်​ပျော်​ရွှင်​လျက်``ရှံ​ဆုန်​ကို​ခေါ် ခဲ့​ကြ။ သူ့​အား​ငါ​တို့​ကို​ဖျော်​ဖြေ​စေ​မည်'' ဟု​ဆို ကြ​၏။ သူ​တို့​သည်​ရှံ​ဆုန်​ကို​ထောင်​ထဲ​မှ​ခေါ်​ဆောင် ၍ မိ​မိ​တို့​အား​ဖျော်​ဖြေ​စေ​၏။ မဏ္ဍပ်​တိုင်​မ​ကြီး အ​ကြား​တွင်​ရပ်​စေ​၏။ လူ​တို့​သည်​သူ့​ကို​မြင် လေ​လျှင်``ငါ​တို့​၏​ဘု​ရား​သည်​ငါ​တို့​ပြည်​ကို ယို​ယွင်း​ပျက်​စီး​စေ​၍ ငါ​တို့​လူ​အ​မြောက် အ​မြား​ကို​သတ်​ဖြတ်​ခဲ့​သော​ရန်​သူ​၏​အ​ပေါ် ၌​ငါ​တို့​အား​အောင်​ပွဲ​ခံ​စေ​တော်​မူ​ပြီ'' ဟု မိ​မိ​တို့​ဘု​ရား​၏​ဂုဏ်​ကျေး​ဇူး​ကို​ချီး​မွမ်း​၏။- ရှံ​ဆုန်​သည်​မိ​မိ​အား​လက်​ဆွဲ​၍​ခေါ်​ယူ​လာ သော​သူ​ငယ်​အား``မဏ္ဍပ်​တိုင်​မ​ကြီး​တို့​ကို​ငါ့ အား​ကိုင်​ခွင့်​ပြု​ပါ။ ယင်း​တို့​ကို​ငါ​မှီ​၍​နေ လို​ပါ​သည်'' ဟု​ပြော​၏။- ထို​မဏ္ဍပ်​သည်​အ​မျိုး​သား​အ​မျိုး​သ​မီး​များ နှင့်​ပြည့်​လျှံ​လျက်​ရှိ​၏။ ဖိ​လိတ္တိ​ဘု​ရင်​ငါး​ပါး တို့​သည်​လည်း​ထို​မဏ္ဍပ်​တွင်​ရှိ​ကြ​၏။ အ​မျိုး သား​အ​မျိုး​သ​မီး​စု​စု​ပေါင်း​သုံး​ထောင်​ခန့် သည် မဏ္ဍပ်​အ​မိုး​ပေါ်​မှ​ရှံ​ဆုန်​ဖျော်​ဖြေ​နေ သည်​ကို​ကြည့်​ရှု​လျက်​ရှိ​ကြ​၏။ ထို​အ​ခါ​ရှံ​ဆုန်​က``အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​ကို​အောက်​မေ့​သ​တိ​ရ​တော်​မူ​ပါ။ အို ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​၏​မျက်​စိ​နှစ်​လုံး​ကို ဖောက်​ပစ်​သည့်​အ​တွက် ဖိ​လိတ္တိ​အ​မျိုး​သား​တို့ အား​တစ်​ချက်​တည်း​ဖြင့်​လက်​စား​ချေ​နိုင်​ရန် အ​ကျွန်ုပ်​အား​ဤ​တစ်​ကြိမ်​သာ​လျှင်​ခွန်​အား ကို​ပြန်​လည်​ရ​ရှိ​စေ​တော်​မူ​ပါ'' ဟု​ဆု တောင်း​ပတ္ထ​နာ​ပြု​လေ​သည်။- ထို​နောက်​သူ​သည်​မဏ္ဍပ်​ဗ​ဟို​တိုင်​မ​ကြီး​နှစ်​ခု ကို လက်​တစ်​ဘက်​စီ​ဖြင့်​ကိုင်​၍​တွန်း​ပြီး​လျှင်၊- ``အ​ကျွန်ုပ်​အား​ဖိ​လိတ္တိ​လူ​တို့​နှင့်​အ​တူ​သေ​ခွင့် ပြု​တော်​မူ​ပါ'' ဟု​ဟစ်​အော်​၏။ သူ​သည်​အ​စွမ်း​ကုန် တွန်း​လိုက်​ရာ​မဏ္ဍပ်​သည် ဘု​ရင်​ငါး​ပါး​နှင့်​တ​ကွ ရှိ​သ​မျှ​သော​လူ​တို့​အ​ပေါ်​သို့​ပြို​ကျ​လေ​သည်။ ရှံ​ဆုန်​သည်​သေ​ဆဲ​အ​ချိန်​၌​သတ်​ခဲ့​သည့်​လူ ဦး​ရေ​မှာ​အ​သက်​ရှင်​စဉ်​အ​ခါ​က​သတ်​ခဲ့ သည့်​လူ​ဦး​ရေ​ထက်​ပို​၍​များ​ပြား​၏။ ရှံ​ဆုန်​၏​ညီ​များ​နှင့်​အ​ခြား​အိမ်​ထောင်​စု သား​တို့​သည် လာ​ရောက်​၍​သူ​၏​ရုပ်​အ​လောင်း ကို​ယူ​ပြီး​လျှင် ဇော​ရာ​မြို့​နှင့်​ဧ​ရှ​တော​လ မြို့​စပ်​ကြား​ရှိ​ဖ​ခင်​ဖြစ်​သူ​မာ​နော်​၏​သင်္ချိုင်း ဂူ​တွင်​သင်္ဂြိုဟ်​ကြ​၏။ သူ​သည်​နှစ်​ပေါင်း​နှစ် ဆယ်​တိုင်​တိုင်​ဣ​သ​ရေ​လ​လူ​မျိုး​၏​ခေါင်း ဆောင်​ဖြစ်​ခဲ့​သ​တည်း။

တရားသူကြီး 16:4-31 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့နောက်မှ ရှံဆုန်​သည် စောရက်​ချိုင့်ဝှမ်းဒေသ​ရှိ ဒေလိလ​အမည်​ရှိ​သော​အမျိုးသမီး​တစ်ဦး​နှင့် ချစ်ကြိုက်​ပြန်​၏​။ ထို့ကြောင့် ဖိလိတ္တိ​မင်း​တို့​သည် ဒေလိလ​ထံသို့​လာ​၍ “​ရှံဆုန်​၏​ကြီးမား​သော​ခွန်အား​သည် အဘယ်​က​ဖြစ်ကြောင်း​၊ သူ့​ကို မည်သည့်​နည်း​ဖြင့် ဖမ်းဆီးချုပ်နှောင်​နှိပ်စက်​နိုင်​ကြောင်း​ကို သူ့​အား ချော့မော့​မေးမြန်း​ကြည့်​လော့​။ ငါ​တို့​သည် သင့်​အား ငွေစ တစ်ထောင့်​တစ်ရာ​စီ ပေး​မည်​”​ဟု ဆို​ကြ​၏​။ ဒေလိလ​က​လည်း ရှံဆုန်​အား “​သင်​၏​ကြီးမား​သော​ခွန်အား​ကား အဘယ်​က​ဖြစ်​သနည်း​။ သင့်​ကို မည်သည့်​နည်း​ဖြင့် ချုပ်နှောင်နှိပ်စက်​နိုင်​မည်နည်း​။ အကျွန်ုပ်​အား ပြောပြ​ပါ​လော့​”​ဟု မေး​လေ​၏​။ ရှံဆုန်​က သူ့​အား “​မ​ခြောက်​သေး​သော​လေးကြိုး​အသစ်​ခုနစ်​ချောင်း​ဖြင့် ငါ့​ကို ချည်နှောင်​လျှင် ငါ့​ခွန်အား​သည် လျော့သွား​၍ သာမန်လူ​ကဲ့သို့ ဖြစ်သွား​မည်​”​ဟု ပြန်ဖြေ​၏​။ ထိုအခါ ဖိလိတ္တိ​မင်း​တို့​သည် မ​ခြောက်​သေး​သော​လေးကြိုး​အသစ်​ခုနစ်​ချောင်း​ကို ဒေလိလ​အား ယူလာ​ပေး​ရာ ဒေလိလ​က​လည်း ထို​ကြိုး​တို့​ဖြင့် ရှံဆုန်​ကို ချည်နှောင်​လေ​၏​။ လူ​အချို့​သည် ဒေလိလ​၏​အတွင်းခန်း​ထဲ၌ စောင့်ကြည့်​ချောင်းမြောင်း​နေ​ကြ​၏​။ ဒေလိလ​က​လည်း “​ရှံဆုန်​၊ သင့်​ထံသို့ ဖိလိတ္တိ​လူမျိုး​တို့ ရောက်လာ​ပြီ​”​ဟု ဆို​သော် ရှံဆုန်​က လေးကြိုး​တို့​ကို​ဖြတ်လိုက်​ရာ ထို​ကြိုး​တို့​သည် မီး​ထိ​သကဲ့သို့ တစ်စစီ​ပြတ်​ကုန်​၏​။ ထို့ကြောင့် သူ့​ခွန်အား​သည် အဘယ်က​ဖြစ်​သည်​ကို မ​သိ​ရ​။ ထိုအခါ ဒေလိလ​က ရှံဆုန်​အား “​သင်​သည် အကျွန်ုပ်​ကို လိမ်လည်​လှည့်စား​ပြီ​။ သင့်​ကို မည်သို့​ချည်နှောင်​နိုင်​မည်​ကို ယခု ပြောပြ​ပါ​”​ဟု မေးပြန်​၏​။ သူ​က​လည်း “​တစ်ခါ​မျှ အသုံး​မ​ပြု​ရ​သေး​သော​ကြိုး​အသစ်​ဖြင့် ငါ့​ကို အခိုင်အမာ​ချည်နှောင်​ထား​လျှင် ငါ့​ခွန်အား​သည် လျော့သွား​၍ သာမန်လူ​ကဲ့သို့ ဖြစ်​သွား​မည်​”​ဟု ဆို​၏​။ ဒေလိလ​က​လည်း ကြိုး​အသစ်​ကို​ယူ​၍ ရှံဆုန်​အား ချည်နှောင်​ပြီးလျှင် “​ရှံဆုန်​၊ သင့်​ထံသို့ ဖိလိတ္တိ​လူမျိုး​တို့ ရောက်လာ​ပြီ​”​ဟု ဆို​ပြန်​၏​။ သူ့​အခန်း​ထဲတွင် လူ​အချို့​ချောင်းမြောင်း​စောင့်ကြည့်​နေ​ကြ​၏​။ ရှံဆုန်​သည် လက်မောင်း​၌​ချည်​ထား​သော​ကြိုး​တို့​ကို အပ်ချည်မျှင်​ကဲ့သို့ ဖြတ်ပစ်​လိုက်​လေ​၏​။ ဒေလိလ​က​လည်း ရှံဆုန်​အား “​သင်​သည် ယခုချိန်​ထိ အကျွန်ုပ်​ကို လိမ်လည်​လှည့်စား​သေး​၏​။ သင့်​ကို မည်သို့ ချည်နှောင်​နိုင်​မည်​ကို ယခု ပြောပြ​ပါ​လော့​”​ဟု ဆို​ပြန်​ရာ ရှံဆုန်​က သူ့​အား “​ငါ့​ဆံပင်​အစု​ခုနစ်​စု​ကို ရက်ကန်း​ထဲသို့ တိုင်ချည်​အဖြစ်​ရက်သွင်း​လျှင် ငါ့​ခွန်အား​သည် လျော့သွား​၍ သာမန်​လူ​ကဲ့သို့ ဖြစ်​မည်​”​ဟု ပြန်ပြော​၏​။ ဒေလိလ​လည်း ရှံဆုန်​၏​ဆံပင်​ကို ရက်သွင်း​ပြီး ရက်ကန်း​ကို​ငုတ်တိုင်​၌​ချည်​ထား​ပြီးလျှင် “​ရှံဆုန်​၊ သင့်​ထံသို့ ဖိလိတ္တိ​လူမျိုး​တို့ ရောက်လာ​ပြီ​”​ဟု ဆို​လျှင် ရှံဆုန်​သည် အိပ်ပျော်​ရာ​မှ နိုး​လာ​ပြီး ငုတ်တိုင်​နှင့်တကွ ရက်ကန်း​တစ်ခုလုံး​ကို​ပါ ဆွဲနုတ်​ပစ်​လေ​၏​။ ဒေလိလ​က​လည်း “​သင်​သည် စိတ်​မ​ပါ​ဘဲ အကျွန်ုပ်​ကို ချစ်​သည်​ဟု အဘယ်ကြောင့် ပြော​ရ​သနည်း​။ အကျွန်ုပ်​ကို သုံး​ကြိမ်​တိုင်တိုင်​လှည့်စား​ပြီ​။ သင်​၏​ကြီးမား​သော​ခွန်အား​သည် အဘယ်က​ဖြစ်​သည်​ကို အကျွန်ုပ်​အား ယခု​အထိ​မ​ပြော​သေး​”​ဟု ဆို​လေ​၏​။ ဒေလိလ​သည် ရှံဆုန်​အား စကားလုံး​များ​ဖြင့် နေ့​ရှိ​သရွေ့​ပူဆာ​ဖိအား​ပေး​လွန်း​သဖြင့် ရှံဆုန်​လည်း သေချင်လောက်အောင်​စိတ်ပျက်​လာ​၏​။ ထို့ကြောင့် ရှံဆုန်​က “​ငါ​သည် အမိ​ဝမ်း​ထဲမှ​စ၍ ဘုရားသခင်​အဖို့ နာဇရိလူ ဖြစ်​၏​။ ငါ့​ဆံပင်​ကို သင်တုန်းဓား​နှင့် မ​ရိတ်​ရ​။ ငါ့​ဆံပင်​ကို ရိတ်​ပစ်​လျှင် ငါ့​ခွန်အား​ယုတ်လျော့​၍ သာမန်​လူ​ကဲ့သို့ ဖြစ်သွား​မည်​”​ဟု စိတ်​ထဲ​ရှိ​သည့်​အတိုင်း ပြောပြ​လေ​၏​။ ရှံဆုန်​က စိတ်​ထဲ​ရှိ​သည့်​အတိုင်း အမှန်​ကို​ပြောပြ​ကြောင်း ဒေလိလ သိ​လျှင် လူ​ကို​စေလွှတ်​၍ ဖိလိတ္တိ​မင်း​တို့​ကို ခေါ်​စေ​ကာ “​နောက်တစ်ခေါက် လာ​ခဲ့​ကြ​ပါ​ဦး​။ ရှံဆုန်​က သူ့​စိတ်​ထဲ​ရှိ​သည့်​အတိုင်း အမှန်​ကို အကျွန်ုပ်​အား ပြောပြ​ပြီ​”​ဟု မှာလိုက်​သဖြင့် ဖိလိတ္တိ​မင်း​တို့​သည်​လည်း ငွေစ​ပါ​လျက် ဒေလိလ​ထံသို့ လာ​ကြ​ပြန်​၏​။ ဒေလိလ​သည် ရှံဆုန်​ကို ပေါင်​ပေါ်တွင်​အိပ်​စေ​၍ လူ​တစ်​ယောက်​ကို​ခေါ်​ပြီး သူ့​ဆံပင်​ခုနစ်​စု​ကို ရိတ်​စေ​၏​။ ရှံဆုန်​၏​ခွန်အား​များ လျော့သွား​သောအခါ သူ့​ကို စတင်​နှိပ်စက်​လေ​၏​။ ဒေလိလ​က “​ရှံဆုန်​၊ သင့်​ထံသို့ ဖိလိတ္တိ​လူမျိုး​တို့ ရောက်လာ​ပြီ​”​ဟု ဆို​သော် ရှံဆုန်​သည် အိပ်ရာ​မှ​ထ​ပြီး “​ယခင်က​ကဲ့သို့ ရုန်း​ထွက်​မည်​”​ဟု တွေး​၏​။ ထာဝရဘုရား သူ့​ကို စွန့်ခွာ​သွား​သည်​ကို သူ​မ​သိ​။ ဖိလိတ္တိ​လူမျိုး​တို့​က​လည်း သူ့​ကို​ဖမ်းချုပ်​ပြီး မျက်စိ​နှစ်​ဖက်​ကို ဖောက်ထုတ်​ပစ်​၏​။ ထို့နောက် သူ့​ကို ကြေးနီ​ကြိုး​ဖြင့် ချည်နှောင်​ထား​၍ ဂါဇ​မြို့​သို့ ခေါ်ဆောင်​သွား​၏​။ ထို့နောက် သူ့​ကို​အကျဉ်းချ​ထား​၍ ကြိတ်ဆုံကြိတ်​ရ​သည့်​အလုပ်​ကို လုပ်​စေ​၏​။ ရှံဆုန်​သည် ဆံပင်ရိတ်​ခံရ​ပြီးနောက် သူ့​ဦးခေါင်း​မှ ဆံပင်​များ ပြန်​ပေါက်လာ​၏​။ ဖိလိတ္တိ​မင်း​တို့​က “​ငါ​တို့​၏​ဘုရား​သည် ငါ​တို့​၏​ရန်သူ​ရှံဆုန်​ကို ငါ​တို့​လက်​သို့ အပ်​တော်မူ​ပြီ​”​ဟု ဆို​လျက် ဒါဂုန်​ဘုရား​အား ယဇ်​ပူဇော်​သော​ပွဲ​ကြီး​ကို တပျော်တပါး​ကျင်းပ​ရန် စုဝေး​လာ​ကြ​၏​။ လူ​တို့​သည် ရှံဆုန်​ကို ကြည့်​၍ “​ငါ​တို့​လူမျိုး​အမြောက်အမြား​ကို သတ်​ပြီး ငါ​တို့​ပြည်​ကို ဖျက်ဆီး​သော​ငါ​တို့​၏​ရန်သူ​ကို ငါ​တို့​ဘုရား​က ငါ​တို့​လက်​သို့ အပ်​တော်မူ​ပြီ​”​ဟု ဆို​လျက် မိမိ​တို့​ဘုရား​ကို ချီးမွမ်း​ကြ​၏​။ သူ​တို့​သည် ပျော်မြူး​ကြ​လျက် “​ရှံဆုန်​ကို ခေါ်ထုတ်​၍ ငါ​တို့​အား ဖျော်ဖြေ​ပြ​စေ​ပါ​”​ဟု ဆို​ကြ​၏​။ ဤသို့ဖြင့် သူ​တို့​သည် ရှံဆုန်​ကို အကျဉ်းထောင်​မှ​ခေါ်ထုတ်​လာ​၍ တိုင်​များ​ကြားတွင်​ထား​ကာ သူ​တို့​ကို ဖျော်ဖြေ​ပြ​စေ​၏​။ ရှံဆုန်​သည် သူ့​လက်​ကို ဆွဲလာ​ပေး​သော​လူငယ်​အား “​ဤ​ဝတ်ကျောင်း​၏​တိုင်မကြီး​များ​ကို မှီ​နိုင်​ရန် ငါ့​လက်​နှင့် ကိုင်ကြည့်​ပါရစေ​”​ဟု ဆို​၏​။ ထို​ဝတ်ကျောင်း​ထဲတွင် ယောက်ျား​၊ မိန်းမ​များ​နှင့် ပြည့်လျှံ​လျက် ရှိ​၏​။ ဖိလိတ္တိ​မင်း​တို့​အပါအဝင် ခေါင်မိုးပြင်​ပေါ်တွင် ယောက်ျား​မိန်းမ​သုံး​ထောင်​တို့​သည် ရှံဆုန်​ဖျော်ဖြေ​နေ​သည်​ကို ကြည့်ရှု​ကြ​၏​။ ရှံဆုန်​က​လည်း ထာဝရဘုရား​ထံ “​အို အကျွန်ုပ်​၏​ဘုရားရှင်​ထာဝရဘုရား​၊ အကျွန်ုပ်​ကို အောက်မေ့​တော်မူ​ပါ​။ အကျွန်ုပ်​ကို ဤ​တစ်ကြိမ်​သာ ခွန်အား​ပေး​တော်မူ​ပါ​။ အကျွန်ုပ်​မျက်စိ​နှစ်​ဖက်​ကို​ဖောက်ထုတ်​ပစ်​သော ဤ​ဖိလိတ္တိ​လူမျိုး​ကို တစ်ခါတည်း အပြီး​လက်တုံ့ပြန်​ခွင့်​ပြု​တော်မူ​ပါ ဘုရားသခင်​”​ဟု ဆုတောင်း​၏​။ ထို့နောက် ရှံဆုန်​သည် ဝတ်ကျောင်း​၏​အလယ်​တိုင်မကြီး​နှစ်​တိုင်​ကို လှမ်းကိုင်​ပြီး လက်ဝဲ​လက်​ဖြင့်​တစ်​တိုင်​၊ လက်ယာ​လက်​ဖြင့်​တစ်​တိုင် ထောက်ထား​လျက် “​အကျွန်ုပ်​အား ဖိလိတ္တိ​လူမျိုး​တို့​နှင့်အတူ သေ​ခွင့်​ပြု​တော်မူ​ပါ​”​ဟု ဆို​လျက် အားကုန်​တွန်းချ​လိုက်​ရာ ဝတ်ကျောင်းကြီး​သည် ဖိလိတ္တိ​မင်း​တို့​အပါအဝင် လူ​အားလုံး​တို့​အပေါ် ပြိုကျ​လေ​၏​။ ဤသို့ဖြင့် ရှံဆုန်​သည် သေခါနီး​လူသတ်​ခဲ့​သည်​မှာ ရှေ့​ပိုင်း​အသက်ရှင်​စဉ်တွင်​လူသတ်​ခဲ့​သည်​ထက် ပို၍​များပြား​လေ​၏​။ ရှံဆုန်​၏​ညီအစ်ကို​များ​နှင့် ဆွေမျိုးသားချင်း​တို့​သည် လာ​၍​အလောင်း​ကို သယ်သွား​ပြီးလျှင် ဇောရာ​မြို့​နှင့် ဧရှတောလ​မြို့​ကြား​ရှိ သူ့​ဖခင်​မာနော်​၏​သင်္ချိုင်း​တွင် သူ့​ကို​သင်္ဂြိုဟ်​ကြ​၏​။ ရှံဆုန်​သည် အစ္စရေး​လူမျိုး​တို့​ကို အနှစ်​နှစ်ဆယ် စီရင်အုပ်ချုပ်​၏​။