YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားသူကြီး 15

15
1နောက်​တစ်​ဖန် ဂျုံ​စ​ပါး​ရိတ်​ရာ ကာ​လ၌ ရှံ​ဆုန်​သည် ဆိတ်​သ​ငယ်​ပါ​လျက်၊ မိ​မိ​မ​ယား​ကို ကြည့်​ရှု​ခြင်း​ငှာ သွား၍၊ သူ့​အ​ခန်း​ထဲ​မှာ သူ​နှင့်​အ​တူ​အိပ်​မည်​ဟု ကြံ​သော်၊ ယော​က္ခ​မ​သည် ဆီး​တား၍၊ 2သင်​သည် ငါ့​သ​မီး​ကို ဆက်​ဆက်​မုန်း​သည်​ဟု ငါ​အ​ထင်​ရောက်​သော​ကြောင့်၊ သင့်​အ​ပေါင်း​အ​ဖော်​အား ငါ​ပေး​စား​ပြီ။ သူ့​ညီ​မ​သည် သူ့​ထက်​သာ၍​လှ​သည် မ​ဟုတ်​လော။ အစ်​မ၏​ကိုယ်​စား ညီ​မ​ကို​ယူ​ပါ​တော့​ဟု ဆို၏။ 3ထို​အ​မှု​ကို ထောက်၍ ရှံ​ဆုန်​က၊ ငါ​သည် ဖိ​လိ​တ္တိ​လူ​တို့၌ အ​ပြစ်​ပြု​သော်​လည်း၊ သူ​တို့​သည် ငါ့​ကို​အ​ပြစ်​တင်​စ​ရာ​မ​ရှိ​ဟု ဆို​သည်​နှင့်​အ​ညီ၊ 4သွား၍ မြေ​ခွေး​သုံး​ရာ​တို့​ကို ဖမ်း​ပြီး​မှ၊ မြေ​ခွေး​အ​မြီး တစ်​ခု​နှင့်​တစ်​ခု​ကို ပေါင်း​လျက်၊ အ​မြီး​နှစ်​ခု​ကြား၌ မီး​ရှူး​ကို​စည်း၍၊ 5မီး​ရှူး​တို့​ကို မီး​ညှိ​သ​ဖြင့် ဖိ​လိ​တ္တိ​လူ​တို့ စ​ပါး​လယ်​ထဲ​သို့ လွှတ်​လိုက်၍ စ​ပါး​ပင်​ကို​လည်း​ကောင်း၊ ကောက်​လှိုင်း​ကို​လည်း​ကောင်း၊ စ​ပျစ်​ဥ​ယျာဉ်၊ သံ​လွင်​ဥ​ယျာဉ်​တို့​ကို​လည်း​ကောင်း မီး​လောင်​လေ၏။ 6ဖိ​လိ​တ္တိ​လူ​တို့​က​လည်း၊ ဤ​အ​မှု​ကို အ​ဘယ်​သူ​ပြု​သ​နည်း​ဟု မေး​မြန်း​သော်၊ တိ​မ​နတ်​မြို့​သား၏​သား​မက် ရှံ​ဆုန်​ပြု​ပြီ။ သူ၏​မ​ယား​ကို သူ၏​အ​ပေါင်း​အ​ဖော်​အား ပေး​စား​ပြီ​တ​ကား​ဟု ပြန်​ပြော​လျှင်၊ ဖိ​လိ​တ္တိ​လူ​တို့​သည်​လာ၍ ထို​မိန်း​မ​နှင့် သူ၏​အ​ဘ​ကို မီး​ရှို့​ကြ၏။ 7ရှံ​ဆုန်​က​လည်း၊ ထို​သို့​ပြု​သော​ကြောင့် ငါ​သည် စိတ်​ပြေ​အောင် ပြု​မည်။ စိတ်​ပြေ​ပြီး​မှ ငြိမ်​သက်​စွာ​နေ​မည်​ဟု ဆို​လျက်၊ 8သူ​တို့​ကို ကြီး​စွာ​သော လုပ်​ကြံ​ခြင်း​အား​ဖြင့် တစ်​ပြိုင်​နက် ရိုက်​သတ်​ပြီး​လျှင် ဧ​တံ​ကျောက်​ထိပ်​သို့ သွား၍ နေ၏။
ဖိ​လိ​တ္တိ​အ​မျိုး​သား​တို့​ကို​ရှံ​ဆုန်​နှိမ်​နင်း​ခြင်း
9တစ်​ဖန် ဖိ​လိ​တ္တိ​လူ​တို့​သည် ယု​ဒ​ပြည်​သို့​ချီ​သွား၍ တပ်​ချ​သ​ဖြင့်၊ လေ​ဟိ​အ​ရပ်၌ အ​နှံ့​အ​ပြား​နေ​ကြ၏။ 10ယု​ဒ​လူ​တို့​က​လည်း၊ အ​ဘယ်​ကြောင့် ချီ​လာ​ကြ​သ​နည်း​ဟု​မေး​သော်၊ ငါ​တို့၌ ရှံ​ဆုန်​ပြု​သ​ကဲ့​သို့ သူ့​ကို​ချည်​နှောင်၍ ပြု​ခြင်း​ငှာ ချီ​လာ​သည်​ဟု ပြန်​ပြော​ကြ၏။ 11ထို​အ​ခါ ယု​ဒ​လူ​သုံး​ထောင်​တို့​သည် ဧ​တံ​ကျောက်​ထိပ်​သို့​သွား၍၊ ဖိ​လိ​တ္တိ​လူ​တို့​သည် ငါ​တို့​သ​ခင်​ဖြစ်​ကြောင်း​ကို သင်​မ​သိ​သ​လော။ သင်​သည် ငါ​တို့၌ အ​ဘယ်​သို့​ပြု​သ​နည်း​ဟု​မေး​သော်၊ ငါ၌ သူ​တို့​ပြု​သ​ကဲ့​သို့ သူ​တို့၌​ငါ​ပြု​ပြီ​ဟု ပြန်​ပြော၏။ 12သူ​တို့​က​လည်း၊ သင့်​ကို ချည်​နှောင်၍ ဖိ​လိ​တ္တိ​လူ​တို့​လက်​သို့ အပ်​ခြင်း​ငှာ ယ​ခု ငါ​တို့​လာ​ကြ​ပြီ​ဟု​ဆို​သော်၊ ရှံ​ဆုန်​က၊ သင်​တို့​သည် ကိုယ်​တိုင် ငါ့​ကို​မ​လုပ်​ကြံ​ပါ​ဟု ကျိန်​ဆို​ကြ​လော့​ဟု ဆို​လျှင်၊ 13သူ​တို့​က၊ ငါ​တို့​သည် မ​လုပ်​ကြံ​ပါ။ ကျပ်​ကျပ်​ချည်​နှောင်၍ သူ​တို့​လက်၌ အပ်​မည်။ အ​ကယ်​စင်​စစ် ကိုယ်​တိုင်​သင့်​ကို မ​သတ်​ပါ​ဟု​ဆို​လျက် ကြိုး​သစ်​နှစ်​စင်း​ဖြင့် ချည်​နှောင်၍ ကျောက်​ပေါ်​က ဆောင်​ခဲ့​ကြ၏။ 14လေ​ဟိ​အ​ရပ်​သို့ ရောက်​သော​အ​ခါ၊ ဖိ​လိ​တ္တိ​လူ​တို့​သည် ကြွေး​ကြော်​ကြ၏။ ထာ​ဝ​ရ​ဘု​ရား၏​ဝိ​ညာဉ်​တော်​သည် သူ့​အ​ပေါ်​မှာ သက်​ရောက်​သ​ဖြင့်၊ သူ့​လက်၌ ချည်​သော​ကြိုး​တို့​သည် မီး​ထိ​သော ပိုက်​ဆန်​ရိုး​ကဲ့​သို့ ဖြစ်၍ အ​ချည်​အ​နှောင်​ကျွတ်​လေ၏။ 15သူ​သည်​လည်း မြည်း​မေး​ရိုး​လတ်​လတ်​ကို​တွေ့၍ ကိုင်​ယူ​ပြီး​လျှင် လူ​တစ်​ထောင်​တို့​ကို သတ်​လေ၏။ 16သတ်​ပြီး​လျှင် မြည်း​မေး​ရိုး​ဖြင့် အ​ပုံ​ပုံ၊ မြည်း​မေး​ရိုး​ဖြင့် လူ​တစ်​ထောင်​ကို ငါ​သတ်​လေ​ပြီ​ဟု​ဆို​သော​နောက်၊ 17မြည်း​မေး​ရိုး​ကို ပစ်​လိုက်၍၊ ထို​အ​ရပ်​ကို ရာ​မတ်​လေ​ဟိ​အ​မည်​ဖြင့် တွင်​လေ၏။ 18အ​လွန်​ရေ​ငတ်၍ ထာ​ဝ​ရ​ဘု​ရား​ကို ဆု​တောင်း​လျက်၊ ကိုယ်​တော်​သည် ဤ​ကြီး​စွာ​သော ကယ်​တင်​ခြင်း​ကို ကိုယ်​တော်၏​ကျွန်​လက်၌ ပေး​တော်​မူ​ပြီး​မှ၊ ယ​ခု အ​ကျွန်ုပ်​သည် ရေ​ငတ်​သ​ဖြင့်​သေ၍ အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​လူ​တို့​လက်​သို့ ရောက်​ရ​ပါ​မည်​လော​ဟု လျှောက်​သော်၊ 19လေ​ဟိ​အ​ရပ်၌ ချိုင့်​ဝှမ်း​ရာ​ကို ဘု​ရား​သ​ခင်​ဖောက်​တော်​မူ၍ ရေ​ထွက်​လေ၏။ သူ​သည် ရေ​ကို​သောက်​သ​ဖြင့် အ​သက်​ရှူ​ပြန်၍ အား​ဖြည့်​လေ၏။ သို့​ဖြစ်၍ ထို​ချိုင့်​ဝှမ်း​ရာ​ကို အ​ဟ​က္ကော​ရ​အ​မည်​ဖြင့် တွင်၍ ယ​နေ့​တိုင်​အောင် လေ​ဟိ​အ​ရပ်၌ ရှိ​သ​တည်း။ 20ရှံ​ဆုန်​သည်​လည်း ဖိ​လိ​တ္တိ​လူ​တို့​လက်​ထက် ဣ​သ​ရေ​လ​အ​မျိုး​ကို အ​နှစ်​နှစ်​ဆယ်​အုပ်​စိုး​လေ၏။

လက်ရှိရွေးချယ်ထားမှု

တရားသူကြီး 15: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ