YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယာကုပ် 3:1-12

ရှင်ယာကုပ် 3:1-12 JBMLE

ငါ့​ညီ​အစ်​ကို​တို့၊ ငါ​တို့​သည်​သာ၍ ကျပ်​တည်း​သော စစ်​ကြော​စီ​ရင်​ခြင်း​ကို ခံ​ရ​မည်​ဟု သင်​တို့​သိ၍ အ​များ​သော​ဆ​ရာ မ​ဖြစ်​ကြ​နှင့်။- ငါ​တို့​ရှိ​သ​မျှ​သည် အ​များ​သော​အား​ဖြင့် မှား​တတ်​ကြ၏။ စ​ကား​အား​ဖြင့် မှား​ခြင်း​မ​ရှိ​သော​သူ​မည်​သည်​ကား၊ စုံ​လင်​သော​သူ​ဖြစ်၏။ မိ​မိ​ကိုယ်​တစ်​ကိုယ်​လုံး​ကို ချုပ်​တည်း​နိုင်​သော​သူ ဖြစ်၏။- မြင်း​ကို​နိုင်​ခြင်း​ငှာ ပါး​စပ်​ကို​ဇက်​ခွံ့​တတ်၏။ သို့​ပြု၍ မြင်း​ကိုယ်​တစ်​ကိုယ်​လုံး​ကို လှည့်​စေ​တတ်၏။- ထို​မှ​တစ်​ပါး၊ အ​လွန်​ကြီး​သော​သင်္ဘော​သည် ပြင်း​စွာ​သော​လေ​ဟုန်​နှင့် လွင့်​သွား​သော်​လည်း၊ တက်​မ​ကိုင် အ​လို​ရှိ​သည်​အ​တိုင်း၊ ငယ်​သော​တက်​မ​ဖြင့် လှည့်​တတ်၏။- ထို​နည်း​တူ၊ လျှာ​သည် ငယ်​သော​အင်္ဂါ​ဖြစ်​သော်​လည်း အ​လွန်​ဝါ​ကြွား​တတ်၏။ အ​ဘယ်​မျှ​လောက် များ​စွာ​သော​ထင်း​ကို အ​နည်း​ငယ်​သော​မီး​သည် ညှိ​နိုင်​သည်​ကို ကြည့်​ပါ​လော့။- လျှာ​သည် မီး​ဖြစ်၏။ ဒု​စ​ရိုက်၏ လော​က​ဓာတ်​လည်း​ဖြစ်၏။ ထို​သို့​နှင့်​အ​ညီ၊ လျှာ​သည် ငါ​တို့၏​အင်္ဂါ​တို့​တွင်​တည်၍ တစ်​ကိုယ်​လုံး​ကို ညစ်​ညူး​စေ၏။ ဇာ​တိ​စက်​ကို​လည်း ရှို့​တတ်၏။ မိ​မိ​သည်​လည်း င​ရဲ​မီး​ရှို့​ခြင်း​ကို ခံ​လျက်​ရှိ၏။- သား​ရဲ​မျိုး၊ ငှက်​မျိုး၊ တွား​တတ်​သော​တိ​ရ​စ္ဆာန်​မျိုး၊ ငါး​မျိုး​တို့​ကို လူ​မျိုး​သည် အောင်​တတ်​သည်​အ​တိုင်း အောင်​ခဲ့​ပြီ။- လျှာ​ကို​ကား၊ အ​ဘယ်​လူ​မျှ​မ​အောင်​နိုင်၊ မ​ဆုံး​မ​နိုင်​သော အ​ဆိုး​အ​ညစ်​ဖြစ်၏။ သေ​စေ​တတ်​သော အ​ဆိပ်​အ​တောက်​နှင့် ပြည့်​စုံ၏။- ငါ​တို့​သည် လျှာ​ဖြင့် ခ​မည်း​တော်​ဘု​ရား​သ​ခင်​ကို ကောင်း​ချီး​ပေး​တတ်​ကြ၏။ ဘု​ရား​သ​ခင်၏ ပုံ​သ​ဏ္ဌာန်​တော်​နှင့်​အ​ညီ ဖန်​ဆင်း​သော​လူ​တို့​ကို လျှာ​ဖြင့် ကျိန်​ဆဲ​တတ်​ကြ၏။- နှုတ်​တစ်​ပါး​တည်း​အ​ထဲ​က၊ ထော​မ​နာ​ချီး​မွမ်း​ခြင်း​နှင့် ကျိန်​ဆဲ​ခြင်း ထွက်​တတ်​ပါ​သည်​တ​ကား၊ ငါ့​ညီ​အစ်​ကို​တို့၊ ထို​သို့​မ​ဖြစ်​ကောင်း​ရာ။- စမ်း​ရေ​ပေါက် တစ်​ပေါက်​တည်း​အ​ထဲ​က ချို​သော​ရေ​နှင့် ခါး​သော​ရေ ထွက်​တတ်​သ​လော။- ငါ့​ညီ​အစ်​ကို​တို့၊ သင်္ဘော​သ​ဖန်း​ပင်​သည် သံ​လွင်​သီး​ကို သီး​နိုင်​သ​လော။ စ​ပျစ်​ပင်​သည် သင်္ဘော​သ​ဖန်း​သီး​ကို သီး​နိုင်​သ​လော။ ထို​အ​တူ၊ ငန်​သော​ရေ​သည် ချို​သော​ရေ​ကို မ​ဖြစ်​စေ​နိုင်။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။