YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 9:8-21

ဟေရှာယ 9:8-21 JBMLE

ထာ​ဝ​ရ​ဘု​ရား​သည် ဗျာ​ဒိတ်​တော်​ကို ယာ​ကုပ်​အ​မျိုး​သို့​လွှတ်၍၊ ဣ​သ​ရေ​လ​အ​မျိုး​အ​ပေါ်​မှာ သက်​ရောက်​စေ​တော်​မူ၏။ အုတ်​ရိုး​ပြို​သော်​လည်း၊ ဆစ်​သော​ကျောက်​နှင့် တည်​ပြန်​မည်။ သ​ဖန်း​ပင်​များ​ကို ခုတ်​လှဲ​သော်​လည်း၊ သူ​တို့​အ​ရာ၌ အာ​ရဇ်​ပင်​များ​ကို စိုက်​ထား​မည်​ဟု မာ​န​ကြီး​မား​ထောင်​လွှား​သော ရှ​မာ​ရိ​မြို့​သား​မှ​စ၍ ဧ​ဖ​ရိမ်​လူ​အ​ပေါင်း​တို့​သည် သိ​ရ​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ ထို​သူ​တို့​တစ်​ဖက်၌ ရေ​ဇိန်​မင်း၏​ရန်​သူ​တို့​ကို ချီး​မြှောက်၍၊ ဧ​ဖ​ရိမ်​အ​မျိုး၏​ရန်​သူ​တို့​ကို ထ​စေ​တော်​မူ​သ​ဖြင့်၊ ရှေ့၌​ကား ရှု​ရိ​လူ၊ နောက်၌​ကား ဖိ​လိ​တ္တိ​လူ​တို့​သည် ပါး​စပ်​ဟ၍၊ ဣ​သ​ရေ​လ​အ​မျိုး​ကို ကိုက်​စား​ကြ​လိမ့်​မည်။ သို့​သော်​လည်း၊ အ​မျက်​တော်​သည်​မ​ငြိမ်း၊ လက်​တော်​သည် ဆန့်​လျက်​ရှိ​သေး၏။ ဤ​လူ​မျိုး​သည် ဒဏ်​ခတ်​တော်​မူ​သော သူ​ထံ​သို့ မ​လှည့်​မ​ပြန်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​ကို မ​ရှာ​မ​ဖွေ​တတ်။ ထို​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​မှ ဦး​ခေါင်း​နှင့် အ​မြီး​ကို​လည်း​ကောင်း၊ စွန်​ပ​လွံ​လက်​နှင့် ကိုင်း​ပင်​ကို​လည်း​ကောင်း တစ်​နေ့​ချင်း​တွင် ခုတ်​ဖြတ်​တော်​မူ​လိမ့်​မည်။ ဦး​ခေါင်း​ကား၊ အ​သက်​ကြီး​သူ​နှင့် အ​သ​ရေ​ရှိ​သူ​တည်း။ အ​မြီး​ကား၊ မု​သား​ကို​ဟော​ပြော​သော ပ​ရော​ဖက်​တည်း။ ဤ​လူ​မျိုး​ကို လမ်း​ပြ​သော​သူ​တို့​သည် လမ်း​လွဲ​စေ​ခြင်း​ငှာ ပြ​ကြ၏။ လိုက်​သော​သူ​တို့​သည်​လည်း ပျက်​စီး​ခြင်း​သို့​ရောက်​ကြ​လိမ့်​မည်။ ထို​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​တွင်​ရှိ​သော လူ​ပျို​တို့​ကို အား​ရ​တော်​မ​မူ။ မိ​ဘ​မ​ရှိ​သော​သူ​ငယ်​နှင့် မု​ဆိုး​မ​တို့​ကို သ​နား​တော်​မ​မူ။ ထို​သူ​အ​ပေါင်း​တို့​သည် အ​ဓ​မ္မ​ပြု​သော​သူ၊ ဆိုး​ညစ်​သော​သူ​ဖြစ်၍၊ မ​တ​ရား​သော​စ​ကား​ကို ပြော​တတ်​ကြ၏။ သို့​ဖြစ်၍၊ အ​မျက်​တော်​သည် မ​ငြိမ်း၊ လက်​တော်​သည် ဆန့်​လျက်​ရှိ​သေး၏။ အ​ဓ​မ္မ​သည် မီး​ကဲ့​သို့ လောင်​တတ်၏။ ဆူး​ပင်​အ​မျိုး​မျိုး​ကို ကျွမ်း​စေ​မည်။ တော​အုပ်​ကို​လည်း မီး​ရှို့​သ​ဖြင့်၊ အ​ပင်​တို့​သည် မီး​ခိုး​နှင့်​တ​ကွ လွင့်​တက်​ကြ​လိမ့်​မည်။ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏ အ​မျက်​တော်​ကြောင့်၊ မြေ​သည်​မီး​လောင်၍၊ မြေ​သား​တို့​သည် မီး​မွှေး​ဖို့ ထင်း​ဖြစ်​ကြ​လိမ့်​မည်။ ညီ​အစ်​ကို​ချင်း တစ်​ယောက်​ကို​တစ်​ယောက် မ​နှ​မြော​ရ။ လက်​ယာ​ဘက်၌ ခုတ်​ဖြတ်​သော်​လည်း၊ ငတ်​မွတ်​လိမ့်​မည်။ လက်​ဝဲ​ဘက်၌ ကိုက်​စား​သော်​လည်း မ​ဝ​ရ။ အိမ်​နီး​ချင်း​အ​သား​ကို လူ​တိုင်း ကိုက်​စား​ရ​လိမ့်​မည်။ မ​နာ​ရှေ​အ​မျိုး​သည် ဧ​ဖ​ရိမ်​အ​မျိုး​ကို​လည်း​ကောင်း၊ ဧ​ဖ​ရိမ်​အ​မျိုး​သည် မ​နာ​ရှေ​အ​မျိုး​ကို​လည်း​ကောင်း ကိုက်​စား​ကြ​လိမ့်​မည်။ ထို​နှစ်​မျိုး​တို့​သည် ယု​ဒ​အ​မျိုး​ကို တ​ညီ​တ​ညွတ်​တည်း ရန်​ပြု​ကြ​လိမ့်​မည်။ သို့​သော်​လည်း၊ အ​မျက်​တော်​သည်​မ​ငြိမ်း၊ လက်​တော်​သည် ဆန့်​လျက်​ရှိ​သေး၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။