YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 7:1-17

ဟေရှာယ 7:1-17 JBMLE

ယု​ဒ​ရှင်​ဘု​ရင် ဩ​ဇိ​သား​ဖြစ်​သော၊ ယော​သံ၏​သား​အာ​ခတ်​မင်း​လက်​ထက်၌၊ ရှု​ရိ​ရှင်​ဘု​ရင် ရေ​ဇိန်​မင်း​နှင့် ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ရေ​မ​လိ​မင်း၏​သား ပေ​ကာ​မင်း​တို့​သည်၊ ယေ​ရု​ရှ​လင်​မြို့​ကို တိုက်​ခြင်း​ငှာ ချီ​လာ​ကြ၏။ သို့​သော်​လည်း၊ အ​ကြံ​မ​မြောက်​နိုင်​ကြ။ ရှု​ရိ​ပြည်​သည် ဧ​ဖ​ရိမ်​ပြည်​ကို အ​မှီ​ပြု​သည်​ဟု ဒါ​ဝိဒ်​မင်း​မျိုး​ကြား​သော​အ​ခါ၊ တော၌​သစ်​ပင်​တို့​သည် လေ​ကြောင့်​လှုပ်​ရှား​သ​ကဲ့​သို့၊ မင်း​ကြီး၏​နှ​လုံး​နှင့် ပြည်​သား​တို့၏​နှ​လုံး​သည် တုန်​လှုပ်​လျက်​ရှိ​ကြ၏။ ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည် ဟေ​ရှာ​ယ​ကို မိန့်​တော်​မူ​သည်​ကား၊ သင်​သည်​သင်၏​သား ရှာ​ယာ​ရှုပ်​နှင့် အ​တူ​သွား၍၊ ခ​ဝါ​သည်၏ လယ်​နား​မှာ​လျှောက်​သော​လမ်း၊ အ​ထက်​ရေ​ကန်​ပြွန်​ဝ၌ အာ​ခတ်​မင်း​ကို ကြို​ဆို၍​တွေ့​လျှင်၊ ဆင့်​ဆို​ရ​မည်​မှာ၊ သ​တိ​ပြု၍ ငြိမ်​သက်​စွာ​နေ​လော့။ မီး​ခိုး​ထွက်​သော ဤ​ထင်း​စ​နှစ်​ခု​တည်း​ဟူ​သော၊ ရှု​ရိ​မင်း​ရေ​ဇိန်​နှင့် ရေ​မ​လိ၏​သား​တို့​သည် ပြင်း​စွာ အ​မျက်​ထွက်​သော်​လည်း၊ မ​စိုး​ရိမ်​နှင့်၊ စိတ်​မ​ပျက်​နှင့်။ ရှု​ရိ​ပြည်၊ ဧ​ဖ​ရိမ်​ပြည်၊ ရေ​မ​လိ​သား​တို့​က၊ ငါ​တို့​သည် ယုဒပြည်သို့သွား၍ နှောင့်ယှက်ကြကုန်အံ့။ တိုက်​ယူ၍ ပြည်​အ​လယ်​မှာ တ​ဗာ​လ၏​သား​ကို မင်း​အ​ရာ၌ ခန့်​ထား​ကြ​ကုန်​အံ့​ဟု သင့်​ဘက်၌ မ​ကောင်း​သော​အ​ကြံ​ကို ကြံ​ကြ​သော်​လည်း၊ ဘု​ရား​ရှင် ထာ​ဝ​ရ​ဘု​ရား​က၊ ထို​အ​ကြံ​မ​တည်​ရ။ ထို​သို့​မ​ဖြစ်​ရ။ ရှု​ရိ​ပြည်၏​ခေါင်း​ကား၊ ဒ​မာ​သက်​မြို့။ ဒ​မာ​သက်​မြို့၏ ခေါင်း​ကား၊ ရေ​ဇိန်​မင်း​ဖြစ်​ရ​မည်။ ဧ​ဖ​ရိမ်​ပြည်၏​ခေါင်း​ကား၊ ရှ​မာ​ရိ​မြို့။ ရှ​မာ​ရိ​မြို့၏​ခေါင်း​ကား၊ ရေ​မ​လိ​သား​ဖြစ်​ရ၏။ သို့​သော်​လည်း၊ ခြောက်​ဆယ်​ငါး​နှစ်​အ​တွင်း​တွင်၊ ဧ​ဖ​ရိမ်​ပြည်​ကို ပြည်​မ​ဖြစ်​စေ​ခြင်း​ငှာ၊ ချိုး​ဖဲ့​လိမ့်​မည်။ သင်​တို့​သည် မ​ယုံ​လျှင်၊ မ​တည်​ရ​ကြ​ဟု မိန့်​တော်​မူ၏။ တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​က၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ထံ​မှာ နိ​မိတ်​လ​က္ခ​ဏာ​ကို တောင်း​ပန်​လော့။ နက်​သော​အ​ရပ်၌ ဖြစ်​စေ၊ မြင့်​သော​အ​ထက်​အ​ရပ်၌ ဖြစ်​စေ၊ တောင်း​ပန်​လော့​ဟု အာ​ခတ်​မင်း​ကို မိန့်​တော်​မူ​လျှင်၊ အာ​ခတ်​မင်း​က၊ ကျွန်ုပ်​မ​တောင်း​ပန်​ပါ။ ထာ​ဝ​ရ​ဘု​ရား​ကို မ​စုံ​စမ်း​ပါ​ဟု ပြန်​ပြော၏။ ထို​အ​ခါ ဟေ​ရှာ​ယ​က၊ အို​ဒါ​ဝိဒ်​အ​မျိုး​သား​တို့၊ နား​ထောင်​ကြ​လော့။ သင်​တို့​သည် လူ​ကို ငြီး​ငွေ့​စေ​သည်​သာ​မ​က၊ ငါ​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်​ကို​ငြီး​ငွေ့​စေ​ကြ​မည်​လော။ ထို​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တော်​တိုင် နိ​မိတ်​လ​က္ခ​ဏာ​ကို သင်​တို့​အား​ပေး​တော်​မူ​မည်။ ကြည့်​ရှု​လော့။ သ​တို့​သ​မီး​က​ညာ​သည် ပ​ဋိ​သ​န္ဓေ​စွဲ​ယူ၍၊ သား​ယောက်ျား​ကို ဖွား​မြင်​လ​တ္တံ့။ ထို​သား​ကို ဧ​မာ​နွေ​လ​အ​မည်​ဖြင့် မှည့်​ရ​လ​တ္တံ့။ ထို​သူ​သည် မ​ကောင်း​သော​အ​ရာ​ကို​ပယ်၍၊ ကောင်း​သော​အ​ရာ​ကို ရွေး​ယူ​တတ်​သည်​တိုင်​အောင်၊ နို့​ဓမ်း​နှင့်​ပျား​ရည်​ကို စား​ရ​လိမ့်​မည်။ ထို​သူ​ငယ်​သည် မ​ကောင်း​သော​အ​ရာ​ကို မ​ပယ်၊ ကောင်း​သော​အ​ရာ​ကို မ​ရွေး​မ​ယူ​တတ်​မီ၊ သင်​ကြောက်​သော ရှင်​ဘု​ရင်​နှစ်​ဦး အ​စိုး​ရ​သော​ပြည်​သည် စွန့်​ပစ်​သော​အ​ရပ် ဖြစ်​လိမ့်​မည်။ ဧ​ဖ​ရိမ်​အ​မျိုး​သည် ယု​ဒ​အ​မျိုး​နှင့် ကွာ​သွား​သော နေ့​မှ​စ၍၊ မ​ဖြစ်​ဖူး​သော နေ့​ရက်​ကာ​လ​ကို ထာ​ဝ​ရ​ဘု​ရား​သည် သင်၏​အ​ပေါ်၌​လည်း​ကောင်း၊ သင်၏​လူ​များ​အ​ပေါ်၌​လည်း​ကောင်း၊ သင်၏​အ​မျိုး​ရင်း​အ​ပေါ်၌​လည်း​ကောင်း၊ ရောက်​စေ​တော်​မူ​မည်။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။