YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 7:1-17

ဟေရှာယ 7:1-17 Judson Bible (JBMLE)

ယု​ဒ​ရှင်​ဘု​ရင် ဩ​ဇိ​သား​ဖြစ်​သော၊ ယော​သံ၏​သား​အာ​ခတ်​မင်း​လက်​ထက်၌၊ ရှု​ရိ​ရှင်​ဘု​ရင် ရေ​ဇိန်​မင်း​နှင့် ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ရေ​မ​လိ​မင်း၏​သား ပေ​ကာ​မင်း​တို့​သည်၊ ယေ​ရု​ရှ​လင်​မြို့​ကို တိုက်​ခြင်း​ငှာ ချီ​လာ​ကြ၏။ သို့​သော်​လည်း၊ အ​ကြံ​မ​မြောက်​နိုင်​ကြ။ ရှု​ရိ​ပြည်​သည် ဧ​ဖ​ရိမ်​ပြည်​ကို အ​မှီ​ပြု​သည်​ဟု ဒါ​ဝိဒ်​မင်း​မျိုး​ကြား​သော​အ​ခါ၊ တော၌​သစ်​ပင်​တို့​သည် လေ​ကြောင့်​လှုပ်​ရှား​သ​ကဲ့​သို့၊ မင်း​ကြီး၏​နှ​လုံး​နှင့် ပြည်​သား​တို့၏​နှ​လုံး​သည် တုန်​လှုပ်​လျက်​ရှိ​ကြ၏။ ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည် ဟေ​ရှာ​ယ​ကို မိန့်​တော်​မူ​သည်​ကား၊ သင်​သည်​သင်၏​သား ရှာ​ယာ​ရှုပ်​နှင့် အ​တူ​သွား၍၊ ခ​ဝါ​သည်၏ လယ်​နား​မှာ​လျှောက်​သော​လမ်း၊ အ​ထက်​ရေ​ကန်​ပြွန်​ဝ၌ အာ​ခတ်​မင်း​ကို ကြို​ဆို၍​တွေ့​လျှင်၊ ဆင့်​ဆို​ရ​မည်​မှာ၊ သ​တိ​ပြု၍ ငြိမ်​သက်​စွာ​နေ​လော့။ မီး​ခိုး​ထွက်​သော ဤ​ထင်း​စ​နှစ်​ခု​တည်း​ဟူ​သော၊ ရှု​ရိ​မင်း​ရေ​ဇိန်​နှင့် ရေ​မ​လိ၏​သား​တို့​သည် ပြင်း​စွာ အ​မျက်​ထွက်​သော်​လည်း၊ မ​စိုး​ရိမ်​နှင့်၊ စိတ်​မ​ပျက်​နှင့်။ ရှု​ရိ​ပြည်၊ ဧ​ဖ​ရိမ်​ပြည်၊ ရေ​မ​လိ​သား​တို့​က၊ ငါ​တို့​သည် ယုဒပြည်သို့သွား၍ နှောင့်ယှက်ကြကုန်အံ့။ တိုက်​ယူ၍ ပြည်​အ​လယ်​မှာ တ​ဗာ​လ၏​သား​ကို မင်း​အ​ရာ၌ ခန့်​ထား​ကြ​ကုန်​အံ့​ဟု သင့်​ဘက်၌ မ​ကောင်း​သော​အ​ကြံ​ကို ကြံ​ကြ​သော်​လည်း၊ ဘု​ရား​ရှင် ထာ​ဝ​ရ​ဘု​ရား​က၊ ထို​အ​ကြံ​မ​တည်​ရ။ ထို​သို့​မ​ဖြစ်​ရ။ ရှု​ရိ​ပြည်၏​ခေါင်း​ကား၊ ဒ​မာ​သက်​မြို့။ ဒ​မာ​သက်​မြို့၏ ခေါင်း​ကား၊ ရေ​ဇိန်​မင်း​ဖြစ်​ရ​မည်။ ဧ​ဖ​ရိမ်​ပြည်၏​ခေါင်း​ကား၊ ရှ​မာ​ရိ​မြို့။ ရှ​မာ​ရိ​မြို့၏​ခေါင်း​ကား၊ ရေ​မ​လိ​သား​ဖြစ်​ရ၏။ သို့​သော်​လည်း၊ ခြောက်​ဆယ်​ငါး​နှစ်​အ​တွင်း​တွင်၊ ဧ​ဖ​ရိမ်​ပြည်​ကို ပြည်​မ​ဖြစ်​စေ​ခြင်း​ငှာ၊ ချိုး​ဖဲ့​လိမ့်​မည်။ သင်​တို့​သည် မ​ယုံ​လျှင်၊ မ​တည်​ရ​ကြ​ဟု မိန့်​တော်​မူ၏။ တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​က၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ထံ​မှာ နိ​မိတ်​လ​က္ခ​ဏာ​ကို တောင်း​ပန်​လော့။ နက်​သော​အ​ရပ်၌ ဖြစ်​စေ၊ မြင့်​သော​အ​ထက်​အ​ရပ်၌ ဖြစ်​စေ၊ တောင်း​ပန်​လော့​ဟု အာ​ခတ်​မင်း​ကို မိန့်​တော်​မူ​လျှင်၊ အာ​ခတ်​မင်း​က၊ ကျွန်ုပ်​မ​တောင်း​ပန်​ပါ။ ထာ​ဝ​ရ​ဘု​ရား​ကို မ​စုံ​စမ်း​ပါ​ဟု ပြန်​ပြော၏။ ထို​အ​ခါ ဟေ​ရှာ​ယ​က၊ အို​ဒါ​ဝိဒ်​အ​မျိုး​သား​တို့၊ နား​ထောင်​ကြ​လော့။ သင်​တို့​သည် လူ​ကို ငြီး​ငွေ့​စေ​သည်​သာ​မ​က၊ ငါ​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်​ကို​ငြီး​ငွေ့​စေ​ကြ​မည်​လော။ ထို​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တော်​တိုင် နိ​မိတ်​လ​က္ခ​ဏာ​ကို သင်​တို့​အား​ပေး​တော်​မူ​မည်။ ကြည့်​ရှု​လော့။ သ​တို့​သ​မီး​က​ညာ​သည် ပ​ဋိ​သ​န္ဓေ​စွဲ​ယူ၍၊ သား​ယောက်ျား​ကို ဖွား​မြင်​လ​တ္တံ့။ ထို​သား​ကို ဧ​မာ​နွေ​လ​အ​မည်​ဖြင့် မှည့်​ရ​လ​တ္တံ့။ ထို​သူ​သည် မ​ကောင်း​သော​အ​ရာ​ကို​ပယ်၍၊ ကောင်း​သော​အ​ရာ​ကို ရွေး​ယူ​တတ်​သည်​တိုင်​အောင်၊ နို့​ဓမ်း​နှင့်​ပျား​ရည်​ကို စား​ရ​လိမ့်​မည်။ ထို​သူ​ငယ်​သည် မ​ကောင်း​သော​အ​ရာ​ကို မ​ပယ်၊ ကောင်း​သော​အ​ရာ​ကို မ​ရွေး​မ​ယူ​တတ်​မီ၊ သင်​ကြောက်​သော ရှင်​ဘု​ရင်​နှစ်​ဦး အ​စိုး​ရ​သော​ပြည်​သည် စွန့်​ပစ်​သော​အ​ရပ် ဖြစ်​လိမ့်​မည်။ ဧ​ဖ​ရိမ်​အ​မျိုး​သည် ယု​ဒ​အ​မျိုး​နှင့် ကွာ​သွား​သော နေ့​မှ​စ၍၊ မ​ဖြစ်​ဖူး​သော နေ့​ရက်​ကာ​လ​ကို ထာ​ဝ​ရ​ဘု​ရား​သည် သင်၏​အ​ပေါ်၌​လည်း​ကောင်း၊ သင်၏​လူ​များ​အ​ပေါ်၌​လည်း​ကောင်း၊ သင်၏​အ​မျိုး​ရင်း​အ​ပေါ်၌​လည်း​ကောင်း၊ ရောက်​စေ​တော်​မူ​မည်။

ဟေရှာယ 7:1-17 Common Language Bible (BCL)

ယု​ဒ​ပြည်​တွင် သြ​ဇိ​၏​မြေး၊ ယော​သံ​၏​သား၊ အာ​ခတ်​နန်း​စံ​စဉ်​အ​ခါ​စစ်​ဖြစ်​လေ​သည်။ ရှု​ရိ ဘု​ရင်​ရေ​ဇိန်​နှင့်​ဣ​သ​ရေ​လ​ဘု​ရင်​ရေ​မ​လိ ၏​သား​ပေ​ကာ​တို့​သည် ယေ​ရု​ရှ​လင်​မြို့​ကို တိုက်​ခိုက်​ကြ​သော်​လည်း​ထို​မြို့​ကို​သိမ်း​ယူ နိုင်​စွမ်း​မ​ရှိ​ကြ။ ရှု​ရိ​တပ်​များ​သည် ဣ​သ​ရေ​လ​နယ်​မြေ​အ​တွင်း သို့​ရောက်​ရှိ​နေ​ပြီ​ဖြစ်​ကြောင်း ယု​ဒ​ဘု​ရင်​ကြား သိ​ရ​သော​အ​ခါ သူ​နှင့်​တ​ကွ​သူ​၏​ပြည်​သူ အ​ပေါင်း​သည်​လွန်​စွာ​ထိတ်​လန့်​ကြ​ကုန်​၏။ လေ တိုက်​၍​လှုပ်​သော​သစ်​ရွက်​များ​ကဲ့​သို့ သူ​တို့ ၏​စိတ်​နှ​လုံး​သည်​တုန်​လှုပ်​လျက်​နေ​ကုန်​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​ဟေ​ရှာ​ယ​အား``သင်​၏ သား​ရှာ​ယာ​ရှုပ်​ကို​ခေါ်​၍​အာ​ခတ်​နှင့်​သွား ရောက်​တွေ့​ဆုံ​လော့။ သင်​သည်​သူ့​ကို​အ​ထက် ရေ​ကန်​ရေ​သွယ်​မြောင်း​အ​ဆုံး​အ​ထည်​ယက် သ​မား​များ​အ​လုပ်​လုပ်​သည့်​နေ​ရာ​အနီး ရှိ​လမ်း​ပေါ်​တွင်​တွေ့​လိမ့်​မည်။- သူ့​အား​သ​တိ​ရှိ​မှု၊ တည်​ငြိမ်​မှု​ရှိ​ရန်​နှင့်​ထိတ် လန့်​မှု​နှင့်​စိတ်​အ​နှောက်​အ​ယှက်​မ​ဖြစ်​ရန် ကို​ပြော​ကြား​လော့။ ရေ​ဇိန်​မင်း​နှင့်​တ​ကွ ရှု​ရိ​ပြည်​သူ​တို့​၏​အ​မျက်​နှင့်​ပေ​ကာ​မင်း ၏​အ​မျက်​သည် ထင်း​စ​နှစ်​ခု​မှ​အ​ငွေ့​တ​လူ လူ​ထွက်​လျက်​နေ​သော​မီး​ခိုး​ထက်​ပို​၍ ဥ​ပဒ်​မ​ပေး​နိုင်။- ရှု​ရိ​ပြည်​သည်​ဣ​သ​ရေ​လ​ပြည်​နှင့် ၎င်း ၏​ရှင်​ဘု​ရင်​တို့​နှင့်​အ​တူ လျှို့​ဝှက်​သော အ​ကြံ​အ​စည်​တစ်​ခု​ကို​ပြု​၏။- သူ​တို့​သည်​ယု​ဒ​ပြည်​ကို​ချင်း​နင်း​ဝင်​ရောက် ကာ​ပြည်​သူ​တို့​အား မိ​မိ​ဘက်​သို့​ပါ​အောင် ခြိမ်း​ခြောက်​၍​တ​ဗာ​လ​၏​သား​ကို​နန်း​တင် ရန်​ကြံ​ရွယ်​ထား​ကြ​၏။ သို့​ရာ​တွင် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​ဖွင့်​ဟ ကြေ​ညာ​သည်​မှာ``ဤ​သို့​အ​ဘယ်​အ​ခါ ၌​မျှ​ဖြစ်​ရ​လိမ့်​မည်​မ​ဟုတ်။- အ​ဘယ်​ကြောင့်​ဆို​သော်​ရှု​ရိ​ပြည်​၏​အင်​အား သည် ဒ​မာ​သက်​မြို့​ပင်​ဖြစ်​၍​ဒ​မာ​သက်​မြို့​၏ အင်​အား​မှာ​လည်း ရေ​ဇိန်​မင်း​ပင်​ဖြစ်​သော ကြောင့်​တည်း။ ဣ​သ​ရေ​လ​ပြည်​သည်​လည်း ခြောက်​ဆယ့်​ငါး​နှစ်​အ​တွင်း ပြို​ကွဲ​လျက် နိုင်​ငံ​တစ်​ခု​အ​နေ​ဖြင့်​ရပ်​တည်​နိုင်​တော့ မည်​မ​ဟုတ်။- ဣ​သ​ရေ​လ​ပြည်​၏​အင်​အား​သည် ရှ​မာ​ရိ မြို့​ဖြစ်​၍​ရှ​မာ​ရိ​မြို့​၏​အင်​အား​မှာ​လည်း ပေ​ကာ​မင်း​ပင်​ဖြစ်​ပေ​သည်။'' ``အ​ကယ်​၍​သင်​တို့​သည် ခိုင်​မြဲ​စွာ​ဘု​ရား​သ​ခင်​အား​ယုံ​ကြည်​ကိုး​စား​မှု​မ​ပြု​လျှင် အ​ဘယ်​အ​ခါ​၌​မျှ​ရပ်​တည်​နိုင်​ကြ​လိမ့် မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​အာ​ခတ်​ထံ​သို့ မိ​မိ ၏​စေ​တ​မန်​ကို​လွှတ်​တော်​မူ​ပြန်​၍၊- ``နိ​မိတ်​လက္ခ​ဏာ​တစ်​ခု​ကို​ပြ​တော်​မူ​ရန် သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား တောင်း​လျှောက်​လော့။ ထို​နိ​မိတ်​လက္ခ​ဏာ​သည် မ​ရ​ဏာ​နိုင်​ငံ​မှ​လည်း​ကောင်း၊ အ​ထက်​ကောင်း ကင်​ဘုံ​မှ​လည်း​ကောင်း​ဖြစ်​နိုင်​ပါ​သည်'' ဟု ပြော​ကြား​စေ​တော်​မူ​၏။ အာ​ခတ်​က``ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​အား အ​ကဲ​မ​စမ်း​လို​ပါ။ သို့​ဖြစ်​၍​နိ​မိတ် လက္ခ​ဏာ​ကို​တောင်း​လျှောက်​လိမ့်​မည် မ​ဟုတ်'' ဟု​ဆို​၏။ ထို​အ​ခါ​ဟေ​ရှာ​ယ​က``အို ဒါ​ဝိဒ်​၏​သား​မြေး၊ နား​ထောင်​လော့။ သင်​သည်​မိ​မိ​အား​ပြည်​သူ​တို့ ငြီး​ငွေ့​အောင်​ပြု​ရုံ​ဖြင့်​မ​ကျေ​နပ်​ဘဲ ထာ​ဝ​ရ ဘု​ရား​လည်း​ငြီး​ငွေ့​လာ​အောင်​ပြု​လို​ပါ သ​လော။- ယ​ခု​ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​တိုင်​ပင် သင့် အား​နိ​မိတ်​လက္ခ​ဏာ​တစ်​ခု​ကို​ပြ​တော်​မူ လိမ့်​မည်။ အ​မျိုး​သ​မီး​ပျို​တစ်​ယောက်​သည် ကိုယ်​ဝန်​ဆောင်​၍​သား​ယောကျာ်း​ကို​ဖွား​မြင် လိမ့်​မည်။ သူ​သည်​ထို​သား​ကို`ဧ​မာ​နွေ​လ' ဟု​နာ​မည်​ပေး​လိမ့်​မည်။- ထို​သူ​ငယ်​သည်​အ​ရွယ်​ရောက်​၍​စဉ်း​စား ဆုံး​ဖြတ်​တတ်​ချိန်​ရောက်​သည့်​အ​ခါ နို့​နှင့် ပျား​ရည်​ကို​သာ​စား​သုံး​လိမ့်​မည်။- ထို​အ​ချိန်​ကာ​လ​မ​ကျ​မီ​၌​ပင်​လျှင် သင် ကြောက်​လန့်​သည့်​ဘု​ရင်​နှစ်​ပါး​၏​တိုင်း ပြည်​များ​သည်​လူ​သူ​ဆိတ်​ငြိမ်​ရာ​ဖြစ် လျက်​နေ​လိမ့်​မည်။ ``ဣ​သ​ရေ​လ​နှင့်​ယု​ဒ​နှစ်​ခြမ်း​ကွဲ​ချိန်​မှ​အ​စ ပြု​၍ မ​ကြုံ​ဘူး​သေး​သော​ဘေး​ဒုက္ခ​များ​ကို ထာ​ဝ​ရ​ဘု​ရား​သည် သင်​နှင့်​သင်​၏​ပြည်​သူ​တို့ အ​ပေါ်​သို့​လည်း​ကောင်း၊ မင်း​ဆွေ​မင်း​မျိုး​မှန် သ​မျှ​အ​ပေါ်​သို့​လည်း​ကောင်း​သက်​ရောက်​စေ တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည်​အာ​ရှု​ရိ ဘု​ရင်​ကို​ခေါ်​ဆောင်​လာ​တော်​မူ​ပေ​အံ့။

ဟေရှာယ 7:1-17 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဩဇိ​မင်းကြီး​၏​သား​တော်​ယောသံ​၊ ယောသံ​မင်းကြီး​၏​သား​တော် ယုဒ​ဘုရင်​အာခတ်​မင်းကြီး​၏​လက်ထက်​တွင် ဆီးရီးယား​ဘုရင်​ရေဇိန်​မင်းကြီး​၊ ရေမလိ​၏​သား အစ္စရေး​ဘုရင်​ပေကာ​မင်းကြီး​တို့​သည် ဂျေရုဆလင်​မြို့​ကို ချီတက်​တိုက်ခိုက်​၏​။ သို့သော် မ​အောင်​နိုင်​ခဲ့​ပေ​။ “​ဆီးရီးယား​ပြည်​သည် ဧဖရိမ်​ပြည်​နှင့် မဟာမိတ်ဖွဲ့​သည်​”​ဟု ဒါဝိဒ်​အမျိုးအနွယ်​ကြားသိ​သောအခါ တော​ထဲမှ​သစ်ပင်​တို့​သည် လေတိုက်​၍​လှုပ်ခါ​သကဲ့သို့ အာခတ်​မင်းကြီး​နှင့် ပြည်သူပြည်သား​တို့​၏​စိတ်နှလုံး​သည် လှုပ်ခါ​သွား​လေ​၏​။ ထိုအခါ ထာဝရဘုရား​က ဟေရှာယ​အား “​သင်​သည် သင်​၏​သား​ရှာယာရှုပ်​နှင့်အတူ ခဝါသည်​၏​လယ်​သို့​သွား​သော​လမ်းမကြီး​တွင်​ရှိ​သည့် အထက်​ရေကန်​ရေသွယ်မြောင်း​အဆုံး​၌ အာခတ်​မင်းကြီး​နှင့် သွားရောက်​တွေ့ဆုံ​၍ ‘​သတိပြု​လျက် ငြိမ်ဝပ်​စွာ​နေ​လော့​။ မီးခိုး​ထွက်​နေ​သော​ထင်းစ​နှစ်​ခု​နှင့်တူသော ဆီးရီးယား​ဘုရင်​ရေဇိန်​မင်းကြီး​နှင့် ရေမလိ​၏​သား​တို့ ပြင်းစွာ​အမျက်ထွက်​သည်​ကို မ​ကြောက်​နှင့်​။ စိတ်​မ​ပျက်​နှင့်​။ ဆီးရီးယား​ပြည်​သည် ဧဖရိမ်​ပြည်သား​ဖြစ်​သော​ရေမလိ​၏​သား​နှင့်အတူ သင့်​ကို မကောင်း​ကြံစည်​လျက် ငါ​တို့​သည် ယုဒ​ပြည်​သို့​စစ်ချီ​ပြီး ထို​ပြည်​ကို တစ်စစီ​ဖြိုခွဲ​၍ ခွဲဝေ​ယူ​ကြ​စို့​။ တဗာလ​၏​သား​ကို ထို​ပြည်​၏​ရှင်ဘုရင်​အဖြစ်​တင်မြောက်​ကြ​စို့​ဟု ဆို​ကြ​၏​။ ဘုရားရှင်​ထာဝရဘုရား​က ထို​အကြံ​အထ​မ​မြောက်​ရ​၊ ထိုသို့​မ​ဖြစ်​ရ​။ အကြောင်းမူကား ဆီးရီးယား​ပြည်​၏​ဦးခေါင်း​သည် ဒမတ်စကပ်​မြို့​၊ ဒမတ်စကပ်​မြို့​၏​ဦးခေါင်း​သည် ရေဇိန်​မင်းကြီး​ဖြစ်​၏​။ ဧဖရိမ်​သည် ခြောက်ဆယ့်​ငါး​နှစ်​အတွင်း လူမျိုး​တစ်​မျိုး​အဖြစ်​မှ တစ်စစီပြိုကွဲ​သွား​ရ​လိမ့်မည်​ဟု မိန့်​တော်မူ​ပြီ​။ ဧဖရိမ်​ပြည်​၏​ဦးခေါင်း​သည် ရှမာရိ​မြို့​၊ ရှမာရိ​မြို့​၏​ဦးခေါင်း​သည် ရေမလိ​၏​သား​ဖြစ်​၏​။ သင်​တို့​၌ ယုံကြည်​ခြင်း​မ​ရှိ​လျှင် သင်​တို့​တည်မြဲ​လိမ့်မည်​မ​ဟုတ်​’​ဟူ၍ ဆင့်ဆို​လော့​”​ဟု မိန့်​တော်မူ​၏​။ တစ်ဖန် ထာဝရဘုရား​က အာခတ်​မင်းကြီး​အား “​သင်​၏​ဘုရားသခင်​ထာဝရဘုရား​ထံ နိမိတ်လက္ခဏာ​ကို တောင်း​လော့​။ နက်​သော​မရဏာနိုင်ငံ​မှ​ဖြစ်စေ​၊ မြင့်​သော​အထက်​အရပ်​မှ​ဖြစ်စေ တောင်း​လော့​”​ဟု မိန့်​တော်မူ​၏​။ သို့သော် အာခတ်​မင်းကြီး​က “​အကျွန်ုပ်​မ​တောင်း​ပါ​။ ထာဝရဘုရား​ကို အကျွန်ုပ်​မ​စမ်းသပ်​ပါ​”​ဟု ပြန်လျှောက်​၏​။ ထိုအခါ ဟေရှာယ​က “​ဒါဝိဒ်​အမျိုးအနွယ်​တို့​၊ နားထောင်​လော့​။ သင်​တို့​သည် လူ​တို့​ကို​စိတ်ပင်ပန်း​စေ​သည်​မှာ နည်း​သေး​၍ ငါ​၏​ဘုရားသခင်​ကို​ပါ စိတ်ပင်ပန်း​စေ​ကြ​မည်လော​။ ဘုရားရှင်​ကိုယ်တော်တိုင် သင်​တို့​အား နိမိတ်လက္ခဏာ​ပေး​တော်မူ​မည်​။ ကြည့်ရှု​လော့​။ အပျိုကညာ​သည် သန္ဓေတည်​၍ သား​ယောက်ျား​ကို​ဖွားမြင်​လိမ့်မည်​။ ထို​သား​၏​အမည်​ကို ဧမာနွေလ​ဟု​ခေါ်​ကြ​လိမ့်မည်​။ သူ​သည် အဆိုး​ကို​ပယ်​၍ အကောင်း​ကို​ရွေးချယ်​တတ်​သည်​အထိ ထောပတ်​နှင့်​ပျားရည်​ကို​သာ စားသုံး​ရ​လိမ့်မည်​။ အကြောင်းမူကား ထို​သူငယ်​သည် အဆိုး​ကို​ပယ်​၍ အကောင်း​ကို​မ​ရွေးချယ်​တတ်​မီ သင်​တို့​ကြောက်ရွံ့​သော​ရှင်ဘုရင်​နှစ်​ပါး​၏​ပြည်​သည် စွန့်ပစ်​ခြင်း​ခံရ​လိမ့်မည်​။ ထာဝရဘုရား​သည် အဆီးရီးယား​ဘုရင်​ကို သင့်​ထံသို့​လည်းကောင်း​၊ သင့်​လူမျိုး​ထံသို့​လည်းကောင်း​၊ သင့်​ဖခင်​၏​အမျိုးအနွယ်​ထံသို့​လည်းကောင်း ခေါ်ဆောင်​လာ​တော်မူ​မည်​ဖြစ်၍ ယုဒ​အမျိုး​ထံမှ ဧဖရိမ်​အမျိုး​ထွက်သွား​သော​နေ့​မှစ၍ မ​ကြုံ​ဖူး​သော​နေ့ရက်​များ​ကို သင်​တို့​ကြုံ​ရ​လိမ့်မည်​။