YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 63:1-6

ဟေရှာယ 63:1-6 JBMLE

တင့်​တယ်​သော အ​ဝတ်​တန်​ဆာ​ဆင်​ခြင်း၊ ကြီး​သော​တန်​ခိုး​ကြောင့် ဝါ​ကြွား​ခြင်း​ရှိ၍၊ ပန်း​ဆိုး​သော အ​ဝတ်​ကို​ဝတ်​လျက်၊ ဧ​ဒုံ​ပြည်​ဗော​ဇ​ရ​မြို့​မှ လာ​သော​ဤ​သူ​ကား၊ အ​ဘယ်​သူ ဖြစ်​ပါ​လိမ့်​မည်​နည်း။ ဖြောင့်​မတ်​ခြင်း​တ​ရား​ကို ဟော၍၊ ကယ်​တင်​ခြင်း​ငှာ တန်​ခိုး​ကြီး​သော ငါ​ပေ​တည်း။ ကိုယ်​တော်​သည် အ​ဘယ်​ကြောင့် နီ​သော​အ​ဝတ်​ကို ဝတ်​တော်​မူ​သ​နည်း။ အ​ဝတ်​တော်​သည် စ​ပျစ်​သီး​ကို နင်း​နယ်​သော သူ၏​အ​ဝတ်​နှင့် အ​ဘယ်​ကြောင့် တူ​ပါ​သ​နည်း။ စ​ပျစ်​သီး​ကို ငါ​တစ်​ယောက်​တည်း နင်း​နယ်​ရ​ပြီ။ လူ​များ​အ​ထဲ​က တစ်​ယောက်​မျှ​မ​ပါ။ သူ​တို့​ကို ငါ​အ​မျက်​ထွက်၍ ကျော်​နင်း​ပြီ။ ပြင်း​စွာ​အ​မျက်​ထွက်၍ နှိပ်​နင်း​ပြီ။ သူ​တို့​အ​သွေး​သည် ငါ့​အ​ဝတ်​ပေါ်​မှာ ဖျန်း​လျက်​ရှိ​ပြီ။ ငါ့​အ​ဝတ်​တန်​ဆာ​ရှိ​သ​မျှ​ကို ငါ​ဆိုး​ပြီ။ အ​ပြစ်​ပေး​သော နေ့​ရက်​ကို ငါ​အောက်​မေ့​ပြီ။ ငါ​ရွေး​နုတ်​သော သူ​တို့၏​နှစ်​သည် ရောက်​လာ​ပြီ။ ငါ​ကြည့်​ရှု၍ မ​စ​သော​သူ​မ​ရှိ။ မှိုင်​တွေ​သော်​လည်း ထောက်​ပင့်​သော​သူ​မ​ရှိ။ ထို​ကြောင့်၊ ကိုယ်​လက်​သည် ကိုယ်​အ​ဖို့ ကယ်​တင်​ခြင်း​ကို ပြု​ပြီ။ ကိုယ်​ဒေါ​သ​အ​မျက်​သည် ကိုယ်​ကို ထောက်​ပင့်​ပြီ။ လူ​များ​ကို အ​မျက်​ထွက်၍ ကျော်​နင်း​ပြီ။ ပြင်း​စွာ​အ​မျက်​ထွက်၍ ကျပ်​ကျပ်​နှိပ်​နင်း​ပြီ။ သူ​တို့​အ​သွေး​ကို မြေ​ပေါ်​မှာ​သွန်​ပြီ။