YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 61:1-4

ဟေရှာယ 61:1-4 JBMLE

ထာ​ဝ​ရ​ဘု​ရား၏​ဝိ​ညာဉ်​တော်​သည် ငါ့​အ​ပေါ်​မှာ တည်​တော်​မူ၏။ အ​ကြောင်း​မူ​ကား၊ ဆင်း​ရဲ​သား​တို့​အား ဝမ်း​မြောက်​စ​ရာ​သ​တင်း​ကို ကြား​ပြော​စေ​ခြင်း​ငှာ၊ ငါ့​ကို​ဘိ​သိက်​ပေး​တော်​မူ​ပြီ။ နှ​လုံး​ကြေ​ကွဲ​သော​သူ​တို့၏ အ​နာ​ကို​စည်း​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဖမ်း​သွား​ချုပ်​ထား​လျက် ရှိ​သော​သူ​တို့​အား လွှတ်​ခြင်း​အ​ကြောင်း​နှင့်၊ အ​ကျဉ်း​ခံ​လျက်​ရှိ​သော​သူ​တို့​အား ထောင်​တံ​ခါး​ဖွင့်​ခြင်း​အ​ကြောင်း​ကို ပြ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား၏​မင်္ဂ​လာ​နှစ်​နှင့်၊ ငါ​တို့​ဘု​ရား​သ​ခင် အ​ပြစ်​ပေး​တော်​မူ​ရာ နေ့​ရက်​ကာ​လ​ကို ကြား​ပြော​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ စိတ်​မ​သာ​ညည်း​တွား​သော သူ​တို့​အား နှစ်​သိမ့်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ စိတ်​မ​သာ​ညည်း​တွား​သော ဇိ​အုန်​မြို့​သား​တို့​အ​ဖို့​စီ​ရင်၍၊ ပြာ​အ​ရာ၌ ပေါင်း​သ​ရ​ဖူ၊ ဝမ်း​နည်း​ခြင်း​အ​ရာ၌ ဝမ်း​မြောက်​ခြင်း​ဆီ၊ ညှိုး​ငယ်​သော စိတ်​သ​ဘော​အ​ရာ၌ ချီး​မွမ်း​ခြင်း​အ​ဝတ်​တန်​ဆာ​ကို သူ​တို့​အား​ပေး​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ့​ကို စေ​လွှတ်​တော်​မူ​ပြီ။ ထို​သူ​တို့​သည် ဖြောင့်​မတ်​ခြင်း​သ​ပိတ်​ပင်၊ ဘုန်း​အ​သ​ရေ​တော်​ဖို့ ထာ​ဝ​ရ​ဘု​ရား စိုက်​ပျိုး​တော်​မူ​သော​အ​ပင်​ဟူ၍ သ​မုတ်​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။ ရှေး​ပြို​ပျက်​ရာ​တို့​ကို ပြု​ပြင်​ကြ​လိမ့်​မည်။ ရှေး​ကာ​လ၌ သုတ်​သင်​ပယ်​ရှင်း​ရာ​တို့​ကို တည်​ဆောက်​ကြ​လိမ့်​မည်။ ဆိတ်​ညံ​သော​မြို့​ရာ၊ အ​စဉ်​အ​ဆက် စွန့်​ပစ်​ရာ​အ​ရပ်​တို့​ကို ပြု​စု​ကြ​လိမ့်​မည်။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။