YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 60:10-14

ဟေရှာယ 60:10-14 JBMLE

တစ်​ပါး​အ​မျိုး​တို့​သည် သင်၏​မြို့​ရိုး​ကို တည်​ကြ​လိမ့်​မည်။ ရှင်​ဘု​ရင်​တို့​သည်​လည်း သင့်​ကို ပြု​စု​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ငါ​သည် အ​မျက်​ထွက်၍ သင့်​ကို​ဒဏ်​ခတ်​သော်​လည်း၊ စေ​တ​နာ​စိတ်​နှင့် သ​နား​ဦး​မည်။ တစ်​ပါး​အ​မျိုး​သား​တို့၏​စည်း​စိမ်​ကို သင့်​ထံ​သို့​ဆောင်​ခဲ့၍၊ သူ​တို့၏ ရှင်​ဘု​ရင်​တို့​ကို​လည်း ပို့​သ​မည်​အ​ကြောင်း၊ သင်၏​တံ​ခါး​တို့​ကို နေ့​ည​မ​ပိတ်​ဘဲ အ​စဉ်​ဖွင့်​ထား​ရ​လိမ့်​မည်။ အ​ကြင်​ပြည်​နှင့် အ​ကြင်​နိုင်​ငံ​သည် သင်၏​အ​မှု​ကို​မ​ဆောင်၊ ထို​ပြည်​နှင့် ထို​နိုင်​ငံ​သည် ပျက်​စီး​ရ​လိမ့်​မည်။ ထို​သို့​သော တိုင်း​နိုင်​ငံ​တို့​သည် သုတ်​သင်​ပယ်​ရှင်း​ခြင်း​ကို အ​မှန်​ခံ​ရ​ကြ​လိမ့်​မည်။ ငါ၏ သန့်​ရှင်း​ရာ​ဌာ​န​ကို တင့်​တယ်​စေ​ခြင်း​ငှာ၊ လေ​ဗ​နုန်​ဘုန်း​နှင့်​တ​ကွ ထင်း​ရှူး​ပင်၊ တ​ဒေ​ရ​ပင်၊ တာ​ရှု​ရ​ပင်​တို့​သည် သင့်​ထံ​သို့ တ​ညီ​တ​ညွတ်​တည်း ရောက်​လာ​ကြ​လိမ့်​မည်။ ငါ​သည် ငါ၏​ခြေ​တင်​ရာ​အ​ရပ်​ကို ဘုန်း​ပွင့်​စေ​မည်။ သင့်​ကို ညှဉ်း​ဆဲ​သော​သူ​တို့၏​သား​တို့​သည် သင့်​ထံ​သို့​လာ၍ ဦး​ချ​ကြ​လိမ့်​မည်။ သင့်​ကို မ​ထီ​မဲ့​မြင်​ပြု​သော​သူ အ​ပေါင်း​တို့​သည် သင်၏​ခြေ​ရင်း၌ ဝပ်​နေ​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား၏​မြို့၊ ဣ​သ​ရေ​လ​အ​မျိုး၏ သန့်​ရှင်း​သော​ဘု​ရား၏ ဇိ​အုန်​မြို့​ဟူ၍၊ သင့်​ကို သ​မုတ်​ကြ​လိမ့်​မည်။