YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 60:1-10

ဟေရှာယ 60:1-10 JBMLE

သင်​ထ​လော့။ လင်း​လော့။ သင်၏​အ​လင်း​ရောက်​လာ​ပြီ။ ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​သည် သင်၏​အ​ပေါ်​မှာ ပေါ်​ထွန်း​လျက်​ရှိ​၏။ ကြည့်​ရှု​လော့။ မှောင်​မိုက်​သည် မြေ​ကြီး​ကို ဖုံး​လွှမ်း​လိမ့်​မည်။ ထူ​ထပ်​သော​မှောင်​မိုက်​သည် လူ​များ​ကို ဖုံး​လွှမ်း​လိမ့်​မည်။ သို့​သော်​လည်း၊ သင်၏​အ​ပေါ်​မှာ ထာ​ဝ​ရ​ဘု​ရား​သည် ပေါ်​ထွန်း​တော်​မူ၍၊ ဘုန်း​တော်​သည် သင်၏​အ​ပေါ်​မှာ ထင်​ရှား​လျက်​ရှိ​လိမ့်​မည်။ တစ်​ပါး​အ​မျိုး​သား​တို့​သည် သင်​၏​အ​လင်း​သို့​လည်း​ကောင်း၊ ရှင်​ဘု​ရင်​တို့​သည် သင်၌ ပေါ်​ထွန်း​ခြင်း​အ​ရောင်​သို့​လည်း​ကောင်း လာ​ကြ​လိမ့်​မည်။ အ​ရပ်​ရပ်​သို့ မျှော်​ကြည့်​လော့။ ခပ်​သိမ်း​သော​သူ​တို့​သည် စု​ဝေး၍ သင့်​ထံ​သို့ လာ​ကြ၏။ သင်၏​သား​သ​မီး​တို့​သည် အ​ဝေး​က​လာ၍၊ သင်၏​အ​နား​မှာ မွေး​စား​ခြင်း​ကို ခံ​ကြ​လိမ့်​မည်။ ထို​အ​ခါ သင်​သည် ကြောက်​ရွံ့​ခြင်း​နှင့် ရွှင်​လန်း​ခြင်း​ရှိ​လိမ့်​မည်။ နှ​လုံး​တုန်​လှုပ်၍ ဝမ်း​မြောက်​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ သ​မု​ဒ္ဒ​ရာ၏​ကြွယ်​ဝ​ခြင်း​သည် သင့်​ဘက်​သို့ ပြောင်း​လဲ၍၊ တစ်​ပါး​အ​မျိုး​သား​တို့၏​စည်း​စိမ်​သည် သင့်​လက်​သို့​ရောက်​လိမ့်​မည်။ ကု​လား​အုတ်​များ​နှင့် မိ​ဒျန်​ပြည်၊ ဧ​ဖာ​ပြည်​မှ​ဖြစ်​သော ကု​လား​အုတ်​မျိုး​တို့​သည် သင့်​ကို နှံ့​ပြား​ကြ​လိမ့်​မည်။ ရှေ​ဘ​ပြည်​သား အ​ပေါင်း​တို့​သည် လာ​ကြ​လိမ့်​မည်။ ရွှေ​နှင့် လော​ဗန်​ကို​ဆောင်​ခဲ့၍၊ ထာ​ဝ​ရ​ဘု​ရား၏ ဂုဏ်​ကျေး​ဇူး​တော်​တို့​ကို ဝမ်း​မြောက်​စွာ ချီး​မွမ်း​ကြ​လိမ့်​မည်။ ကေ​ဒါ​ပြည်၏ သိုး​စု​အ​ပေါင်း​တို့​သည် သင့်​ထံ​မှာ စု​ဝေး​ကြ​လိမ့်​မည်။ န​ဗာ​ယုတ်​ပြည်၏ ဆိတ်​တို့​သည် သင်၏​အ​မှု​ကို ဆောင်​ရွက်၍၊ နှစ်​သက်​ဖွယ်​သော​လ​က္ခ​ဏာ​နှင့် ငါ၏​ယဇ်​ပ​လ္လင်​ပေါ်​သို့ တက်​ကြ​လိမ့်​မည်။ ငါ့​ဘုန်း ထင်​ရှား​ရာ​ဗိ​မာန်​ကို ငါ​သည် သာ၍​ဘုန်း​ပွင့်​စေ​မည်။ မိုး​တိမ်​ကဲ့​သို့​လည်း​ကောင်း၊ မိ​မိ​တို့​အိမ်​သို့​ပျံ​သော ချိုး​များ​ကဲ့​သို့​လည်း​ကောင်း ပျံ​လာ​သော ဤ​သူ​တို့​ကား၊ အ​ဘယ်​သူ ဖြစ်​ကြ​လိမ့်​မည်​နည်း။ အ​ကယ်​စင်​စစ် သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​ကြောင့်​လည်း​ကောင်း၊ သင်၏​ဘုန်း​ကို ပွင့်​စေ​သော၊ ဣ​သ​ရေ​လ​အ​မျိုး၏ သန့်​ရှင်း​သော​ဘု​ရား​ကြောင့်​လည်း​ကောင်း၊ သင်၏​သား​တို့​နှင့်​တ​ကွ သူ​တို့​ရွှေ​ငွေ​များ​ကို အ​ဝေး​မှ​ဆောင်​ခဲ့​ခြင်း​ငှာ၊ တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​တို့​သည် ငါ့​ကို​စောင့်​နေ၍၊ တာ​ရှု​သင်္ဘော​တို့​သည် အ​ဦး ပြု​ကြ​လိမ့်​မည်။ တစ်​ပါး​အ​မျိုး​တို့​သည် သင်၏​မြို့​ရိုး​ကို တည်​ကြ​လိမ့်​မည်။ ရှင်​ဘု​ရင်​တို့​သည်​လည်း သင့်​ကို ပြု​စု​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ငါ​သည် အ​မျက်​ထွက်၍ သင့်​ကို​ဒဏ်​ခတ်​သော်​လည်း၊ စေ​တ​နာ​စိတ်​နှင့် သ​နား​ဦး​မည်။

​ဟေရှာယ 60:1-10 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။