YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 58

58
မှန်​ကန်သော​အ​စာ​ရှောင်​ခြင်း
1အ​သံ​မ​လျော့​ဘဲ ကြွေး​ကြော်​လော့။ တံ​ပိုး​သံ​ကဲ့​သို့ အ​သံ​ကို​လွှင့်၍၊ ယာ​ကုပ်​အ​မျိုး​သား​ဖြစ်​သော ငါ၏​လူ​တို့​အား၊ သူ​တို့​ဒု​စ​ရိုက်​အ​ပြစ်​ကို ဖော်​ပြ​လော့။ 2သူ​တို့​သည် တ​ရား​ကျင့်​သော​အ​မျိုး၊ မိ​မိ​ဘု​ရား​သ​ခင်၏​ပ​ညတ်​တို့​ကို မ​စွန့်​သော​အ​မျိုး​ကဲ့​သို့၊ နေ့​တိုင်း​ငါ့​ကို​ရှာ၍ ငါ၏​တ​ရား​လမ်း၌ မွေ့​လျော်​ကြ​သည်​တ​ကား။ ဖြောင့်​မတ်​စွာ တ​ရား​စီ​ရင်​ချက်​တို့​ကို ငါ့​ထံ​မှာ​အ​စဉ်​မေး​မြန်း၍၊ ဘု​ရား​သ​ခင့်​ထံ​သို့ ချဉ်း​ကပ်​ရာ၌ မွေ့​လျော်​ကြ​သည်​တ​ကား။ 3အ​ကျွန်ုပ်​တို့​သည် အ​စာ​ရှောင်​ခြင်း​အ​ကျင့်​ကို ကျင့်​သော​အ​ခါ၊ ကိုယ်​တော်​သည် အ​ဘယ်​ကြောင့် မြင်​တော်​မ​မူ​သ​နည်း။ အ​ကျွန်ုပ်​တို့​သည် ခြိုး​ခြံ​စွာ​ကျင့်​သော​အ​ခါ၊ ကိုယ်​တော်​သည် အ​ဘယ်​ကြောင့် သိ​မှတ်​တော်​မ​မူ​သ​နည်း​ဟု ဆို​သော်၊ သင်​တို့​သည် အ​စာ​ရှောင်​သော​နေ့၌ ကိုယ်​တိုင်​ပျော်​မွေ့၍၊ ကျွန်​တို့​ကို​ပင်​ပန်း​စွာ​လုပ်​စေ​ကြ၏။ 4သင်​တို့​သည် ငြင်း​ခုံ​ရန်​တွေ့​လျက်၊ အ​ဓ​မ္မ​လက်​ဆုပ်​နှင့် ထိုး​လျက် အ​စာ​ရှောင်​ကြ၏။ မြင့်​သော​အ​ရပ်၌ မိ​မိ​တို့​အ​သံ​ကို ကြား​စေ​ခြင်း​ငှာ၊ ယ​ခု​ကာ​လ​အ​ခါ အ​စာ​ရှောင်​ကြ​သည်​မ​ဟုတ်။ 5ငါ​နှစ်​သက်​သော အ​စာ​ရှောင်​ခြင်း​သည် ထို​သို့​သော လ​က္ခ​ဏာ​ရှိ​သ​လော။ လူ​သည် တစ်​ရက်​တွင် ခြိုး​ခြံ​စွာ​ကျင့်​ခြင်း၊ ကိုင်း​ပင်​ကဲ့​သို့ ဦး​ချ​ခြင်း၊ အိပ်​ရာ​ဖို့ လျှော်​တေ​နှင့်​ပြာ​ကို ခင်း​ခြင်း၊ လ​က္ခ​ဏာ​ရှိ​လျှင်၊ အ​စာ​ရှောင်​ခြင်း​ဟူ၍​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား နှစ်​သက်​တော်​မူ​သော​နေ့​ရက် ဟူ၍​လည်း​ကောင်း မှည့်​အပ်​သ​လော။ 6ငါ​နှစ်​သက်​သော အ​စာ​ရှောင်​ခြင်း​ဟူ​မူ​ကား၊ မ​တ​ရား​သော အ​ချည်​အ​နှောင်​ကို ချွတ်​ခြင်း၊ လေး​သော​ဝန်​ကို​ချ​ခြင်း၊ ညှဉ်း​ဆဲ​ခံ​ရ​သော သူ​တို့​ကို လွှတ်​ခြင်း၊ ထမ်း​ပိုး​ရှိ​သ​မျှ​ကို ချိုး​ခြင်း​မ​ဟုတ်​လော။ 7မွတ်​သိပ်​သော​သူ​ကို အ​စာ​ကျွေး​ခြင်း၊ နေ​ရာ​မ​ရှိ၊ ဆင်း​ရဲ​သော​သူ​တို့​ကို ကိုယ်​အိမ်​သို့​ဆောင်​ခြင်း၊ အ​ဝတ်​မ​ရှိ​သော​သူ​ကို​မြင်​လျှင်၊ အ​ဝတ်​ကို​ပေး​ခြင်း၊ ကိုယ်​အ​သား​ကို မ​ရှောင်​ဘဲ​နေ​ခြင်း မ​ဟုတ်​လော။#မ၊ ၂၅:၃၅။
8သို့​ပြု​လျှင် သင်၏​အ​လင်း​သည် မိုး​သောက်​သော အ​လင်း​ကဲ့​သို့​ပေါ်​ထွန်း၍၊ အ​လျင်​အ​မြန် ကျန်း​မာ​ခြင်း​သို့​ရောက်​လိမ့်​မည်။ သင်၏ ဖြောင့်​မတ်​ခြင်း​ပါ​ရ​မီ​သည် သင့်​ရှေ့၌ သွား၍၊ ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​သည် နောက်၌ လုံ​ခြုံ​စေ​လိမ့်​မည်။#ရော၊ ၃:၁၅-၁၇။ 9သို့​ပြု​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​သည်၊ သင်​ခေါ်​သော​အ​ခါ ထူး​တော်​မူ​လိမ့်​မည်။ အော်​ဟစ်​သော​အ​ခါ၊ ငါ​ရှိ​သည်​ဟု မိန့်​တော်​မူ​လိမ့်​မည်။ သင်​သည် သင်၏​အ​ထဲ​က ထမ်း​ပိုး​ကို​လည်း​ကောင်း၊ လက်​ညှိုး​ထိုး​ခြင်း​ကို​လည်း​ကောင်း၊ ကဲ့​ရဲ့​သော​စ​ကား​ကို​လည်း​ကောင်း ပယ်​ရှား၍၊ 10မွတ်​သိပ်​သော​သူ​နှင့် ဆင်း​ရဲ​ခံ​ရ​သော​သူ​ကို သ​နား​သော​စိတ်​နှင့် ချမ်း​သာ​ပေး​လျှင်၊ မ​ရှင်း​လင်း​သော အ​ရာ​မှာ သင်၏​အ​လင်း​သည် ပေါ်​ထွန်း၍၊ သင်၏​မှောင်​မိုက်​သည် မွန်း​တည့်​အ​လင်း​ကဲ့​သို့ ဖြစ်​လိမ့်​မည်။ 11ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို​အ​စဉ် ပဲ့​ပြင်​တော်​မူ​မည်။ အ​စာ​ခေါင်း​ပါး​သည် ကာ​လ၌ ဝ​စွာ​ကျွေး၍၊ သင်၏​အ​ရိုး​တို့​ကို ခိုင်​ခံ့​စေ​တော်​မူ​မည်။ သင်​သည် ရေ​လောင်း​သော​ဥ​ယျာဉ်​ကဲ့​သို့​လည်း​ကောင်း၊ ရေ​မ​ပြတ်​နိုင်​သော စမ်း​ရေ​တွင်း​ကဲ့​သို့​လည်း​ကောင်း ဖြစ်​လိမ့်​မည်။ 12သင်၏​အ​မျိုး​အ​နွယ်​သည် ရှေး​ပြို​ပျက်​ရာ​တို့​ကို ပြု​ပြင်​ကြ​လိမ့်​မည်။ ရှေး​ကာ​လ၌ တည်​ဖူး​သော တိုက်​မြစ်​များ​အ​ပေါ်​မှာ ထပ်​ဆင့်၍ တည်​ဆောက်​ကြ​လိမ့်​မည်။ သင်​သည်​လည်း၊ ပြို​ပျက်​သော မြို့​ရိုး​ကို ပြု​ပြင်​သော​သူ၊ လူ​နေ​ရာ​လမ်း​များ​ကို ပြင်​ဆင်​သော​သူ​ဟူ၍ သ​မုတ်​ခြင်း​ကို ခံ​ရ​လိမ့်​မည်။
ဥ​ပုသ်​နေ့​ကို​စောင့်​ထိန်း​ခြင်း
13သင်​သည် ဥ​ပုသ်​နေ့​ကို မ​ရှုတ်​ချ။ ငါ​သန့်​ရှင်း​သော​နေ့​မှာ ကိုယ်​အ​လို​သို့​မ​လိုက်၊ ဥ​ပုသ်​နေ့​ကို မွေ့​လျော်​ရာ​နေ့၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ သန့်​ရှင်း​သော​နေ့၊ ရို​သေ​ဖွယ်​သော​နေ့​ဟူ၍ ခေါ်​သ​ဖြင့် ကိုယ်​အ​မှု​ကို​မ​ပြု၊ ကိုယ်​အ​လို​သို့​မ​လိုက်၊ ကိုယ်​စ​ကား​ကို မ​ပြော​ဘဲ​နေ၍ ထို​နေ့​ကို ရို​သေ​လျှင်၊ 14သင်​သည် ထာ​ဝ​ရ​ဘု​ရား၌ ပျော်​မွေ့​ရ​လိမ့်​မည်။ မြေ​ကြီး​ပေါ်​မှာ မြင့်​သော​အ​ရပ်​တို့​ကို ငါ​စီး​စေ၍၊ သင့်​အ​ဘ​ယာ​ကုပ်၏ အ​မွေ​ဥ​စ္စာ​နှင့် ငါ​ကျွေး​မည်​ဟု ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​တော်​ထွက်​အ​မိန့်​တော် ရှိ၏။

လက်ရှိရွေးချယ်ထားမှု

ဟေရှာယ 58: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။