YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 57

57
ရုပ်​တု​ကိုး​ကွယ်​မှု​ကို​ရှုတ်​ချ​ခြင်း
1ဖြောင့်​မတ်​သော​သူ​သည်​ဆုံး၍ ကျေး​ဇူး​ပြု​တတ်​သော​သူ​တို့​သည် ပယ်​ရှား​ခြင်း​ကို ခံ​ရ​သော​အ​ခါ၊ ဖြောင့်​မတ်​သော​သူ​ကို မ​ကောင်း​သော​အ​မှု​အ​ရာ​ထဲ​က ရုပ်​သိမ်း​ပြီ​ဟု အ​ဘယ်​သူ​မျှ မ​ဆင်​ခြင်၊ အ​ဘယ်​သူ​မျှ မ​အောက်​မေ့​ကြ။ 2ထို​သို့​သော သူ​သည် ချမ်း​သာ​ထဲ​သို့ ဝင်​ရ၏။ ဖြောင့်​မတ်​စွာ​ကျင့်​လျက် မိ​မိ​အိပ်​ရာ​ပေါ်​မှာ ငြိမ်​ရ၏။
3စုန်း​မ​သား၊ မျောက်​မ​ထား​သော မိန်း​မ​သား၊ ပြည့်​တန်​ဆာ​မ​သား​တို့၊ ချဉ်း​ကပ်​ကြ​လော့။ 4သင်​တို့​သည် အ​ဘယ်​သူ​ကို ကျီ​စယ်​ကြ​သ​နည်း။ အ​ဘယ်​သူ​အား​နှုတ်​ကို​ဖွင့်၍ လျှာ​ကို ထုတ်​ပြ​ကြ​သ​နည်း။ သင်​တို့​သည် ဖောက်​ပြန်​သော အ​မျိုး၊ သ​စ္စာ​ပျက်​သော​အ​မျိုး ဖြစ်​ကြ​သည်​မ​ဟုတ်​လော။ 5စိမ်း​သော သစ်​ပင်​ရှိ​သ​မျှ​အောက်​မှာ ရုပ်​တု​ဆင်း​တု၌ တပ်​မက်​သော​သူ၊ ချိုင့်​ထဲ၊ ကျောက်​စောင်း​အောက်​မှာ သူ​ငယ်​ကို သတ်​သော​သူ မ​ဟုတ်​လော။ 6ချိုင့်​ထဲ​မှာ ချော​သော​ကျောက်​ခဲ​တို့​တွင် သင်၏​တာ​ရှိ၏။ ထို​သို့​သော​အ​ရာ​တို့​သည် သင်၏​အ​မွေ​ဖြစ်၏။ ထို​သို့​သော အ​ရာ​ရှေ့​မှာ သွန်း​လောင်း​ရာ​ပူ​ဇော်​သ​ကာ​နှင့် ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ကို ပြု​တတ်၏။ ထို​အ​မှု​တို့​ကို ငါ​နှစ်​သက်​တတ်​သ​လော။ 7မြင့်​လှ​သော တောင်​ကြီး​ပေါ်​မှာ သင်၏​ခု​တင်​ကို​ထား​ပြီး​လျှင်၊ ထို​အ​ရပ်​သို့​တက်၍ ယဇ်​ပူ​ဇော်​တတ်၏။ 8သင်​အောက်​မေ့​စ​ရာ သက်​သေ​ကို တံ​ခါး​နှင့် တိုင်​နောက်​မှာ ထား​ပြီး။ ငါ​မှ​တစ်​ပါး အ​ခြား​သူ​တို့​အား အ​ဝတ်​ကို​ချွတ်၍၊ အိပ်​ရာ​ပေါ်​သို့ တက်​လေ​ပြီ။ မိ​မိ​ခု​တင်​ကို ကျယ်​စေ၍ သူ​တို့​နှင့် ဝန်​ခံ​ပြီ။ သူ​တို့​ခု​တင်​ကို​လည်း တပ်​မက်၍၊ နေ​ရာ​အ​ရပ်​ကို ရှာ​လေ​ပြီ။ 9ဆီ​မွှေး​ပါ​လျက်၊ ရှင်​ဘု​ရင့်​ထံ​သို့​သွား​ပြီ။ နံ့​သာ​မျိုး​များ​ကို​သုံး​ပြီ။ တ​မန်​တို့​ကို ဝေး​သော​အ​ရပ်​သို့ စေ​လွှတ်၍၊ မ​ရ​ဏ​နိုင်​ငံ​တိုင်​အောင် မိ​မိ​ကို​မိ​မိ နှိမ့်​ချ​ပြီ။ 10ဝေး​စွာ​ခ​ရီး​သွား၍ ပင်​ပန်း​သော်​လည်း စိတ်​မ​ပျက်။ ကြိုး​စား၍ အ​သက်​လွတ်​သော​ကြောင့် အား​လျော့​ခြင်း​မ​ရှိ။ 11သင်​သည် သ​စ္စာ​ပျက်​သည် တိုင်​အောင်​လည်း​ကောင်း၊ ငါ့​ကို​မေ့​လျော့၍ သ​တိ​မ​ပြု​ဘဲ​နေ​သည် တိုင်​အောင်​လည်း​ကောင်း၊ အ​ဘယ်​သူ​ကို ကြောက်​ရွံ့​သ​နည်း။ ငါ​သည် ရှေး​ကာ​လ​မှ​စ၍ တိတ်​ဆိတ်​စွာ​နေ​သော​ကြောင့်၊ သင်​သည် ငါ့​ကို​မ​ကြောက်​ဘဲ နေ​သည်​မ​ဟုတ်​လော။ 12သင်၏​ကု​သိုလ်​နှင့်၊ သင်​ပြု​သော​အ​မှု​တို့​ကို ငါ​ဖော်​ပြ​မည်။ 13ထို​သို့​သော​အ​မှု​သည် အ​ကျိုး​ကို မ​ပေး​နိုင်။ သင်​သည် အော်​ဟစ်​သော​အ​ခါ၊ သင်၏​အ​လုံး​အ​ရင်း​တို့​သည် ကယ်​နုတ်​ကြ​စေ။ လေ​သည် သူ​တို့​ကို တိုက်​သွား​လိမ့်​မည်။ လေ​တစ်​မှုတ်​နှင့် လွင့်​ကြ​လိမ့်​မည်။ ငါ့​ကို ကိုး​စား​သော​သူ​မူ​ကား၊ ပြည်​တော်​ကို ပိုင်၍၊ ငါ၏​သန့်​ရှင်း​သော​တောင်​ကို အ​မွေ​ခံ​ရ​လိမ့်​မည်။
အ​နာ​ပျောက်​စေ​သော​ထာ​ဝ​ရ​ဘု​ရား
14ထို​အ​ခါ မြေ​ကို​ဖို့​ကြ။ မြေ​ကို​ဖို့​ကြ။ လမ်း​ကို​ပြင်​ကြ။ ငါ့​လူ​တို့၏ လမ်း​ခ​ရီး၌ အ​ဆီး​အ​တား​မ​ရှိ​စေ​နှင့်​ဟု ငါ​ပြော​ဆို​ရ၏။ 15အ​ကြောင်း​မူ​ကား၊ သန့်​ရှင်း​ခြင်း​ဟု နာ​မ​ရှိ​တော်​မူ​ထ​သော၊ အ​န​န္တ​ကာ​လ​တည်း​ဟူ​သော ဘုံ​ဗိ​မာန်၌ စံ​တော်​မူ​ထ​သော၊ အထွတ်​အ​မြတ် ဖြစ်​တော်​မူ​သော​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် မြင့်​မြတ်​သန့်​ရှင်း​သော အ​ရပ်၌​နေ၏။ စိတ်​နှိမ့်​ချ​သော​သူ​နှင့်၊ နှ​လုံး​ကြေ​ကွဲ​သော သူ​တို့၏​စိတ်​ဝိ​ညာဉ်​အ​သက်​ရှင်​စေ​ခြင်း​ငှာ၊ ကြေ​ကွဲ​နှိမ့်​ချ​သော စိတ်​သ​ဘော​ရှိ​သော​သူ​တို့၌​လည်း ငါ​နေ၏။ 16ငါ​သည် အ​စဉ်​မ​ပြတ် တ​ရား​တွေ့​မည်​မ​ဟုတ်။ အ​စဉ်​မ​ပြတ် အ​မျက်​ထွက်​မည်​မ​ဟုတ်။ ထို​သို့​ဟုတ်​လျှင်၊ အ​သက်​သည် ငါ့​ရှေ့​မှာ​ပျောက်၍၊ ငါ​ဖန်​ဆင်း​သော​ဝိ​ညာဉ်​သည် ပျက်​စီး​ခြင်း​သို့​ရောက်​လိမ့်​မည်။ 17သူ၏ လော​ဘ​လွန်​ကျူး​ခြင်း​အ​ပြစ်​ကြောင့်၊ ငါ​သည် အ​မျက်​ထွက်၍ ဒဏ်​ခတ်​လေ၏။ အ​မျက်​ထွက်၍ မျက်​နှာ​ကို လွှဲ​လေ၏။ သူ​သည်​လည်း မိ​မိ​အ​လို​ရှိ​ရာ​လမ်း​သို့ လွှဲ​သွား​လေ၏။ 18သူ၏ အ​ကျင့်​ဓ​လေ့​တို့​ကို ငါ​မြင်​ပြီ။ သူ့​ကို​အ​နာ​ပျောက်​စေ၍ လမ်း​ပြ​ဦး​မည်။ သူ့​ကို​လည်း​ကောင်း၊ သူ​နှင့်​အ​တူ စိတ်​ညှိုး​ငယ်​သော သူ​တို့​ကို​လည်း​ကောင်း၊ ချမ်း​သာ​ပေး​ဦး​မည်။ 19ငါ​သည် နှုတ်​ခမ်း​အ​သီး​ကို ဖန်​ဆင်း၏။ ဝေး​သော​သူ၌​လည်း​ကောင်း၊ နီး​သော​သူ၌​လည်း​ကောင်း ငြိမ်​သက်​ခြင်း​ဖြစ်​စေ၊ ငြိမ်​သက်​ခြင်း​ဖြစ်​စေ၊ သူ၏​အ​နာ​ကို ငါ​ပျောက်​စေ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။#ဧ၊ ၂း၁၇။ 20မ​တ​ရား​သော​သူ​တို့​မူ​ကား၊ မ​ငြိမ်​နိုင်​ဘဲ​လှုပ်​ရှား၍၊ ရွှံ့​နှင့် အ​မှိုက်​ကို​ပက်​သော ပင်​လယ်​ရေ​နှင့် တူ​ကြ၏။ 21မ​တ​ရား​သော​သူ​တို့၌ ငြိမ်​သက်​ခြင်း​မ​ရှိ​ဟု ငါ၏​ဘု​ရား​သ​ခင်​မိန့်​တော်​မူ၏။#ဟေ​ရှာ၊ ၄၈း၂၂။

လက်ရှိရွေးချယ်ထားမှု

ဟေရှာယ 57: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ