YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 5

5
စ​ပျစ်​ဥ​ယျာဉ်​သီ​ချင်း
1ငါ​ချစ်​ရာ​သ​ခင်၏ စ​ပျစ်​ဥ​ယျာဉ်​တော်​ကို​အ​ကြောင်း​ပြု၍၊ မေ​တ္တာ​သီ​ချင်း​ကို ရှေ့​တော်၌​ဆို​ပေ​အံ့။ မြေ​ကောင်း​သော​တောင်​ပေါ်​မှာ ငါ​ချစ်​ရာ​သ​ခင်၏ စ​ပျစ်​ဥ​ယျာဉ်​တော် တစ်​ဆူ​ရှိ၏။#မ၊ ၂၁:၃၃။ မာ၊ ၁၂:၁။ လု၊ ၂၀:၉။ 2မြေ​ကို​တူး၍ ကျောက်​ခဲ​တို့​ကို​ရှင်း​လင်း​စေ​ပြီး​မှ၊ အ​ကောင်း​ဆုံး​သော စ​ပျစ်​နွယ်​ပင်​တို့​ကို စိုက်​ပျိုး​တော်​မူ၏။ ဥ​ယျာဉ်​ထဲ​မှာ မှီ​ခို​ရာ​တဲ​လင့်​ကို​လည်း​ဆောက်၍၊ စ​ပျစ်​သီး​နယ်​ရာ ကျင်း​ကို​လည်း တူး​တော်​မူ၏။ ထို​အ​ခါ စ​ပျစ်​သီး​ကို သီး​မည်​ဟု မျှော်​လင့်​သည်​ရှိ​သော်၊ ဗော​ရှ​သီး​ကို သီး​ပါ​သည်​တ​ကား။ 3ယ​ခု​မှာ အို​ယု​ဒ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့၊ ငါ​နှင့် ငါ့​စ​ပျစ်​ဥ​ယျာဉ်​အ​မှု​ကို စီ​ရင်​ကြ​ပါ​လော့။ 4ငါ့​စ​ပျစ်​ဥ​ယျာဉ်၌ ငါ​ကျေး​ဇူး​ပြု​နိုင်​လျက်၊ မ​ပြု​သေး​သော​အ​ရာ တစ်​စုံ​တစ်​ခု​ရှိ​သ​လော။ စ​ပျစ်​သီး​ကို သီး​မည်​ဟု မျှော်​လင့်​သည်​ရှိ​သော်။ ဗော​ရှ​သီး​ကို အ​ဘယ်​ကြောင့် သီး​သ​နည်း။ 5ယ​ခု​နား​ထောင်​ကြ။ ငါ့​စ​ပျစ်​ဥ​ယျာဉ်၌ ငါ​ပြု​ရ​မည်​အ​မှု​ကို သင်​တို့​အား ငါ​ဖော်​ပြ​မည်။ စောင်​ရန်း​ကို​ငါ​ပယ်​ရှင်း​သ​ဖြင့်၊ သူ​တစ်​ပါး​တို့​သည် စား​ကြ​လိမ့်​မည်။ အုတ်​ရိုး​ကို ငါ​ဖြို​သ​ဖြင့်၊ သူ​တစ်​ပါး​တို့​သည် ကျော်​နင်း​ကြ​လိမ့်​မည်။ 6ဥ​ယျာဉ်​ကို ငါ​ရှင်း​ရှင်း​ဖျက်​ဆီး​မည်။ အ​ဘယ်​သူ​မျှ မ​ပြင်​ဆင်​ရ။ အ​ဘယ်​သူ​မျှ မ​တူး​ဆွ​ရ။ ဆူး​ပင်​အ​မျိုး​မျိုး ပေါက်​ကြ​လိမ့်​မည်။ ထို​ဥ​ယျာဉ်​အ​ပေါ်​မှာ​လည်း မိုး​မ​ရွာ​စေ​ခြင်း​ငှာ ငါ​ပ​ညတ်​မည်။ 7ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏ စ​ပျစ်​ဥ​ယျာဉ်​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​တည်း။ နှစ်​သက်​တော်​မူ​သော​ပျိုး​ပင်​ကား၊ ယု​ဒ​လူ​တည်း။ တ​ရား​စီ​ရင်​ခြင်း​ကို မျှော်​လင့်​တော်​မူ​သည်​ရှိ​သော်၊ အ​သေ​သတ်​ခြင်း​ကို​လည်း​ကောင်း၊ ဖြော​င့်​မတ်​ခြင်း​အ​ရာ၌​လည်း ငို​ကြွေး​ခြင်း​ကို​လည်း​ကောင်း တွေ့​မြင်​တော်​မူ၏။
လူ​တို့​ပြု​သော​မ​ကောင်း​မှု
8မိ​မိ​တို့​သည် မြေ၏​အ​လယ်၌ တစ်​စု​တည်း​နေ​ရာ​ကျ၍၊ လပ်​သော​အ​ရပ်​မ​ရှိ​စေ​ခြင်း​ငှာ၊ အိမ်​တစ်​ဆောင်​နှင့် တစ်​ဆောင်​ကို​လည်း​ကောင်း၊ လယ်​တစ်​ကွက်​နှင့် တစ်​ကွက်​ကို​လည်း​ကောင်း၊ ဆက်​တတ်​သော​သူ​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ 9ငါ၏​နား​အ​ပါး၌ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အ​ကယ်​စင်​စစ် ကြီး​ကျယ်​တင့်​တယ်​သော အိမ်​အ​များ​တို့​သည် နေ​သော​သူ​မ​ရှိ။ လူ​ဆိတ်​ညံ​ရာ ဖြစ်​ကြ​လိမ့်​မည်။ 10အ​ကြောင်း​မူ​ကား၊ စ​ပျစ်​ဥ​ယျာဉ်​တစ်​ပယ်​သည် စ​ပျစ်​ရည်​တစ်​ဗတ်​ကို​မျှ​သာ ဖြစ်​စေ​မည်။ မျိုး​စေ့​ကို​လည်း ကြဲ​သော​အ​ခါ၊ ဆယ်​ဖို့​တွင် တစ်​ဖို့​ကို​မျှ​သာ​ရ​ကြ​လိမ့်​မည်။
11သေ​ရည်​သေ​ရက်​ကို သောက်​အံ့​သော​ငှာ၊ နံ​နက် စော​စော​ထ၍ စ​ပျစ်​ရည်​နှင့် ယစ်​မူး​အံ့​သော​ငှာ၊ ည​ကို​လည်း လွန်​စေ​တတ်​သော သူ​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ 12သူ​တို့၏​ပွဲ၌ စောင်း၊ တ​ယော၊ ပတ်​သာ၊ ပု​လွေ၊ စ​ပျစ်​ရည် ပါ​တတ်၏။ ထာ​ဝ​ရ​ဘု​ရား၏​အ​မှု​တော်​ကို​ကား၊ ပ​မာ​ဏ​မ​ပြု​ကြ။ လက်​တော်​နှင့် ပြု​ပြင်​တော်​မူ​ရာ​ကို မ​ရိပ်​မိ​ကြ။ 13ထို​ကြောင့် ငါ၏​လူ​တို့​သည် ပ​ညာ​မ​ရှိ၊ ဖမ်း​ဆီး​သိမ်း​သွား​ခြင်း​ကို ခံ​ရ​ကြ၏။ မှူး​မတ်​တို့​သည် မွတ်​သိပ်၍ သေ​ကြ၏။ ဆင်း​ရဲ​သား​တို့​သည် ရေ​ငတ်၍ ပူ​ဆွေး​လျက်​ရှိ​ကြ၏။ 14ထို​ကြောင့်၊ မ​ရ​ဏ​နိုင်​ငံ​သည် မိ​မိ​လော​ဘ​ကို ကျယ်​စေ၍ မိ​မိ​ပါး​စပ်​ကို အ​တိုင်း​အ​ရှည်​မ​ရှိ​ဘဲ ဖွင့်​ဟ​သ​ဖြင့်၊ သူ​တို့၏ ဂုဏ်​အ​သ​ရေ အ​လုံး​အ​ရင်း၊ အ​သံ​ဗ​လံ​ပြု​ခြင်း၊ ရွှင်​လန်း​ခြင်း​တို့​သည် ဆင်း​မြုပ်​ရ​ကြ၏။ 15ယုတ်​သော​သူ​လည်း ဦး​နှိမ့်​ခြင်း၊ မြတ်​သော​သူ​လည်း ရှုတ်​ချ​ခြင်း​ကို​ခံ​ရ၍၊ မာ​န​ကြီး​သော သူ​တို့၏​မျက်​နှာ​လည်း ပျက်​ရ၏။ 16ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် တ​ရား​စီ​ရင်​ခြင်း​အား​ဖြင့် ချီး​မြှောက်​ခြင်း​သို့ ရောက်​တော်​မူ​လိမ့်​မည်။ သန့်​ရှင်း​တော်​မူ​သော ဘု​ရား​သ​ခင်​သည် ဖြောင့်​မတ်​ခြင်း​အား​ဖြင့်၊ သန့်​ရှင်း​ခြင်း​ရှိ​တော်​မူ​လိမ့်​မည်။ 17ထို​အ​ခါ သိုး​သ​ငယ်​တို့​သည် အ​လို​အ​လျောက် ကျက်​စား​ကြ​လိမ့်​မည်။ သူ​ဌေး​သူ​ကြွယ်​ပိုင်​ဖူး၍ လူ​ဆိတ်​ညံ​ရာ​အ​ရပ်၌​လည်း ဧည့်​သည်​တို့​သည် စား​ရ​ကြ​လိမ့်​မည်။
18ဒု​က္ခ​ကို ဒု​စ​ရိုက်​ဖြင့်​ဆွဲ​သော​သူ၊ လှည်း​ကြိုး​ဖြင့် ဆွဲ​သ​ကဲ့​သို့၊ အ​ပြစ်​ကို ဆွဲ​ငင်​သော​သူ​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ 19သူ​တို့​က​လည်း၊ ဘု​ရား​သ​ခင်၏​အ​မှု​ကို ငါ​တို့​သည် မြင်​ရ​မည်​အ​ကြောင်း၊ အ​လျင်​အ​မြန်​ကြိုး​စား​တော်​မူ​ပါ​စေ။ ငါ​တို့​သည် သိ​နား​လည်​ရ​မည်​အ​ကြောင်း၊ ဣ​သ​ရေ​လ​အ​မျိုး၏ သန့်​ရှင်း​သော​ဘု​ရား၏​အ​ကြံ​တော်​သည်၊ အ​နီး​သို့​ချဉ်း၍​ပြည့်​စုံ​ပါ​စေ​ဟု ဆို​တတ်​ကြ၏။ 20မ​ကောင်း​ကို​အ​ကောင်း၊ အ​ကောင်း​ကို​မ​ကောင်း​ဟု ခေါ်​တတ်​သော​သူ၊ အ​လင်း​အ​ရာ၌ အ​မိုက်၊ အ​မိုက်​အ​ရာ၌ အ​လင်း​ကို​လည်း​ကောင်း၊ အ​ချို​အ​ရာ၌ အ​ခါး၊ အ​ခါး​အ​ရာ၌ အ​ချို​ကို​လည်း​ကောင်း၊ အ​လွဲ​ယူ​တတ်​သော သူ​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ 21ငါ​သည် ပ​ညာ​ရှိ​သည်​ဟု ကိုယ်​ကို​ထင်​သော​သူ၊ သ​မ္မာ​သ​တိ​နှင့် ပြည့်​စုံ​သည်​ဟု ထင်​မှတ်​သော​သူ​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ 22စ​ပျစ်​ရည်​ကို များ​စွာ​သောက်​နိုင်​သော​သူ၊ ဆေး​နှင့်​ရော​သော သေ​ရည်​သေ​ရက်​ကို​သောက်​ခြင်း​အ​မှု၌၊ အား​ကြီး​သော​သူ​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ 23ထို​သူ​တို့​သည် တံ​စိုး​ကို​စား​ခြင်း​ငှာ၊ မ​တ​ရား​သော​သူ​တို့​ကို အ​ပြစ်​မ​ပေး​ဘဲ​လွှတ်၍၊ ဖြောင့်​မတ်​သော​သူ​တို့၏​ဖြောင့်​မတ်​ခြင်း​ကို ဝန်​မ​ခံ၊ ပယ်​ရှား​တတ်​ကြ၏။ 24ထို​ကြောင့်၊ မီး​လျှာ​သည် ကောက်​ရိုး​ကို​လျက်၊ မီး​လျှံ​သည် မြက်​ခြောက်​ကို ကျွမ်း​စေ​သည်​နည်း​တူ၊ သူ​တို့၏​အ​မြစ်​သည် ဆွေး​မြေ့​သော သစ်​သား​ကဲ့​သို့ ဖြစ်၍၊ အ​ပွင့်​သည်​လည်း မြေ​မှုန့်​ကဲ့​သို့ လွင့်​တက်​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏​တ​ရား​တော်​ကို ကယ်​ကြ​ပြီ။ ဣ​သ​ရေ​လ​အ​မျိုး၏​သန့်​ရှင်း​သော​ဘု​ရား၏ ဗျာ​ဒိတ်​တော်​ကို မ​ထီ​မဲ့​မြင်​ပြု​ကြ​ပြီ။
25ထို​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​တို့​ကို အ​မျက်​တော်​ထွက်​လျက်၊ သူ​တို့၌​လက်​တော်​ကို​ဆန့်၍ ဒဏ်​ခတ်​တော်​မူ​သ​ဖြင့်၊ တောင်​တို့​သည် တုန်​လှုပ်၍၊ သူ​တို့၏​အ​သေ​ကောင်​တို့​သည် လမ်း​များ၌ မ​စင်​ကဲ့​သို့​ဖြစ်​ကြ၏။ သို့​သော်​လည်း အ​မျက်​တော်​သည် မ​ငြိမ်း၊ လက်​တော်​သည် ဆန့်​လျက်​ရှိ​သေး၏။ 26ဝေး​သော​အ​ရပ်​မှာ​နေ​သော လူ​မျိုး​တို့​အ​ဖို့ အ​လံ​ကို​ထူ၍၊ မြေ​ကြီး​စွန်း​သား​တို့​ကို နှိုး​ဆော်​တော်​မူ​သ​ဖြင့်၊ သူ​တို့​သည် အ​လျင်​အ​မြန်​လာ​ကြ​လိမ့်​မည်။ 27သူ​တို့​တွင် မော​သော​သူ​မ​ရှိ။ ထိ​မိ၍ လဲ​သော​သူ မ​ရှိ။ ငိုက်​မျဉ်း​သော​သူ၊ အိပ်​ပျော်​သော​သူ​လည်း​မ​ရှိ။ သူ​တို့​ခါး​စည်း မ​ပြေ။ ခြေ​နင်း​ကြိုး​လည်း​မ​ကျွတ်။ 28သူ​တို့​မြား​တို့​သည် ထက်​ကြ၏။ လေး​တို့​သည်​လည်း တင်း​လျက်​ရှိ​ကြ၏။ မြင်း​ခွာ​တို့​သည် မီး​ကျောက်​ကဲ့​သို့​လည်း​ကောင်း၊ ရ​ထား​ဘီး​တို့​သည်​လည်း၊ လေ​ပွေ​ကဲ့​သို့​လည်း​ကောင်း ထင်​ကြ၏။ 29သူ​တို့​အ​သံ​ဗ​လံ​သည် ခြင်္သေ့​ဟောက်​သံ​နှင့်​တူ၍၊ ခြင်္သေ့​ပျို​ကဲ့​သို့ ဟောက်​ကြ​လိမ့်​မည်။ ဟောက်​လျက် အ​ကောင်​ကို​ဖမ်း၍ ဆောင်​သွား​ကြ​လိမ့်​မည်။ အ​ဘယ်​သူ​မျှ မ​ကယ်​မ​နုတ်​ရ။ 30ထို​ကာ​လ၌ သူ​တို့​သည် သ​မု​ဒ္ဒ​ရာ အ​သံ​ဗ​လံ​ကဲ့​သို့ ဟုန်း​ဟုန်း​မြည်​ကြ​လိမ့်​မည်။ ထို​ပြည်​ကို ကြည့်​ရှု​လျှင်၊ မှောင်​မိုက်​အ​တိ၊ ဒု​က္ခ​ဆင်း​ရဲ​သက်​သက် ရှိ၍၊ မိုး​ကောင်း​ကင်​အ​လင်း​သည် ကွယ်​ပျောက်​လိမ့်​သ​တည်း။

လက်ရှိရွေးချယ်ထားမှု

ဟေရှာယ 5: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။