YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 49

49
ထာ၀​ရ​ဘု​ရား​၏​အ​စေ​ခံ
1တစ်​ကျွန်း​တစ်​နိုင်​ငံ​အ​ရပ်​တို့၊ ငါ့​စ​ကား​ကို​ကြား​ကြ​လော့။ ဝေး​စွာ​သော​လူ​မျိုး​တို့၊ စေ့​စေ့​နား​ထောင်​ကြ​လော့။ ငါ​ဖွား​စ​က​ပင် ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို​ခေါ်​တော်​မူ၏။ အ​မိ​ဝမ်း​ထဲ​မှ​စ၍ ငါ၏​နာ​မ​ကို မှတ်​တော်​မူ၏။#ယေ၊ ၁:၅။ 2ငါ့​နှုတ်​ကို ထက်​သော​ဓား​ကဲ့​သို့ ဖြစ်​စေ၍၊ လက်​တော်​အ​ရိပ်၌ ဖုံး​ထား​တော်​မူ၏။ ငါ့​ကို​လည်း ဦး​သစ်​သော စည်း​သွား​ဖြစ်​စေ၍၊ မိ​မိ​မြား​တောင့်ထဲ​မှာ ဝှက်​ထား​တော်​မူ၏။ 3အို ဣ​သ​ရေ​လ၊ သင်​သည် ငါ၏​ကျွန်​ဖြစ်၏။ သင့်​အား​ဖြင့် ငါ့​ဘုန်း​သည် ထင်​ရှား​လိမ့်​မည်​ဟု ငါ့​အား​မိန့်​တော်​မူ​ပြီ။ 4ငါ​က​လည်း၊ အ​ကျိုး​မ​ရှိ​ဘဲ ငါ​လုပ်​ဆောင်​ရ​ပြီ။ အ​ချည်း​နှီး​သက်​သက် ငါ့​ခွန်​အား​ကုန်​ရ​ပြီ။ သို့​သော်​လည်း၊ ငါ့​အ​မှု​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌​ရှိ၏။ ငါ​ခံ​ရ​သော​အ​ခ​လည်း ငါ၏​ဘု​ရား​သ​ခင်​လက်​တော်၌ ရှိ​သည်​ဟု​ဆို၏။ 5ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ အ​သ​ရေ​ထင်​ရှား၍၊ ငါ၏​ဘု​ရား​သ​ခင်​သည် ငါ့​ကို ခိုင်​ခံ့​စေ​တော်​မူ​သည်​အ​ကြောင်း​နှင့်​တ​ကွ၊ ဣ​သ​ရေ​လ​အ​မျိုး​သည် အ​ထံ​တော်၌ စု​ဝေး​စေ​ခြင်း​ကို မ​ခံ​သော်​လည်း၊ ငါ​သည် ယာ​ကုပ်​အ​မျိုး​ကို အ​ထံ​တော်​သို့ တစ်​ဖန်​ဆောင်​ခဲ့​ရ​သော​ကျွန် ဖြစ်​စေ​မည်​အ​ကြောင်း၊ ငါ့​ကို​အ​မိ​ဝမ်း​ထဲ​မှ​စ၍ ဖန်​ဆင်း​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ 6သင်​သည် ယာ​ကုပ်၏​အ​မျိုး​အ​နွယ်​တို့​ကို ချီး​မြှောက်​ခြင်း၊ ဘေး​လွတ်​သော ဣ​သ​ရေ​လ​သား​တို့​ကို အ​ရင်​ကဲ့​သို့ ဖြစ်​စေ​ခြင်း​အ​လို​ငှာ​သာ၊ ငါ့​အ​မှု​ကို​ဆောင်​ရွက်​သော​အ​မှု​သည် သာ​မ​ည​အ​မှု ဖြစ်၏။ ထို​အ​မှု​မ​က၊ သင်​သည် မြေ​ကြီး​စွန်း​တိုင်​အောင် ငါ၏​ကယ်​တင်​ခြင်း​ကို ပြု​စိမ့်​သော​ငှာ၊ သင့်​ကို တစ်​ပါး​အ​မျိုး​သား​တို့ လင်း​စ​ရာ​ဖို့ ငါ​ခန့်​ထား​သည်​ဟု မိန့်​တော်​မူ၏။#ဟေ​ရှာ၊ ၄၂:၆။ လု၊ ၂:၃၂။ တ၊ ၁၃:၄၇၊ ၂၆:၂၃။
ယေ​ရု​ရှ​လင်​မြို့​ကို​ပြန်​လည်​ထူ​ထောင်​ခြင်း
7ဣ​သ​ရေ​လ​အ​မျိုး​ကို ရွေး​နုတ်​တော်​မူ၍၊ ထို​အ​မျိုး၏ သန့်​ရှင်း​သော ထာ​ဝ​ရ​ဘု​ရား​သည်၊ အ​ဘယ်​သူ​မျှ မ​နှစ်​သက်၊ တစ်​ပြည်​လုံး ရွံ​ရှာ​ဖွယ်​ဖြစ်၍၊ မင်း​ထံ၌ ကျွန်​ခံ​ရ​သော​သူ​အား မိန့်​တော်​မူ​သည်​ကား၊ သ​စ္စာ​ရှိ​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား၊ သင့်​ကို ရွေး​ကောက်​တော်​မူ​သော ဣ​သ​ရေ​လ​အ​မျိုး၏ သန့်​ရှင်း​သော​ဘု​ရား၏ ကျေး​ဇူး​တော်​ကြောင့်၊ ရှင်​ဘု​ရင်​တို့​သည် မြင်၍ ထ​ကြ​လိမ့်​မည်။ မင်း​သား​တို့​သည်​လည်း ကိုး​ကွယ်​ကြ​လိမ့်​မည်။ 8ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ နှစ်​သက်​ဖွယ်​သော​အ​ချိန်၌ သင်၏​စ​ကား​ကို ငါ​နား​ထောင်​ပြီ။ ကယ်​တင်​ရာ​ကာ​လ၌ သင့်​ကို​မ​စ​ပြီ။ သင့်​ကို​လည်း ငါ​စောင့်​ရှောက်၍၊ သင်​သည် ပြည်​တော်​ကို ပြု​ပြင်​လျက်၊ ဆိတ်​ညံ​သော အ​မွေ​ခံ​ရာ​အ​ရပ်​တို့​ကို အ​မွေ​ပေး​စေ​မည်​အ​ကြောင်း၊#၂​ကော၊ ၆:၂။ 9ထွက်​ကြ​လော့​ဟု ချုပ်​ထား​သော​သူ​တို့​အား​လည်း​ကောင်း၊ ပေါ်​လာ​ကြ​လော့​ဟု မှောင်​မိုက်​ထဲ​မှာ​နေ​သော သူ​တို့​အား​လည်း​ကောင်း ပြော​စေ​မည်​အ​ကြောင်း၊ လူ​မျိုး​အား ပ​ဋိ​ညာဉ်​တ​ရား​ကို ပြု​စ​ရာ​ဖို့ သင့်​ကို​ခန့်​ထား​မည်။ သို့​ဖြစ်၍၊ ထို​သူ​တို့​သည် လမ်း​ခ​ရီး​တို့​အ​နား​မှာ စား​ရ၍၊ မြင့်​သော​အ​ရပ်​ရပ်​တို့၌ ကျက်​စား​ရာ​ကို တွေ့​ရ​ကြ​လိမ့်​မည်။ 10သူ​တို့​သည် ရေ​စာ​ကို မ​ငတ်​မ​မွတ်​ရ။ အ​ပူ​ကို​လည်း မ​ခံ​ရ​ကြ။ နေ​ရောင်​ခြည် မ​ထိ​ရ။ အ​ကြောင်း​မူ​ကား၊ သူ​တို့​ကို သ​နား​သော​သူ​သည် သူ​တို့​ကို ပို့​ဆောင်၍၊ စမ်း​ရေ​တွင်း​အ​နား​သို့​လမ်း​ပြ​လိမ့်​မည်။#ဗျာ၊ ၇:၁၆-၁၇။ 11ငါ၏​တောင်​ရှိ​သ​မျှ​တို့​ကို သွား​ရာ​လမ်း​ဖြစ်​စေ​မည်။ ငါ၏​မြေ​တန်​တား​များ​ကို​လည်း ငါ​ဖို့​မည်။ 12ကြည့်​ရှု​လော့။ ဤ​သူ​တို့​သည် ဝေး​သော​အ​ရပ်​မှ လာ​ကြ​လိမ့်​မည်။ ကြည့်​ရှု​လော့။ ထို​သူ​တို့​သည် မြောက်​မျက်​နှာ​နှင့် အ​နောက်​မျက်​နှာ​မှ​လည်း​ကောင်း၊ ထို​သူ​တို့​သည်​လည်း၊ သိ​နိမ်​ပြည်​မှ​လည်း​ကောင်း လာ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။
13အို မိုး​ကောင်း​ကင်​တို့၊ သီ​ချင်း​ဆို​ကြ​လော့။ အို မြေ​ကြီး၊ ဝမ်း​မြောက်​ခြင်း​ရှိ​လော့။ အို တောင်​များ​တို့၊ ရွှင်​လန်း​စွာ သီ​ချင်း​ဆို​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​တို့​ကို နှစ်​သိမ့်​စေ​တော်​မူ၏။ ဆင်း​ရဲ​ခံ​ရ​သော မိ​မိ​လူ​တို့​ကို ကယ်​မ​သ​နား​တော်​မူ၏။
14ဇိ​အုန်​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို​စွန့်​ပစ်​တော်​မူ​ပြီ။ ဘု​ရား​ရှင်​သည် ငါ့​ကို​မေ့​လျော့​တော်​မူ​ပြီ​ဟု ဆို​လေ​သော်၊ 15မိန်း​မ​သည် မိ​မိ​ဖွား​သော​သား​ကို မ​သ​နား​သည်​တိုင်​အောင်၊ မိ​မိ​နို့​စို့​သူ​ငယ်​ကို မေ့​လျော့​နိုင်​သ​လော။ အ​ကယ်၍ မေ့​လျော့​သော်​လည်း၊ သင့်​ကို ငါ​မ​မေ့​လျော့။ 16ငါ​သည် ကိုယ်​လက်​ဝါး၌ သင့်​ကို​စာ​ထိုး​ပြီ။ သင်၏​မြို့​ရိုး​သည် ငါ့​ရှေ့​မှာ​အ​စဉ်​ရှိ၏။ 17သင်၏​သား​သ​မီး​တို့​သည် အ​လျင်​အ​မြန် ပြု​ကြ​လိမ့်​မည်။ သင့်​ကို လု​ယူ​ဖျက်​ဆီး​သော သူ​တို့​သည် သင့်​ထံ​မှ ထွက်​သွား​ကြ​လိမ့်​မည်။ 18အ​ရပ်​ရပ်​သို့ မျှော်​ကြည့်​လော့။ ဤ​သူ​အ​ပေါင်း​တို့​သည် စု​ဝေး၍ သင့်​ထံ​သို့ လာ​ကြ၏။ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​အ​သက်​ရှင်​သည်​ဖြစ်၍၊ သင်​သည် တင့်​တယ်​သော​အ​ဝတ်​ကို ဝတ်​သ​ကဲ့​သို့၊ ဤ​သူ​အ​ပေါင်း​တို့​ကို ဝတ်​လိမ့်​မည်။ မင်္ဂ​လာ​ဆောင် သ​တို့​သ​မီး ပြု​သည်​နည်း​တူ တန်​ဆာ​ဆင်​လိမ့်​မည်။ 19သင်၌ သုတ်​သင်​ပယ်​ရှင်း​သော အ​ရပ်၊ ပျက်​စီး​သော​ပြည်​သည် နေ​သူ​များ​သော​ကြောင့် ကျဉ်း​ကြ​လိမ့်​မည်။ သင့်​ကို ကိုက်​စား​သော သူ​တို့​သည်​လည်း ဝေး​ကြ​လိမ့်​မည်။ 20သင်၏​သား​များ​ဆုံး​ပြီး​မှ၊ တစ်​ဖန်​ရ​ပြန်​သော​သား​တို့​က၊ နေ​ရာ​မ​လောက်​ပါ။ နေ​စ​ရာ​အ​ရပ်​ကို​ပေး​ပါ​ဟု သင့်​အား တောင်း​ကြ​လေ​ဦး​မည်။ 21သင်​က​လည်း၊ ဤ​သူ​တို့​ကို ငါ့​အား အ​ဘယ်​သူ ဖြစ်​ဖွား​စေ​သ​နည်း။ ငါ​သည် သား​ဆုံး​သော​သူ၊ ဆိတ်​ညံ​လျက် နေ​ရ​သော​သူ၊ နှင်​ထုတ်​ခြင်း​ကို ခံ​ရ​သ​ဖြင့်၊ အ​ဝေး​သို့ လည်​ရ​သော​သူ​ဖြစ်၍၊ ဤ​သူ​တို့​ကို အ​ဘယ်​သူ မွေး​စား​သ​နည်း။ ငါ​သည် တစ်​ယောက်​တည်း နေ​ရ​သည်​ဖြစ်၍၊ ဤ​သူ​တို့​သည် အ​ဘယ်​မှာ​ရှိ​ကြ​သ​နည်း​ဟု အောက်​မေ့​လိမ့်​မည်။
22အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ကြည့်​ရှု​လော့။ ငါ​သည် အ​တိုင်း​တိုင်း​အ​ပြည်​ပြည်၌ နေ​သော လူ​မျိုး​တို့​အား လက်​ကို​ချီ၍ အ​လံ​ကို​ထူ​သ​ဖြင့်၊ သူ​တို့​သည် သင်၏​သား​သ​မီး​တို့​ကို လက်​နှင့်​ပွေ့​လျက်၊ ပ​ခုံး​ပေါ်​မှာ​ထမ်း​လျက် ဆောင်​ခဲ့​ကြ​လိမ့်​မည်။ 23ရှင်​ဘု​ရင်​တို့​သည် သင်၏​ဘ​ထွေး၊ မိ​ဖု​ရား​တို့​သည် သင့်​ကို မွေး​စား​သော​အ​မိ ဖြစ်​ကြ​လိမ့်​မည်။ သင့်​ရှေ့​မှာ ဦး​ညွှတ်​ပျပ်​ဝပ်၍၊ သင်၏​ခြေ၌ မြေ​မှုန့်​ကို လျက်​ကြ​လိမ့်​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊ ငါ့​ကို မျှော်​လင့်​သော​သူ​တို့​သည် ရှက်​ကြောက်​ခြင်း မ​ရှိ​ကြောင်း​ကို​လည်း​ကောင်း သင်​သိ​လိမ့်​မည်။
24လု​ယူ​ရာ​ဥ​စ္စာ​ကို အား​ကြီး​သော​သူ၏​လက်​မှ ယူ​ရ​မည်​လော။ တ​ရား​သော​သူ သိမ်း​သွား​သော လူ​တို့​ကို နုတ်​ရ​မည်​လော။ 25ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အ​ကယ်​စင်​စစ် အား​ကြီး​သော​သူ သိမ်း​သွား​သော လူ​တို့​ကို ယူ​ရ​မည်။ ကြောက်​မက်​ဖွယ်​သော​သူ လု​ယူ​ရာ​ဥ​စ္စာ​ကို နုတ်​ရ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ သင်​နှင့် ရန်​တွေ့​သော​သူ​ကို ငါ​သည် ရန်​တွေ့၍၊ သင်၏​သား​တို့​ကို ကယ်​တင်​မည်။ 26သင့်​ကို ညှဉ်း​ဆဲ​သော​သူ​တို့​ကို သူ​တို့၏​အ​သား​နှင့် ငါ​ကျွေး​မည်။ ချို​သော​စ​ပျစ်​ရည်​ကို သောက်​သ​ကဲ့​သို့၊ သူ​တို့​သည် မိ​မိ​အ​သွေး​ကို​ဝ​စွာ သောက်​ရ​ကြ​မည်။ သို့​ဖြစ်၍၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို ကယ်​တင်​သော​အ​ရှင်၊ သင့်​ကို ရွေး​နုတ်​သော​သ​ခင်၊ ယာ​ကုပ်​အ​မျိုး၌ တန်​ခိုး​ကြီး​သော​ဘု​ရား​ဖြစ်​ကြောင်း​ကို လူ​အ​ပေါင်း​တို့​သည် သိ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

လက်ရှိရွေးချယ်ထားမှု

ဟေရှာယ 49: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ