YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 48:12-22

ဟေရှာယ 48:12-22 JBMLE

အို ယာ​ကုပ်၊ ငါ​ခေါ်​သော ဣ​သ​ရေ​လ၊ ငါ့​စ​ကား​ကို နား​ထောင်​လော့။ ငါ​သည် ဘု​ရား​ဖြစ်၏။ ငါ​သည် အ​ဦး​ဆုံး​သော​သူ၊ နောက်​ဆုံး​သော​သူ ဖြစ်၏။ အ​ကယ်​စင်​စစ် ငါ့​လက်​သည် မြေ​ကြီး​ကို​တည်​လေ​ပြီ။ ငါ့​လက်​ယာ​လက်​သည် မိုး​ကောင်း​ကင်​ကို ကြက်​လေ​ပြီ။ ငါ​ခေါ်၍ သူ​တို့​သည် ချက်​ချင်း​ပေါ်​လာ​ကြ၏။ ရှိ​သ​မျှ​သော​သင်​တို့၊ စည်း​ဝေး၍ နား​ထောင်​ကြ​လော့။ ဤ​အ​မှု​အ​ရာ​တို့​ကို သင်​တို့​တွင် အ​ဘယ်​သူ​သည် ရှေး​မ​ဆွ​က ဟော​နှင့်​သ​နည်း။ ထာ​ဝ​ရ​ဘု​ရား​ချစ်​တော်​မူ​သော​သူ​သည် ဗာ​ဗု​လုန်​မြို့၌ အ​လို​တော်​ကို ပြည့်​စုံ​စေ​မည်။ သူ၏​လက်​သည်​လည်း၊ ခါ​လ​ဒဲ​လူ​တို့​အ​ပေါ်​သို့ ရောက်​လိမ့်​မည်။ ငါ့​ကိုယ်​တိုင်​အ​မိန့်​တော်​ရှိ​ပြီ။ အ​ကယ်​စင်​စစ် သူ့​ကို​ငါ​ခေါ်​ပြီ။ ငါ​ဆောင်​ခဲ့​ပြီ။ သူ​သွား​သော​လမ်း၌ မင်္ဂ​လာ​ရှိ​ရ​လိမ့်​မည်။ ငါ့​ထံ​သို့ ချဉ်း​ကပ်၍ ဤ​စ​ကား​ကို နား​ထောင်​ကြ​လော့။ ရှေ့​ဦး​စွာ​မှ​စ၍ တိတ်​ဆိတ်​စွာ မ​ဟော။ အ​မှု​ဖြစ်​စ​ကာ​လ၌ ငါ​ရှိ၏။ ယ​ခု​တွင် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​နှင့် ဝိ​ညာဉ်​တော်​သည် ငါ့​ကို​စေ​လွှတ်​တော်​မူ၏။ သင့်​ကို ရွေး​နုတ်​သော​သူ၊ ဣ​သ​ရေ​လ​အ​မျိုး၏ သန့်​ရှင်း​သော အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် သင်၏​အ​ကျိုး​နှင့် ယှဉ်​သော​အ​ရာ​ကို သွန်​သင်၍၊ သင်​သွား​အပ်​သော​လမ်း​ဖြင့် ပို့​ဆောင်​သော သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ သင်​သည် ငါ၏​ပ​ညတ်​တို့​ကို စောင့်​ရှောက်​ပါ​စေ​သော။ သို့​ပြု​လျှင်၊ သင်၏​ချမ်း​သာ​သည် မြစ်​ကဲ့​သို့​လည်း​ကောင်း၊ သင်၏​ဖြောင့်​မတ်​ခြင်း​ပါ​ရ​မီ​သည် သ​မု​ဒ္ဒ​ရာ​လှိုင်း​တံ​ပိုး​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ရ​လိမ့်​မည်။ သင်၏​အ​မျိုး​အ​နွယ်​သည် သဲ​လုံး​ကဲ့​သို့​လည်း​ကောင်း၊ သင်၏​သား​မြေး​တို့​သည်၊ သ​မု​ဒ္ဒ​ရာ ကျောက်​စ​ရစ်​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ရ​ကြ​လိမ့်​မည်။ သင်၏​နာ​မ​သည် ငါ့​ရှေ့​မှာ​မ​ပြတ်၊ မ​ပျက်​မ​စီး​ရ။ ဗာ​ဗု​လုန်​မြို့​ထဲ​က ထွက်​ကြ​လော့။ ရွှင်​လန်း​စွာ​သီ​ချင်း​သံ​နှင့် ခါ​လ​ဒဲ​လူ​တို့​နေ​ရာ​မှ ပြေး​ကြ​လော့။ ဤ​သ​တင်း​စ​ကား​ကို မြေ​ကြီး​စွန်း​တိုင်​အောင် ပြန်​ပြော​မြွက်​ဆို၍ အ​သံ​ကို​လွှင့်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​ကျွန်​ယာ​ကုပ်​ကို ရွေး​နုတ်​တော်​မူ​ပြီ​ဟု ပြော​ဆို​ကြ​လော့။ သူ​တို့​သည် တော​လမ်း​ဖြင့်​ဆောင်​သွား​တော်​မူ​ခြင်း​ကို ခံ​သော​အ​ခါ ရေ​မ​ငတ်​ကြ။ သူ​တို့​အ​ဖို့ ကျောက်​ထဲ​က​ရေ​ကို စီး​စေ​တော်​မူ၏။ ကျောက်​ခဲ​ကို​ပင် ခွဲ​တော်​မူ​သ​ဖြင့်၊ ရေ​သည် စီး​ထွက်​လေ၏။ မ​တ​ရား​သော​သူ​တို့၌ ချမ်း​သာ​မ​ရှိ​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။