YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 42:5-10

ဟေရှာယ 42:5-10 JBMLE

မိုး​ကောင်း​ကင်​ကို ဖန်​ဆင်း၍ ကြက်​တော်​မူ​ထ​သော၊ မြေ​ကြီး​နှင့် မြေ​ကြီး​ထဲ​က ဖြစ်​သ​မျှ​တို့​ကို ခင်း​ကျင်း​တော်​မူ​ထ​သော၊ မြေ​ကြီး​ပေါ်​မှာ​ရှိ​သော​သူ​တို့​အား အ​သက်​ကို​လည်း​ကောင်း၊ မြေ​ကြီး​ကို ကျော်​နင်း​သော သူ​တို့​အား ဝိ​ညာဉ်​ကို​လည်း​ကောင်း ပေး​တော်​မူ​သော ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို တ​ရား​သ​ဖြင့် ခေါ်​ထား​သည်​ဖြစ်၍၊ လက်​ဆွဲ​လျက် ထောက်​မ​မည်။ သင်​သည် ကန်း​သော​မျက်​စိ​တို့​ကို ဖွင့်​စိမ့်​သော​ငှာ​လည်း​ကောင်း၊ ချုပ်​ထား​သော သူ​တို့​ကို လွှတ်​စိမ့်​သော​ငှာ​လည်း​ကောင်း၊ မှောင်​မိုက်၌​နေ​သော​သူ​တို့​ကို အ​မိုက်​ထောင်​ထဲ​က နုတ်​ယူ​စိမ့်​သော​ငှာ​လည်း​ကောင်း၊ သင့်​ကို လူ​များ​နှင့် ပ​ဋိ​ညာဉ်​ဖွဲ့​စ​ရာ​ဖို့၊ လူ​အ​မျိုး​မျိုး လင်း​စ​ရာ​ဖို့​ခန့်​ထား​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ ထို​နာ​မ​သည် ငါ့​နာ​မ​ဖြစ်၏။ ငါ့​ဘုန်း​ကို အ​ခြား​သော​သူ​အား​လည်း​ကောင်း၊ ငါ့​အ​သ​ရေ​ကို ရုပ်​တု​ဆင်း​တု​တို့​အား​လည်း​ကောင်း ငါ​မ​ပေး။ အ​ရင်​ဟော​သော အ​ရာ​တို့​သည်​ဖြစ်​ကြ​ပြီ။ အ​သစ်​သော​အ​ရာ​တို့​ကို ယ​ခု ငါ​ဟော၏။ မ​ပေါ်​လာ​မီ သင်​တို့​အား ငါ​ပြ​နှင့်၏။ ပင်​လယ်​ကို ကူး​သော​သူ​မှ​စ၍၊ ပင်​လယ်၌ ရှိ​သ​မျှ​တို့​နှင့်​တ​ကွ၊ တစ်​ကျွန်း​တစ်​နိုင်​ငံ​အ​ရပ်​များ၊ ထို​အ​ရပ်၌ နေ​သော​သူ​များ​တို့၊ ထာ​ဝ​ရ​ဘု​ရား​အား အ​သစ်​သော​သီ​ချင်း​ကို ဆို​ကြ​လော့။ မြေ​ကြီး​စွန်း​တို့​မှ ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ​လော့။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။