YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 41

41
ဣ​သ​ရေ​လ​တို့​အ​တွက်​အာ​မ​ခံ​ချက်
1တစ်​ကျွန်း​တစ်​နိုင်​ငံ​အ​ရပ်​တို့၊ ငါ့​ရှေ့​မှာ ငြိမ်​ဝပ်​စွာ​နေ​ကြ။ လူ​အ​မျိုး​မျိုး​တို့၊ အား​ဖြည့်​ကြ။ ချဉ်း​ကပ်၍​ပြော​ကြ။ တ​ရား​တွေ့​ကြ​ကုန်​အံ့။
2ဖြောင့်​မတ်​ခြင်း​မင်္ဂ​လာ လိုက်​တတ်​သော​သူ​ကို အ​ရှေ့​ပြည်​က၊ အ​ဘယ်​သူ ပေါ်​လာ​စေ​သ​နည်း။ လူ​အ​မျိုး​မျိုး​တို့​ကို သူ၌​အပ်၍၊ ရှင်​ဘု​ရင်​တို့​ကို အုပ်​စိုး​စေ​ခြင်း​ငှာ၊ အ​ဘယ်​သူ​စီ​ရင်​သ​နည်း။ ရန်​သူ​တို့​ကို သူ၏​ဓား​ရှေ့​မှာ မြေ​မှုန့်​ကဲ့​သို့​လည်း​ကောင်း၊ သူ၏​လေး​ရှေ့​မှာ လွင့်​သော​ဖွဲ​ကဲ့​သို့​လည်း​ကောင်း အ​ဘယ်​သူ​ဖြစ်​စေ​သ​နည်း။ 3ရန်​သူ​တို့​ကို လိုက်​ရ၏။ မိ​မိ​ခြေ​မ​နင်း​ဖူး​သော လမ်း​ဖြင့်၊ ဘေး​မ​ရှိ၊ လွန်​သွား​ရ၏။ 4ထို​အ​မှု​များ​ကို စီ​ရင်​ဖန်​ဆင်း​လျက်၊ ရှေ့​ဦး​စွာ​မှ​စ၍ လူ​မျိုး​အ​စဉ်​အ​ဆက်​တို့​ကို ခေါ်​သော​သူ​သည် အ​ဘယ်​သူ​နည်း​ဟူ​မူ​ကား၊ အ​ဦး​ဆုံး​သော​သူ​ဖြစ်၍၊ နောက်​ဆုံး​သော သူ​တို့​နှင့်​ရှိ​သော ငါ​ထာ​ဝ​ရ​ဘု​ရား​ပေ​တည်း။
5တစ်​ကျွန်း​တစ်​နိုင်​ငံ​အ​ရပ်​တို့​သည် မြင်၍ ကြောက်​ကြ၏။ မြေ​ကြီး​စွန်း​သား​တို့​သည် ထိတ်​လန့်​သော​စိတ်​နှင့် ချဉ်း​ကပ်၍ စု​ဝေး​ကြ၏။ 6အိမ်​နီး​ချင်း တစ်​ယောက်​ကို​တစ်​ယောက် မ​စ၍၊ ညီ​အစ်​ကို​ချင်း တစ်​ယောက်​ကို​တစ်​ယောက်၊ မ​စိုး​ရိမ်​နှင့်​ဟု ဆို​ကြ၏။ 7ထို​သို့ ပန်း​တဉ်း​သ​မား​သည် ပန်း​ထိမ်​သ​မား​ကို နှိုး​ဆော်​တတ်၏။ သံ​တူ​နှင့် ချော​စေ​သော​သူ​သည်၊ ပေ​ပေါ်​မှာ​ရိုက်​သော​သူ​ကို​လည်း နှိုး​ဆော်၍၊ ဂ​ဟေ​ကောင်း​သည်​ဟု ဆို​တတ်၏။ ရုပ်​တု​ကို မ​လှုပ်​ရှား​စေ​ခြင်း​ငှာ သံ​ချွန်​နှင့် ရိုက်​ထား​တတ်၏။
8ငါ့​ကျွန်​ဣ​သ​ရေ​လ၊ ငါ​ရွေး​ချယ်​သော​သူ ယာ​ကုပ်၊ ငါ့​အ​ဆွေ​အာ​ဗြ​ဟံ၏​သား၊#၆ ရာ၊ ၂၀:၇။ ယာ၊ ၂:၂၃။ 9မြေ​ကြီး​အ​စွန်း​အ​နား​မှ ငါ​လက်​ဆွဲ၍​ခေါ်​သော​သူ၊ သင်​သည် ငါ့​ကျွန်​ဖြစ်၏ ဟူ၍​လည်း​ကောင်း၊ သင့်​ကို​ငါ​ရွေး​ချယ်​ပြီ၊ သင့်​ကို မ​ပစ်​မ​ပယ် ဟူ၍​လည်း​ကောင်း၊ က​တိ​ကို​ခံ​ရ​သော​သူ၊ 10မ​စိုး​ရိမ်​နှင့်။ ငါ​သည် သင့်​ဘက်​မှာ​ရှိ၏။ မ​ကြောက်​နှင့်။ သင်၏​ဘု​ရား​သ​ခင် ငါ​သည် သင့်​ကို​ခိုင်​ခံ့​စေ​မည်။ သင့်​ကို စောင့်​မ​မည်။ ငါ့​သ​စ္စာ​လက်​ယာ​လက်​ဖြင့် ထောက်​ပင့်​မည်။ 11သင်၌ အ​မျက်​ထွက်​သော သူ​တို့​သည် ရှက်​ကြောက်​ခြင်း​နှင့် မျက်​နှာ​ပျက်​ခြင်း​ရှိ​ကြ​လိမ့်​မည်။ သင်၌ ရန်​ပြု​သော​သူ​တို့​သည် အ​ဘယ်​မျှ မ​ဟုတ်​သ​ကဲ့​သို့ ဖြစ်၍၊ ရှင်း​ရှင်း​ပျက်​စီး​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။ 12သင်​နှင့် ဆန့်​ကျင်​ဘက်​ပြု​သော​သူ​တို့​ကို သင်​သည် ရှာ၍​မ​တွေ့​ရ။ သင့်​ကို စစ်​တိုက်​သော​သူ​တို့​သည် အ​ဘယ်​မျှ မ​ဟုတ်​သ​ကဲ့​သို့​လည်း​ကောင်း၊ အ​န​တ္တ​သက်​သက်​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ​လိမ့်​မည်။ 13အ​ကြောင်း​မူ​ကား၊ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က၊ မ​စိုး​ရိမ်​နှင့်။ ငါ​မ​စ​မည်​ဟု သင့်​အား​ဆို​လျက်၊ သင်၏​လက်​ယာ​လက်​ကို ကိုင်​မည်။ 14အို တီ​ကောင်​ယာ​ကုပ်၊ အ​မျိုး​ငယ်​ဣ​သ​ရေ​လ၊ မ​စိုး​ရိမ်​နှင့်။ ငါ​သည် သင့်​ကို မ​စ​သော​သူ​ဖြစ်၏။ သင့်​ကို ရွေး​နုတ်​သော​သူ​သည်၊ ဣ​သ​ရေ​လ​အ​မျိုး၏ သန့်​ရှင်း​သော​ဘု​ရား​ဖြစ်​သည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ 15ငါ​သည် သင့်​ကို အ​သွား​ရှိ​သော စ​ပါး​နယ်​စ​ရာ ယ​န္တ​ရား​စက်​အ​သစ် ဖြစ်​စေ​မည်။ သင်​သည် တောင်​ကြီး​တို့​ကို​နယ်၍ ညက်​စေ​မည်။ တောင်​ငယ်​တို့​ကို ဖွဲ​ကဲ့​သို့ ဖြစ်​စေ​မည်။ 16သူ​တို့​ကို​လှေ့၍၊ လေ​သည် သူ​တို့​ကို တိုက်​သွား​လိမ့်​မည်။ မုန်​တိုင်း​လွှင့်​လိမ့်​မည်။ သင်​မူ​ကား ထာ​ဝ​ရ​ဘု​ရား၌ ဝမ်း​မြောက်​လိမ့်​မည်။ ဣ​သ​ရေ​လ​အ​မျိုး၏​သန့်​ရှင်း​သော​ဘု​ရား၌ ဝါ​ကြွား​လိမ့်​မည်။
17ဆင်း​ရဲ​သော​သူ​နှင့် ငတ်​မွတ်​သော​သူ​တို့​သည် ရေ​ကို​ရှာ၍ မ​တွေ့၊ ရေ​ငတ်၍ လျှာ​သွေ့​ခြောက်​သော​အ​ခါ၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​စ​ကား​ကို နား​ထောင်​မည်။ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ဖြစ်​သော ငါ​သည် သူ​တို့​ကို​မ​စွန့်။ 18မြင့်​သော​အ​ရပ်​တို့၌ မြစ်​ကို​လည်း​ကောင်း၊ နိမ့်​သော​အ​ရပ်​တို့၌ စမ်း​ရေ​ကို​လည်း​ကောင်း ငါ​ပေါက်​စေ​မည်။ တော​အ​ရပ်၌ ရေ​ကန်​များ​ကို​လည်း​ကောင်း၊ သွေ့​ခြောက်​သော​အ​ရပ်၌ စမ်း​ရေ​တွင်း​များ​ကို​လည်း​ကောင်း ငါ​ဖြစ်​စေ​မည်။ 19တော၌ အာ​ရဇ်​ပင်၊ အ​ကာ​ရှ​ပင်၊ မု​ရ​တု​ပင်၊ သံ​လွင်​ပင်​များ​ကို​လည်း​ကောင်း၊ လွင်​ပြင်၌ ထင်း​ရှူး​ပင်၊ တ​ဒေ​ရ​ပင်၊ တာ​ရှု​ရ​ပင်​များ​ကို​လည်း​ကောင်း ရော​နှော​လျက် စိုက်​မည်။ 20သို့​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား​သည် ဤ​အ​မှု​ကို စီ​ရင်၍၊ ဣ​သ​ရေ​လ​အ​မျိုး၏​သန့်​ရှင်း​သော​ဘု​ရား ဖန်​ဆင်း​တော်​မူ​ကြောင်း​ကို၊ ထို​သူ​အ​ပေါင်း​တို့​သည် သိ​မြင်၍၊ ဆင်​ခြင်​နား​လည်​ကြ​လိမ့်​မည်။
ဘု​ရား​အ​တု​အ​ယောင်​များကိုစိန်ခေါ်​ခြင်း
21သင်​တို့၏​အ​မှု​ကို စောင့်​ကြ​လော့​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ သင်​တို့၏​ခိုင်​ခံ့​သော သက်​သေ​များ​ကို ထုတ်​ပြ​ကြ​လော့​ဟု ယာ​ကုပ်​အ​မျိုး၏​ရှင်​ဘု​ရင် မိန့်​တော်​မူ၏။ 22ထုတ်​ဖော်၍ အ​နာ​ဂ​တ္တိ​အ​ရာ​တို့​ကို ငါ​တို့​အား​ပြ​ကြ​စေ။ အ​ရင်​ဖြစ်​ဖူး​သော​အ​ရာ​တို့​သည် အ​ဘယ်​သို့​ဖြစ်​သည်​ကို ငါ​တို့​ဆင်​ခြင်၍၊ ထို​အ​ရာ​တို့၏​အ​ဆုံး​ကို သိ​ရ​မည်​အ​ကြောင်း ဖော်​ပြ​ကြ​စေ။ သို့​မ​ဟုတ်၊ ဖြစ်​လ​တ္တံ့​သော​အ​ရာ​တို့​ကို ငါ​တို့​အား ဟော​ပြော​ကြ​စေ။ 23သင်​တို့​သည် ဘု​ရား​ဖြစ်​သည်​ကို ငါ​တို့​သိ​ရ​မည်​အ​ကြောင်း၊ ဖြစ်​လ​တ္တံ့​သော အ​ရာ​တို့​ကို ပြ​ကြ​လော့။ အ​ချင်း​ချင်း တစ်​ယောက်​ကို​တစ်​ယောက် ကြည့်​ရှု​တွေ့​မြင်​မည် အ​ကြောင်း၊ ကောင်း​သော​အ​မှု၊ ဆိုး​သော​အ​မှု တစ်​စုံ​တစ်​ခု​ကို ပြု​ကြ​လော့။ 24သင်​တို့​သည် အ​ဘယ်​မျှ​မ​ဟုတ်​သော အ​ရာ​ထက်​သာ၍ ယုတ်​မာ​ကြ၏။ သင်​တို့​အ​မှု​လည်း၊ အ​ဘယ်​မျှ မ​ဟုတ်​သော​အ​မှု​ထက်​သာ၍ ယုတ်​မာ၏။ သင်​တို့​ကို ရွေး​ယူ​သော​သူ​သည် ရွံ​ရှာ​ဖွယ်​ဖြစ်၏။
25မြောက်​မျက်​နှာ၌ လူ​တစ်​ယောက်​ကို ငါ​ပေါ်​ထွန်း​စေ၍၊ သူ​သည်​လာ​လိမ့်​မည်။ နေ​ထွက်​ရာ​မှ​လာ၍ ငါ့​နာ​မ​ကို​ပ​တ္ထ​နာ​ပြု​လိမ့်​မည်။ အိုး​ထိန်း​သ​မား​သည် အိုး​မြေ​ကို​နင်း​သ​ကဲ့​သို့၊ ထို​သူ​သည် မင်း​တို့​ကို အိုး​မြေ​အ​မှတ်​နှင့် ကျော်​နင်း​လိမ့်​မည်။ 26ငါ​တို့​သည် သိ​ရ​မည်​အ​ကြောင်း၊ ရှေ့​ဦး​စွာ​မှ​စ၍ အ​ဘယ်​သူ​သည် ဟော​ပြော​သ​နည်း။ မှန်​ပေ၏​ဟု ငါ​တို့​သည် ဆို​ရ​မည်​အ​ကြောင်း၊ ရှေး​မ​ဆွ​က အ​ဘယ်​သူ​သည် ဟော​ပြော​သ​နည်း။ ဖော်​ပြ​သော​သူ တစ်​ယောက်​မျှ​မ​ရှိ။ ဟော​ပြော​သော​သူ တစ်​ယောက်​မျှ​မ​ရှိ။ သင်​တို့​စ​ကား​ကို ကြား​သော​သူ တစ်​ယောက်​မျှ​မ​ရှိ။ 27ဤ​မည်​သော​အ​မှု​တို့​သည် ဖြစ်​ကြ​လိမ့်​မည်​ဟု ရှေ့​ဦး​စွာ ငါ​သည် ဇိ​အုန်​မြို့​အား ပြော၏။ ဝမ်း​မြောက်​စ​ရာ​သ​တင်း​ကို ကြား​ပြော​သော တ​မန်​ကို​လည်း၊ ယေ​ရု​ရှ​လင်​မြို့​သို့ ငါ​စေ​လွှတ်၏။ 28သူ​တို့​ကို ငါ​ကြည့်​ရှု​သော​အ​ခါ၊ တစ်​စုံ​တစ်​ယောက်​မျှ မ​ရှိ။ သူ​တို့​တွင် သ​တိ​ပေး​သော​သူ တစ်​ယောက်​မျှ​မ​ရှိ။ ပြန်​ပြော​စေ​ခြင်း​ငှာ သူ​တို့​ကို ငါ​မေး​မြန်း​သော်​လည်း၊ 29သူ​တို့​သည် အ​ကြွင်း​မဲ့ အ​န​တ္တ​ဖြစ်​ကြ၏။ သူ​တို့​အ​မှု​များ​လည်း၊ အ​ဘယ်​မျှ​မ​ဟုတ်။ သူ​တို့​သွန်း​သော ရုပ်​တု​တို့​လည်း အ​တ္တ​မ​ရှိ၊ လေ​သက်​သက် ဖြစ်​ကြ၏။

လက်ရှိရွေးချယ်ထားမှု

ဟေရှာယ 41: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ