YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 4:3-5

ဟေရှာယ 4:3-5 JBMLE

ထာ​ဝ​ရ​ဘု​ရား​သည် တ​ရား​စီ​ရင်​သော​ဝိ​ညာဉ်၊ မီး​လောင်​သော ဝိ​ညာဉ်​တော်​အား​ဖြင့်၊ ဇိ​အုန်​သ​တို့​သ​မီး​တို့၏ အ​ညစ်​အ​ကြေး​ကို​ဆေး​ကြော၍၊ ယေ​ရု​ရှ​လင်​မြို့၏​အ​သွေး​ကို မြို့​ထဲ​က ပယ်​ရှား​တော်​မူ​ပြီး​လျှင်၊ ဇိ​အုန် တောင်​မှာ​ကျန်​ကြွင်း၍၊ ယေ​ရု​ရှ​လင်​မြို့၌ နေ​ရစ်​သော​သူ​တည်း​ဟူ​သော အ​သက်​စာ​ရင်း​ဝင်​သ​မျှ​သော ယေ​ရု​ရှ​လင်​မြို့​သား​တို့​သည် သန့်​ရှင်း​ခြင်း​ရှိ​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည်​လည်း ဇိ​အုန်​တောင်​မှာ ရှိ​သ​မျှ​သော​အိမ်​များ​နှင့် စည်း​ဝေး​ရာ ပ​ရိ​သတ်​များ​အ​ပေါ်​တွင်၊ နေ့​အ​ချိန်၌ မိုး​တိမ်​နှင့် မီး​ခိုး​ကို​လည်း​ကောင်း၊ ည​အ​ချိန်၌ မီး​လျှံ​အ​လင်း​ကို​လည်း​ကောင်း ဖန်​ဆင်း​တော်​မူ၍၊ မြတ်​သော​အ​ရာ အ​လုံး​စုံ​တို့​ကို လွှမ်း​မိုး​တော်​မူ​လိမ့်​မည်။