YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 35:1-7

ဟေရှာယ 35:1-7 JBMLE

တော​နှင့် လွင်​ပြင်​သည် ဝမ်း​မြောက်​လိမ့်​မည်။ ဆိတ်​ညံ​သော အ​ရပ်​သည်​လည်း ရွှင်​လန်း၍၊ နှင်း​ပွင့်​ကဲ့​သို့ အ​ပွင့်​ပွင့်​လိမ့်​မည်။ အ​လွန်​ပွင့်​လန်း၍ ဝမ်း​မြောက်​ခြင်း၊ သီ​ချင်း​ဆို​ခြင်း​နှင့်​တ​ကွ မြူး​ထူး​လိမ့်​မည်။ လေ​ဗ​နုန်​တောင်၏ ဘုန်း​နှင့်​လည်း​ကောင်း၊ က​ရ​မေ​လ​တောင်၊ ရှာ​ရုန်​အ​ရပ်​တို့၏ တင့်​တယ်​ခြင်း အ​သ​ရေ​နှင့်​လည်း​ကောင်း ပြည့်​စုံ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား၏ ဘုန်း​တော်​ကို​လည်း​ကောင်း၊ ငါ​တို့​ဘု​ရား​သ​ခင်၏​တန်​ခိုး​အာ​နု​ဘော်​တော်​ကို​လည်း​ကောင်း မြင်​ရ​ကြ​လိမ့်​မည်။ အား​မ​ရှိ​သော​လက်​တို့​ကို ခိုင်​ခံ့​စေ​ကြ​လော့။ လှုပ်​တတ်​သော ဒူး​တို့​ကို မြဲ​မြံ​စေ​ကြ​လော့။ အား​ယူ​ကြ​လော့၊ မ​စိုး​ရိမ်​ကြ​နှင့်​ဟု ကြောက်​တတ်​သော သူ​တို့​အား ဆို​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ သင်​တို့၏ ဘု​ရား​သ​ခင်​သည် အ​ပြစ်​ပေး​လျက်၊ ဒဏ်​စီ​ရင်​လျက် ကြွ​လာ​တော်​မူ​လိမ့်​မည်။ ဘု​ရား​သ​ခင်​သည် ကိုယ်​တော်​တိုင်​ကြွ​လာ၍၊ သင်​တို့​ကို ကယ်​တင်​တော်​မူ​လိမ့်​မည်။ ထို​အ​ခါ မျက်​စိ​ကန်း​သော​သူ​တို့​သည် မျက်​စိ​ပွင့်​လင်း​ကြ​လိမ့်​မည်။ နား​ပင်း​သော​သူ​တို့​သည် နား​ပင်း​ခြင်း​နှင့် လွတ်​ကြ​လိမ့်​မည်။ ခြေ​ဆွံ့​သော​သူ​တို့​သည် ဒ​ရယ်​ကဲ့​သို့ ခုန်​ကြ​လိမ့်​မည်။ စ​ကား​အ​သော​သူ​တို့​သည် သီ​ချင်း​ဆို​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ တော၌​စမ်း​ရေ​ထွက်၍၊ လွင်​ပြင်၌ မြစ်​ရေ​စီး​လိမ့်​မည်။ တံ​လျှပ်​သည် ရေ​ကန်​ဖြစ်​လိမ့်​မည်။ သွေ့​ခြောက်​သော​မြေ​သည် စမ်း​ရေ​တွင်း​ဖြစ်​လိမ့်​မည်။ မြေ​ခွေး​အိပ်​ရာ​နေ​ရာ၌ ကျူ​ပင်​နှင့် ဂ​မာ​ပင်​အ​စား၊ မြက်​ပင်​ပေါက်​လိမ့်​မည်။