YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 34

34
လူ​မျိုး​တို့​ကို​ဒဏ်​ခတ်တော်မူ​မည်
1အို လူ​မျိုး​တို့၊ သင်​တို့​သည် ကြား​ရ​အံ့​သော​ငှာ ချဉ်း​ကပ်​ကြ​လော့။ အို လူ​စု​တို့၊ နား​ထောင်​ကြ​လော့။ မြေ​ကြီး​နှင့် မြေ​ကြီး၌ ပါ​သ​မျှ​သော​အ​ရာ၊ လော​က​ဓာတ်​နှင့် လော​က​ဓာတ် တန်​ဆာ​ခပ်​သိမ်း​တို့​သည် ကြား​ကြ​ပါ​စေ။ 2ထာ​ဝ​ရ​ဘု​ရား၏ အ​မျက်​တော်​သည် လူ​မျိုး​အ​ပေါင်း​တို့၌ ထွက်၍၊ ပြင်း​စွာ​သော​အ​မျက်​တော်​သည် သူ​တို့​အ​လုံး​အ​ရင်း​အ​ပေါ်​မှာ သင့်​ရောက်​လေ၏။ သူ​တို့​ကို ရှင်း​ရှင်း​ဖျက်​ဆီး၍၊ အ​သေ​သတ်​ခြင်း၌ အပ်​လိုက်​တော်​မူ၏။ 3သူ​တို့​တွင် အ​သေ​ခံ​ရ​သော သူ​တို့​ကို ပြင်​သို့​ပစ်​လိုက်​သ​ဖြင့်၊ အ​သေ​ကောင်​တို့​သည် နံ​စော်၍၊ သူ​တို့၏​အ​သွေး​ဖြင့် တောင်​တို့​သည် အ​ရည်​ဖြစ်​ကြ​လိမ့်​မည်။ 4ခပ်​သိမ်း​သော ကောင်း​ကင်​တန်​ဆာ​တို့​သည် ပြုတ်၍၊ မိုး​ကောင်း​ကင်​သည် စာ​လိပ်​ကဲ့​သို့ လိပ်​လျက်​ရှိ​လိမ့်​မည်။ စ​ပျစ်​နွယ်​ပင်​မှ အ​ရွက်​ကျ​သ​ကဲ့​သို့​လည်း​ကောင်း၊ သင်္ဘော​သ​ဖန်း​ပင်​မှ အ​သီး​ကျ​သ​ကဲ့​သို့​လည်း​ကောင်း၊ ခပ်​သိမ်း​သော ကောင်း​ကင်​တန်​ဆာ​တို့​သည် ကျ​ကြ​လိမ့်​မည်။#မ၊ ၂၄:၂၉။ မာ၊ ၁၃:၂၅။ လု၊ ၂၁:၂၆။ ဗျာ၊ ၆:၁၃-၁၄။ 5အ​ကြောင်း​မူ​ကား၊ ငါ့​ဓား​သည် မိုး​ကောင်း​ကင်၌ ရောင့်​ရဲ​ပြီး​မှ၊ တစ်​ဖန် ဧ​ဒုံ​ပြည်​အ​ပေါ်​မှာ​လည်း​ကောင်း၊ ငါ​ကျိန်​သော​လူ​များ​တို့ အ​ပေါ်​မှာ​လည်း​ကောင်း၊ ဒဏ်​ပေး​ခြင်း​ငှာ ရောက်​လိမ့်​မည်။#ဟေ​ရှာ၊ ၆၃:၁-၆။ ယေ၊ ၄၉:၇-၂၂။ ယေ​ဇ၊ ၂၅:၁၂-၁၄၊ ၃၅:၁-၁၅။ အာ၊ ၁:၁၁-၁၂။ သြ၊ ၁-၁၄။ မာ​လ၊ ၁:၂-၅။ 6ထာ​ဝ​ရ​ဘု​ရား၏​ဓား​တော်​သည် အ​သွေး​နှင့်​ဝ​ပြီ။ ဆီ​ဥ​နှင့် ဆူ​ပြီ။ သိုး​သ​ငယ်​နှင့် ဆိတ်​တို့၏ အ​သွေး၊ သိုး​ထီး​တို့၏ ကျောက်​ကပ် ဆီ​ဥ​နှင့် ဆူ​ဝ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည် ဗော​ဇ​ရ​မြို့၌ ယဇ်​ပွဲ​ကို​လည်း​ကောင်း၊ ဧ​ဒုံ​ပြည်၌ ကြီး​စွာ​သော သတ်​ခြင်း​ပွဲ​ကို​လည်း​ကောင်း ခံ​တော်​မူ၏။ 7ကြံ့​များ​နှင့် နွား​လား​ဥ​သ​ဘ​များ​တို့​သည် လဲ​ကြ​သ​ဖြင့်၊ သူ​တို့​နေ​ရာ​မြေ​သည် သူ​တို့​အ​သွေး​နှင့် ယစ်​မူး၍၊ မြေ​မှုန့်​သည်​လည်း ဆီ​ဥ​နှင့် ဆူ​ဝ​လိမ့်​မည်။ 8ထာ​ဝ​ရ​ဘု​ရား​ဒဏ်​ပေး​တော်​မူ​ရာ​နေ့၊ ဇိ​အုန်​မြို့၏ အ​မှု​ကို​စောင့်၍ အ​ပြစ်​ပေး​တော်​မူ​ရာ​နှစ် ရောက်​လေ​ပြီ။ 9ထို​ပြည်၏​မြစ်​ရေ​သည် ထင်း​ရှူး​စေး၊ မြေ​မှုန့်​လည်း ကန့်၊ တစ်​ပြည်​လုံး​လည်း မီး​လောင်​သော​အ​စေး ဖြစ်​လိမ့်​မည်။ 10နေ့​ည​မ​ပြတ် မီး​မ​ငြိမ်း​ရ။ မီး​ခိုး​လည်း အ​စဉ်​တက်​လိမ့်​မည်။ ထို​ပြည်​သည် လူ​မျိုး​အ​စဉ်​အ​ဆက် ဆိတ်​ညံ၍၊ ကာ​လ​အ​စဉ်​အ​မြဲ အ​ဘယ်​သူ​မျှ မ​လျှောက်​မ​သွား​ရ။#ဗျာ၊ ၁၄:၁၁၊ ၁၉:၃။ 11ဝံ​ပို​ငှက်​နှင့် ဖြူ​ကောင်​တို့​သည် ထို​ပြည်​ကို အ​မွေ​ခံ၍၊ ဣ​ဗိတ်​ငှက်​နှင့် ကျီး​အ​တို့​သည်​လည်း နေ​ကြ​လိမ့်​မည်။ ထို​မြေ​အ​ပေါ်​မှာ လွတ်​လပ်​ခြင်း​မျဉ်း​ကြိုး​ကို​တန်း၍၊ လ​ဟာ​မှန်​ထုပ်​ကို စီ​ရင်​တော်​မူ​လိမ့်​မည်။ 12မင်း​အ​ရာ၌ ချီး​မြှောက်​ရ​သော မှူး​တော်​မတ်​တော် မ​ရှိ​ရ။ မင်း​ရိုး​ပြတ်​ရ​လိမ့်​မည်။ 13ဘုံ​ဗိ​မာန်​တို့၌​လည်း​ကောင်း၊ ရဲ​တိုက်​တို့၌​လည်း​ကောင်း၊ ဆူး​ပင်​အ​မျိုး​မျိုး ပေါက်​ကြ​လိမ့်​မည်။ မြေ​ခွေး​ခို​ရာ၊ ငှက်​ကု​လား​အုတ်​နေ​ရာ ဖြစ်​ရ​လိမ့်​မည်။ 14ထို​အ​ရပ်၌ တော​သား​ရဲ​တို့​သည် တော​ခွေး​တို့​နှင့် တွေ့​ကြုံ​ကြ​လိမ့်​မည်။ မျောက်​တို့​သည် အ​ချင်း​ချင်း တစ်​ကောင်​ကို​တစ်​ကောင် မြည်​ကြ​လိမ့်​မည်။ ထို​အ​ရပ်၌ လိ​လိတ်​ငှက်​သည်​လည်း​နား၍ ခို​လှုံ​ရာ​ကို​တွေ့​လိမ့်​မည်။ 15ခုန်​တတ်​သော မြွေ​သည်​လည်း၊ ထို​အ​ရပ်၌ အ​သိုက်​လုပ်၍ ဥ​လိမ့်​မည်။ အ​ဥ​ပေါက်​ပြီး​မှ မြွေ​သ​ငယ်​တို့​ကို စု​သိမ်း၍ ကွယ်​ကာ​လိမ့်​မည်။ လင်း​တ​တို့​သည်​လည်း ထို​အ​ရပ်၌ စု​ဝေး၍၊ အ​ထီး​အ​မ​များ ပေါင်း​ကြ​လိမ့်​မည်။ 16ထာ​ဝ​ရ​ဘု​ရား၏​ကျမ်း​စာ​ကို​ကြည့်​ရှု၍ ဖတ်​ကြ​လော့။ ထို​တိ​ရ​စ္ဆာန်​တစ်​ကောင်​မျှ မ​ပေါ်​ဘဲ​မ​နေ​ရ။ အ​မ​တစ်​ကောင်​မျှ မိ​မိ​အ​ဖော်​ကို မ​လို​ရ။ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​တော်​ထွက်​အ​မိန့်​တော်ရှိ၏။ ဝိ​ညာဉ်​တော်​သည်​လည်း သူ​တို့​ကို စု​ဝေး​စေ​တော်​မူ၏။ 17သူ​တို့​ကို စာ​ရေး​တံ​ပြု​လျက်၊ လက်​တော်​နှင့် မျဉ်း​ကြိုး​ကို​တန်း​လျက်၊ သူ​တို့​နေ​ရာ​ကို ခွဲ​ဝေ​တော်​မူ၏။ သူ​တို့​သည် ထို​ပြည်​ကို အ​မြဲ​အ​မွေ​ခံ၍၊ အ​မျိုး​အ​နွယ် အ​စဉ်​အ​ဆက်​နေ​ရ​ကြ​လိမ့်​မည်။

လက်ရှိရွေးချယ်ထားမှု

ဟေရှာယ 34: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ