YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 33

33
မ​စ​တော်​မူ​ရန်​ဆု​တောင်း​ခြင်း
1သူ​တစ်​ပါး လု​ယူ​ခြင်း​ကို​မ​ခံ​ဘဲ​လျက်၊ လု​ယူ​တတ်​သော​သူ၊ သူ​တစ်​ပါး​ဖျက်​ဆီး​ခြင်း​ကို မ​ခံ​ဘဲ​လျက်၊ ဖျက်​ဆီး​တတ်​သော​သူ၊ သင်​သည် အ​မင်္ဂ​လာ​ရှိ၏။ သင်​သည် မ​လု​မ​ယူ​ဘဲ နေ​သော​အ​ခါ လု​ယူ​ခြင်း​ကို ခံ​ရ​မည်။ ဖျက်​ဆီး၍ မော​သော​အ​ခါ ပျက်​စီး​ခြင်း​သို့ ရောက်​လိမ့်​မည်။
2အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​တို့​ကို သ​နား​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်​ကို မျှော်​လင့်​ကြ​ပါ၏။ နံ​နက်​တိုင်း အ​ကျွန်ုပ်​တို့၌ ခွန်​အား​ကို ပေး​တော်​မူ​ပါ။ အ​မှု​ရောက်​သော​အ​ခါ၊ အ​ကျွန်ုပ်​တို့​ကို ကယ်​တင်​တော်​မူ​ပါ။
3အ​လုံး​အ​ရင်း၏​အ​သံ​ကြောင့်၊ လူ​စု​တို့​သည် ပြေး​ကြ၏။ ထ​တော်​မူ​သော​အ​ခါ၊ လူ​မျိုး​တို့​သည် အ​ရပ်​ရပ် ကွဲ​ပြား​ကြ၏။ 4သူ​တစ်​ပါး​တို့​သည် သင်​တို့၏​ဥ​စ္စာ​ကို ကျိုင်း​ကောင် သိမ်း​ယူ​သ​ကဲ့​သို့ သိမ်း​ယူ​ကြ​လိမ့်​မည်။ ကျိုင်း​ကောင်​တို့​သည် လူး​လာ​ပြေး​သ​ကဲ့​သို့၊ သင်​တို့၏ ဥ​စ္စာ​ပေါ်​မှာ လူး​လာ​ပြေး​ကြ​လိမ့်​မည်။
5ထာ​ဝ​ရ​ဘု​ရား​သည် ချီး​မြှောက်​ခြင်း ရှိ​တော်​မူ၏။ မြင့်​သော​အ​ရပ်၌ နေ​တော်​မူ၏။ ဇိ​အုန်​မြို့​ကို တ​ရား​သ​ဖြင့် ဆုံး​ဖြတ်​ခြင်း၊ ဖြောင့်​မတ်​စွာ စီ​ရင်​ခြင်း​နှင့် ပြည့်​စေ​တော်​မူ၏။ 6ဉာဏ်​နှင့် ပ​ညာ​သည် သင်၏​လက်​ထက်၌ တည်​ကြည်​ခြင်း၊ မြဲ​မြံ​စွာ ကယ်​တင်​ခြင်း​ကို ဖြစ်​စေ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​ခြင်း​သ​ဘော​သည်​လည်း သင်၏​ဘ​ဏ္ဍာ ဖြစ်​လိမ့်​မည်။
7သူ​ရဲ​တို့​သည် ပြင်၌ အော်​ဟစ်​ကြ၏။ မိတ်​သ​ဟာ​ယ​စ​ကား​ကို ပြော​သော တ​မန်​တော်​တို့​သည် ပြင်း​စွာ ငို​ကြွေး​ကြ၏။ 8လမ်း​မ​တို့​သည် ဆိတ်​ညံ​ကြ၏။ လမ်း​ခ​ရီး၌ သွား​လာ​သော​သူ မ​ရှိ။ ထို​မင်း​သည် သ​စ္စာ​ပျက်​လေ​ပြီ။ မြို့​များ​ကို​လည်း ပယ်​လေ​ပြီ။ အ​ဘယ်​သူ၏​မျက်​နှာ​ကို မ​မှတ်​တတ်။ 9ပြည်​တော်​သည် ငြို​ငြင်၍ အား​လျော့၏။ လေ​ဗ​နုန်​တော​သည် ရှက်​ကြောက်၍ နွမ်း​ရိ၏။ ရှာ​ရုန်​အ​ရပ်​သည် တော​ကဲ့​သို့​ဖြစ်၏။ ဗာ​ရှန်​တောင်​နှင့် က​ရ​မေ​လ​တောင်​သည် လှုပ်​ရှား၏။
10ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ယ​ခု​ငါ​ထ​မည်။ ယ​ခု ချီး​မြှောက်​ခြင်း​သို့ ရောက်​မည်။ ကိုယ်​ကို​ကိုယ် ချီး​မြှောက်​မည်။ 11သင်​တို့​သည် ဖွဲ​ကို ကိုယ်​ဝန်​ဆောင်၍၊ အ​မှိုက်​ကို ဖွား​မြင်​ရ​လိမ့်​မည်။ သင်​တို့ စိတ်​သ​ဘော​သည် မီး​ဖြစ်၍၊ သင်​တို့​ကို ဖျက်​ဆီး​လိမ့်​မည်။ 12လူ​များ​တို့​သည် ထုံး​ကျောက်​ကို ဖုတ်​သ​ကဲ့​သို့​လည်း​ကောင်း၊ ဆူး​ပင်​များ​ကို ခုတ်၍ မီး​ရှို့​သ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ​လိမ့်​မည်။ 13ဝေး​သော​သူ​တို့၊ ငါ​ပြု​သော​အ​မှု​ကို မှတ်​ကြ​လော့။ နီး​သော​သူ​တို့၊ ငါ့​တန်​ခိုး​ကို ဝန်​ခံ​ကြ​လော့။ 14အ​ပြစ်​ရှိ​သော ဇိ​အုန်​မြို့​သား​တို့​သည် ကြောက်​ကြ၏။ အ​ဓ​မ္မ​ပြု​သော​သူ​တို့​သည် ထိတ်​လန့်​ကြ၏။ ငါ​တို့​တွင် အ​ဘယ်​သူ​သည် လောင်​သော​မီး​ထဲ​မှာ နေ​ရ​မည်​နည်း။ ငါ​တို့​တွင် အ​ဘယ်​သူ​သည် ထာ​ဝ​ရ​မီး​လောင်​ခြင်း​ကို ခံ​လျက်​နေ​ရ​မည်​နည်း။ 15တ​ရား​သ​ဖြင့်​ကျင့်၍ ဖြောင့်​မတ်​စွာ ပြော​ထ​သော၊ ညှဉ်း​ဆဲ​ခြင်း​အား​ဖြင့် ရ​သော​ငွေ​ကို ရွံ၍၊ တံ​စိုး​ကို​လည်း ငြင်း​ပယ်​ထ​သော၊ လူ​အ​သက်​သတ်​ခြင်း​အ​မှု​ကို နား​မ​ခံ၊ အ​ဓ​မ္မ​အ​မှု​များ​ကို မ​ကြည့်​မ​ရှု​သော​သူ​သည် မြင့်​သော​အ​ရပ်၌ နေ​လိမ့်​မည်။ 16ခိုင်​ခံ့​သော ကျောက်​မြို့၌ ခို​လှုံ​လိမ့်​မည်။ ထို​သူ​အား အ​စာ​ကို အ​စဉ်​ပေး​ရ​လိမ့်​မည်။ သောက်​ရေ​လည်း မ​ပြတ်​ရ။
ရှင်​ဘု​ရင်၏​တင့်​တယ်​ခြင်း
17သင်​သည် ရှင်​ဘု​ရင်၏ တင့်​တယ်​ခြင်း​အ​သ​ရေ​တော်​ကို ကိုယ်​မျက်​စိ​နှင့် မြင်​ရ၍၊ ဝေး​လှ​သော​ပြည်​ကို​လည်း ကြည့်​မြင်​ရ​လိမ့်​မည်။ 18သင်​သည် ကြောက်​လန့်​ဖွယ်​သော အ​ခြင်း​အ​ရာ​ကို အောက်​မေ့​သော​အ​ခါ၊ စာ​ရင်း​ယူ​သော​သူ​သည် အ​ဘယ်​မှာ ရှိ​သ​နည်း။ အ​ခွန်​ခံ​သော​သူ​သည် အ​ဘယ်​မှာ ရှိ​သ​နည်း။ ပြ​အိုး​တို့​ကို ရေ​တွက်​သော​သူ​သည် အ​ဘယ်​မှာ ရှိ​သ​နည်း။ 19ကြမ်း​တမ်း​သော​လူ​မျိုး၊ နား​မ​ဝင်​နိုင်​အောင် နက်​နဲ​သော​စ​ကား၊ နား​မ​လည်​နိုင်​အောင် ခက်​ခဲ​သော​စ​ကား​ကို ပြော​သော လူ​မျိုး​ကို သင်​သည် မ​တွေ့​မ​မြင်​ရ။ 20ငါ​တို့​ပွဲ​ခံ​ရာ​မြို့၊ ဇိ​အုန်​မြို့​ကို ကြည့်​ရှု​လော့။ တိုင်​တစ်​ခု​မျှ​မ​ရွှေ့၊ ကြိုး​တစ်​ခု​မျှ​မ​ပြတ်၊ အ​လျှင်း​မ​ပျက်​ရ​သော တဲ​တည်း​ဟူ​သော၊ ငြိမ်​ဝပ်​သော​နေ​ရာ ယေ​ရု​ရှ​လင်​မြို့​ကို ကိုယ်​မျက်​စိ​နှင့် မြင်​ရ​လိမ့်​မည်။ 21ထို​မြို့​တွင် ဘုန်း​ကြီး​သော ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့၌ ကျယ်​သော​မြစ်​များ ဆုံး​ရာ​အ​ရပ် ဖြစ်​တော်​မူ​လိမ့်​မည်။ ထို​အ​ရပ်၌ တက်​သော​ရဲ​လှေ၊ အား​ကြီး​သော သင်္ဘော​တစ်​စင်း​မျှ မ​လျှောက်​မ​သွား​ရ။ 22အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့၏ တ​ရား​သူ​ကြီး ဖြစ်​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့၏ ပ​ညတ်​တ​ရား​ရှင် ဖြစ်​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့၏ ရှင်​ဘု​ရင်​ဖြစ်၍၊ ငါ​တို့​ကို ကယ်​တင်​တော်​မူ​လိမ့်​မည်။
23သင်၏ သင်္ဘော​ရွက်​ကြိုး​များ ပြုတ်​လျက်​ရှိ၏။ ရွက်​တိုင်​ကို ခိုင်​ခံ့​စွာ​မ​ချည်၊ ရွက်​ကို​လည်း မ​ဖြန့်​နိုင်။ သို့​ဖြစ်၍၊ များ​စွာ​သော​ဥ​စ္စာ​ကို လု​ယူ​ဝေ​ငှ​ရ၏။ ခြေ​ဆွံ့​သော​သူ​ပင် လု​ယူ​ရာ ဥ​စ္စာ​ကို လု​ယူ​ရ၏။ 24မြို့​သား​က​လည်း၊ ငါ​နာ​သည်​ဟု မ​ဆို​ရ။ ထို​မြို့၌​နေ​သော သူ​တို့​သည် အ​ပြစ်​ပြေ​ရှင်း​ခြင်း​သို့ ရောက်​ရ​ကြ​လိမ့်​မည်။

လက်ရှိရွေးချယ်ထားမှု

ဟေရှာယ 33: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ