YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 28:24-29

ဟေရှာယ 28:24-29 JBMLE

လယ်​လုပ်​သော​သူ​သည် မျိုး​စေ့​ကို ကြဲ​ခြင်း​ငှာ၊ မြေ​ကို​ဆွ​လျက်၊ မြေ​စိုင်​ကို​ချေ​လျက် အ​စဉ် လယ်​ထွန်​တတ်​သ​လော။ လယ်​မျက်​နှာ​ကို ညှိ​ပြီး​မှ စ​မုန်​နက်​မျိုး​စေ့၊ ဇီ​ယာ​မျိုး​စေ့​ကို ကြဲ​သည်​မ​ဟုတ်​လော။ ဂျုံ​စ​ပါး​မျိုး​စေ့​ကို အ​တန်း​တန်း​စိုက်၍၊ မု​ယော​စ​ပါး​နှင့် ကောက်​စ​ပါး​မျိုး​စေ့ အ​သီး​အ​သီး​တို့​ကို သူ​တို့​အ​ရပ်၌ ကြဲ​သည်​မ​ဟုတ်​လော။ အ​ကြောင်း​မူ​ကား၊ သူ၏​ဘု​ရား​သ​ခင်​သည် စီ​ရင်​တတ်​သော ဉာဏ်​ကို​ပေး​တော်​မူ၏။ သူ့​ကို​လည်း သွန်​သင်​တော်​မူ၏။ စ​မုန်​နက် မျိုး​စေ့​ကို​လည်း ပျဉ်​ပြား​နှင့် မ​နယ်​တတ်။ ဇီ​ယာ​စေ့​ပေါ်၌​လည်း လှည်း​ဘီး​ကို မ​လှိမ့်​တတ်။ စ​မုန်​နက်​စေ့​ကို တုတ်​နှင့်​လည်း​ကောင်း၊ ဇီ​ယာ​စေ့​ကို ကြိမ်​လုံး​နှင့်​လည်း​ကောင်း ရိုက်​တတ်၏။ ဂျုံ​စ​ပါး​ကို​ကား နယ်​တတ်၏။ သို့​သော်​လည်း၊ အ​စဉ်​နယ်​တတ်​သည် မ​ဟုတ်။ လှည်း​ဘီး​နှင့် မြင်း​တို့​ကို နှင်​သော်​လည်း၊ စ​ပါး​ကို ညက်​စေ​တတ်​သည် မ​ဟုတ်။ ထို​အ​မှု​သည်​လည်း၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား အ​ကြံ​ပေး​တော်​မူ​သော​အ​မှု​တည်း။ အ​ကြံ​ပေး​တော်​မူ​ခြင်း​သည် အံ့​ဩ​ဖွယ်​ဖြစ်၏။ ဉာဏ်​တော်​သည်​လည်း ထူး​ဆန်း​ပေ၏။