YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 27:1-13

ဟေရှာယ 27:1-13 JBMLE

ထို​ကာ​လ၌ ထာ​ဝ​ရ​ဘု​ရား​သည် ပြေး​တတ်​သော မြွေ​လ​ဝိ​သန်​ကို​လည်း​ကောင်း၊ လိမ်​သော မြွေ​လ​ဝိ​သန်​ကို​လည်း​ကောင်း ခိုင်​ခံ့​ကြီး​မား​သော ဓား​တော်​နှင့် ဒဏ်​ပေး၍၊ ပင်​လယ်၌​ရှိ​သော န​ဂါး​ကို​လည်း သတ်​တော်​မူ​လိမ့်​မည်။ ထို​ကာ​လ၌ စ​ပျစ်​ဥ​ယျာဉ်​ကို အ​ကြောင်း​ပြု၍၊ ဤ​သို့ သီ​ချင်း​ဆို​ကြ​လော့။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် ဥ​ယျာဉ်​စောင့်​ဖြစ်၏။ မ​ခြား​မ​လပ် ရေ​လောင်း​မည်။ အ​ဘယ်​သူ​မျှ မ​ဖျက်​စေ​ခြင်း​ငှာ၊ နေ့​ည​မ​ပြတ် စောင့်​ရှောက်​မည်။ ငါ့​အ​မျက် ငြိမ်း​ပြီ။ ဆူး​ပင်​မျိုး​ကို​မူ​ကား၊ စစ်​ပွဲ၌ ငါ​တွေ့​ပါ​စေ​သော။ ချက်​ချင်း​တိုက်၍ တစ်​ပြိုင်​နက်​မီး​ရှို့​မည်။ သို့​မ​ဟုတ် ငါ၏​အ​စွမ်း​သ​တ္တိ​ကို ကိုး​စား၍၊ ငါ​နှင့် မိတ်​သ​ဟာ​ယ ဖွဲ့​ကြ​စေ။ ငါ​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​ကြ​စေ​သော။ နောင်​ကာ​လ၌ ယာ​ကုပ်​သည် အ​မြစ်​ကျ​လိမ့်​မည်။ ဣ​သ​ရေ​လ​သည် စိမ်း​လန်း၍ အ​ဖူး​အ​ငုံ​ထွက်​သ​ဖြင့်၊ လော​ကီ​နိုင်​ငံ​ကို အ​သီး​နှင့် ပြည့်​စေ​လိမ့်​မည်။ သူ့​ကို ညှဉ်း​ဆဲ​သော​သူ​တို့​ကို ညှဉ်း​ဆဲ​တော်​မူ​သည် နည်း​တူ၊ သူ့​ကို ညှဉ်း​ဆဲ​တော်​မူ​သ​လော။ သူ့​ကို​သတ်​သော​သူ​တို့​သည် အ​သေ​သတ်​ခြင်း​ကို ခံ​ရ​ကြ​သည် နည်း​တူ၊ သူ​သည် အ​သေ​သတ်​ခြင်း​ကို ခံ​ရ​သ​လော။ သူ့​ကို​စွန့်​ပစ်၍ အ​တော်​အ​တန် ဆုံး​မ​တော်​မူ၏။ အ​ရှေ့​လေ လာ​သော​အ​ခါ၊ ပြင်း​စွာ​သော​လေ​ဖြင့် တိုက်​သွား​တော်​မူ၏။ ထို​သို့ ယာ​ကုပ်​အ​မျိုး​သည် ယဇ်​ပ​လ္လင်​ကျောက်​တို့​ကို ထုံး​ကျောက်​ကဲ့​သို့ ချိုး​ဖဲ့၍၊ အာ​ရှ​ရ​ပင်​နှင့် ရုပ်​တု​တို့​ကို လှဲ​သော​အ​ခါ၊ မိ​မိ​အ​ပြစ်​ပြေ၍၊ အ​ပြစ်​ပြေ​ရှင်း​ခြင်း အ​ကျိုး​ကျေး​ဇူး​ရှိ​သ​မျှ​ကို ခံ​ရ​လိမ့်​မည်။ သို့​သော်​လည်း၊ ခိုင်​ခံ့​သော​မြို့​သည်၊ ဆိတ်​ညံ​သော​အ​ရပ်၊ တော​ကဲ့​သို့​စွန့်၍ ပစ်​ထား​သော​နေ​ရာ ဖြစ်​လိမ့်​မည်။ ထို​အ​ရပ်၌ နွား​သ​ငယ်​သည် ကျက်​စား​လျက်၊ အိပ်​လျက်​နေ၍၊ အ​ညွန့်​များ​ကို ကိုက်​စား​လိမ့်​မည်။ အ​ခက်​အ​လက်​တို့​သည် သွေ့​ခြောက်​သော​အ​ခါ ချိုး​ခြင်း​သို့​ရောက်၍၊ မိန်း​မ​တို့​သည် လာ၍ မီး​ရှို့​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ပ​ညာ​မဲ့​သော​အ​မျိုး​ဖြစ်၏။ ထို​ကြောင့်၊ ဖန်​ဆင်း​ပြု​ပြင်​တော်​မူ​သော​သူ​သည် မ​သ​နား၊ ကျေး​ဇူး​မ​ပြု​ဘဲ နေ​တော်​မူ​လိမ့်​မည်။ အို​ဣ​သ​ရေ​လ အ​မျိုး​သား​တို့၊ ထို​ကာ​လ၌​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် မြစ်​ကြီး​မှ​စ၍၊ အဲ​ဂု​တ္တု​မြစ်​တိုင်​အောင် သစ်​သီး​များ​ကို သိမ်း​ယူ​တော်​မူ​သ​ဖြင့်၊ သင်​တို့​သည် တစ်​ယောက်​နောက်​တစ်​ယောက်၊ ကောက်​သိမ်း​ခြင်း​ကျေး​ဇူး​တော်​ကို ခံ​ရ​ကြ​လိမ့်​မည်။ ထို​ကာ​လ၌​လည်း၊ ကြီး​သော​တံ​ပိုး​ကို မှုတ်​ရ​လိမ့်​မည်။ အာ​ရှု​ရိ​ပြည်၌ ပျောက်​သော​သူ၊ အဲ​ဂု​တ္တု​ပြည်၌ စွန့်​ပစ်​သော​သူ​တို့​သည် လာ၍၊ ယေ​ရု​ရှ​လင်​မြို့​တွင်၊ သန့်​ရှင်း​သော​တောင်​ပေါ်​မှာ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဝတ်​ပြု၍ ကိုး​ကွယ်​ကြ​လိမ့်​မည်။