YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 26

26
အောင်​ပွဲ​ခံ​သီချင်း
1ထို​ကာ​လ၌ ယု​ဒ​ပြည်​မှာ သီ​ချင်း​ဆို​လ​တ္တံ့​သော စ​ကား​ဟူ​မူ​ကား၊ ငါ​တို့၌ ခိုင်​ခံ့​သော​မြို့​ရှိ၏။ ကယ်​တင်​ခြင်း ကျေး​ဇူး​ကို ပြ​အိုး၊ ရင်​တား​အ​ရာ၌ စီ​ရင်​ခန့်​ထား​တော်​မူ​လိမ့်​မည်။ 2တံ​ခါး​တို့​ကို ဖွင့်​ကြ​လော့။ 3သ​စ္စာ​စောင့်၍ ဖြောင့်​မတ်​သော​လူ​မျိုး​ဝင်​ပါ​စေ။ စိတ်​နှ​လုံး​တည်​ကြည်​သော​သူ​သည် ကိုယ်​တော်၌ ခို​လှုံ​သော​ကြောင့်၊ ငြိမ်​သက်​ခြင်း​သက်​သက်​ရှိ​မည့်​အ​ကြောင်း စောင့်​ရှောက်​တော်​မူ​လိမ့်​မည်။ 4ထာ​ဝ​ရ​ဘု​ရား၌ အ​စဉ်​အ​မြဲ ခို​လှုံ​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် နိ​စ္စ​ထာ​ဝ​ရ​ခို​လှုံ​ရာ ဖြစ်​တော်​မူ၏။ 5မြင့်​သော​အ​ရပ်၌ နေ​သော​သူ​တို့​ကို ရှုတ်​ချ​တော်​မူ၏။ မြင့်​မြတ်​သော​မြို့​ကို ဖြို၍၊ မြေ​တိုင်​အောင် နှိမ့်​ချ​လျက် မြေ​မှုန့်​ထဲ​မှာ ထား​တော်​မူ၏။ 6ကျော်​နင်း​ခြင်း​ကို ခံ​ရ​လိမ့်​မည်။ ဆင်း​ရဲ​သော​သူ​နှင့် ငတ်​မွတ်​သော​သူ​တို့​သည် ကျော်​နင်း​ကြ​လိမ့်​မည်။
7ဖြောင့်​မတ်​သော​သူ​သည် ဖြောင့်​သော​လမ်း၌ သွား​တတ်၏။ အို ဖြောင့်​မတ်​တော်​မူ​သော​ဘု​ရား၊ ကိုယ်​တော်​သည် ဖြောင့်​မတ်​သော​သူ၏ လမ်း​ခ​ရီး​ကို ပြင်​ဆင်​တော်​မူ၏။ 8အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​တို့​သည် တ​ရား​တော်​လမ်း၌​သွား​လျက်၊ ကိုယ်​တော်​ကို​မျှော်​လင့်၍၊ ကိုယ်​တော်၏​အ​မည်၊ ဘွဲ့​နာ​မ​တော်​ကို စိတ်​နှ​လုံး၌ တ​သ​လျက်​ရှိ​ပါ၏။ 9ည​အ​ခါ အ​ကျွန်ုပ်​သည် စိတ်​နှ​လုံး​နှင့် ကိုယ်​တော်​ကို တောင့်​တ​ပါ၏။ နံ​နက်​အ​ခါ အ​ကျွန်ုပ်​သည် အ​တွင်း​ဝိ​ညာဉ်​အား​ဖြင့် ကိုယ်​တော်​ကို​ရှာ​ပါ၏။ မြေ​ပေါ်​မှာ အ​မှု​ကို​စစ်​ကြော​စီ​ရင်​တော်​မူ​သော​အ​ခါ၊ လော​ကီ​သား​တို့​သည် တ​ရား​ကို​သင်​ကြ၏။ 10မ​တ​ရား​သော​သူ​သည် ကျေး​ဇူး​ကို​ခံ​ရ​သော်​လည်း၊ တ​ရား​ကို မ​သင်​တတ်​ပါ။ တ​ရား​ကျင့်​ရာ​ပြည်၌​ပင် အ​ဓ​မ္မ​ပြု၍၊ ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​ကို ပ​မာ​ဏ​မ​ပြု​တတ်​ပါ။ 11အို ထာ​ဝ​ရ​ဘု​ရား၊ လက်​တော်​ကို ချီ​တော်​မူ​သော်​လည်း၊ သူ​တို့​သည် မ​မြင်​မ​မှတ်​ကြ​ပါ။ သို့​သော်​လည်း၊ ကိုယ်​တော်၏ လူ​တို့​အ​ဖို့ စိတ်​အား​ကြီး​တော်​မူ​ကြောင်း​ကို၊ သူ​တို့​သည် မြင်၍ အ​ရှက်​ကွဲ​ကြ​ပါ​လိမ့်​မည်။ ကိုယ်​တော်၏ ရန်​သူ​တို့​ကို မီး​လောင်​ရ​ပါ​လိမ့်​မည်။#ဟေ​ဗြဲ၊ ၁၀:၂၇။
12အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​အား ငြိမ်​သက်​ခြင်း​ကို ပေး​တော်​မူ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ အ​ကျွန်ုပ်​တို့၏ အ​မှု​ရှိ​သ​မျှ​တို့​ကို အ​ကျွန်ုပ်​တို့​အ​ဖို့ ပြု​တော်​မူ၏။ 13အ​ကျွန်ုပ်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​မှ​တစ်​ပါး အ​ခြား​သော​သ​ခင်​တို့​သည် အ​ကျွန်ုပ်​တို့​ကို အ​စိုး​ရ​ကြ​ပြီ။ ယ​ခု​မူ​ကား၊ ကိုယ်​တော်​အား​ဖြင့်​သာ နာ​မ​တော်​ကို ချီး​မွမ်း​ကြ​ပါ​မည်။ 14ထို​သ​ခင်​တို့​သည် သေ​ကြ​ပါ​ပြီ။ တစ်​ဖန် အ​သက်​မ​ရှင်​ရ​ကြ​ပါ။ သင်္ချိုင်း​သား​ဖြစ်၍ ထ​မြောက်​ခြင်း မ​ရှိ​ရ​ကြ​ပါ။ သူ​တို့​ကို ကြည့်​ရှု​ဖျက်​ဆီး၍၊ သူ​တို့၏​အ​မှတ်​မျှ မ​ရှိ​စေ​ခြင်း​ငှာ ပယ်​ရှင်း​တော်​မူ​ပြီ။ 15အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​တို့​အ​မျိုး​ကို တိုး​ပွား​စေ​တော်​မူ​ပြီ။ အ​ကျွန်ုပ်​တို့​အ​မျိုး​ကို တိုး​ပွား​စေ​သ​ဖြင့်၊ ဘုန်း​ကြီး​တော်​မူ၏။ ပြည်​တော်​ကို ပတ်​ဝန်း​ကျင်၌ ကျယ်​စေ​တော်​မူ​ပြီ။ 16အို ထာ​ဝ​ရ​ဘု​ရား၊ သူ​တို့​သည် ဆင်း​ရဲ​ခံ​ရ​သော​အ​ခါ၊ ကိုယ်​တော်၌ ဆည်း​ကပ်​ကြ​ပါ​ပြီ။ ဆုံး​မ​တော်​မူ​သော​အ​ခါ၊ ဆု​တောင်း​ပ​တ္ထ​နာ​စ​ကား​ကို သွန်း​လောင်း​ကြ​ပါ​ပြီ။ 17ကိုယ်​ဝန်​ဆောင်​သော​မိန်း​မ​သည် သား​ဖွား​ချိန်​နီး​သော​အ​ခါ နာ​ကျင်၍၊ နာ​ကျင်​ခြင်း​ဝေ​ဒ​နာ​ကြောင့် အော်​ဟစ်​သ​ကဲ့​သို့၊ ထို​အ​တူ၊ အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​တို့​သည် ရှေ့​တော်၌ ဖြစ်​ကြ​ပါ​ပြီ။ 18အ​ကျွန်ုပ်​တို့​သည် ကိုယ်​ဝန်​ဆောင်၍ နာ​ကျင်​ခြင်း​ဝေ​ဒ​နာ​ကို ခံ​ရ​သော်​လည်း၊ လေ​ကို​ဖွား​သ​ကဲ့​သို့ ဖြစ်​ကြ​ပါ​ပြီ​တ​ကား။ ပြည်​သား​တို့​သည် ကယ်​တင်​ခြင်း​သို့​မ​ရောက်​ကြ။ လော​ကီ​သား​တို့​သည် မ​လဲ​ကြ​ပါ။
19ကိုယ်​တော်၏ လူ​သေ​တို့​သည် အ​သက်​ရှင်​ကြ​ပါ​လိမ့်​မည်။ ငါ၏​အ​သေ​ကောင်​တို့​သည်​လည်း ထ​မြောက်​ကြ​ပါ​လိမ့်​မည်။ မြေ​မှုန့်၌​နေ​သော သူ​တို့၊ နိုး၍ သီ​ချင်း​ဆို​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ကိုယ်​တော်၏​နှင်း​သည် မြက်​ပင်​တို့​ကို​ပေါက်​စေ​သော နှင်း​ကဲ့​သို့​ဖြစ်၍၊ မြေ​သည်​လည်း မိ​မိ​သင်္ချိုင်း​သား​တို့​ကို ထုတ်​ဖော်​ရ​ပါ​လိမ့်​မည်။#ဒံ၊ ၁၂:၂။
20ငါ၏​လူ​တို့၊ လာ​ကြ။ အ​တွင်း​အ​ခန်း​ထဲ​သို့ ဝင်၍၊ သင်​တို့​ကို ကွယ်​ကာ​သော တံ​ခါး​များ​ကို ပိတ်​ထား​ကြ။ အ​မျက်​ကာ​လ လွန်​သည်​တိုင်​အောင် ခ​ဏ​သာ​ပုန်း​ရှောင်၍ နေ​ကြ​လော့။ 21အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် မြေ​ကြီး​သား​တို့​ကို၊ သူ​တို့​ဒု​စ​ရိုက်​ကြောင့် အ​ပြစ်​ပေး​လို​သော​ငှာ၊ မိ​မိ​အ​ရပ်​ဌာ​န​ထဲ​က ထွက်​တော်​မူ၏။ ထို​အ​ခါ မြေ​ကြီး​သည် မိ​မိ၌​ရှိ​သော​အ​သွေး​ကို ဖော်​ပြ​ရ​လိမ့်​မည်။ မိ​မိ၌ အ​သေ​ခံ​ရ​သော​သူ​တို့​ကို နောက်​တစ်​ဖန် ဝှက်၍​မ​ထား​ရ။

လက်ရှိရွေးချယ်ထားမှု

ဟေရှာယ 26: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ