YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 21

21
ရေလွှမ်းမိုးသောတောနှင့်ဆိုင်သောဗျာ​ဒိတ်
1ရေ​လွှမ်း​မိုး​သော​တော​နှင့် ဆိုင်​သော​ဗျာ​ဒိတ်​တော်​ကား၊ တောင်​လေ​မုန်​တိုင်း​တိုက်​သ​ကဲ့​သို့ ကြောက်​မက်​ဖွယ်​သော​ပြည်၊ တော​ကြီး​မှ​လာ၏။ 2ကြောက်​မက်​ဖွယ်​သော ရူ​ပါ​ရုံ​ကို​ငါ​မြင်​ရ၏။ လု​ယူ​တတ်​သော​သူ​သည် လု​ယူ၏။ ဖျက်​ဆီး​တတ်​သော​သူ​သည် ဖျက်​ဆီး၏။ ဧ​လံ​ပြည်​သား​တို့၊ တက်​သွား​ကြ​လော့။ မေ​ဒိ​ပြည်​သား​တို့၊ မြို့​ကို ဝိုင်း​ထား​ကြ​လော့။ ထို​မြို့​ကြောင့်၊ သူ​တစ်​ပါး ညည်း​တွား​ခြင်း​ရှိ​သ​မျှ​ကို ငါ​ငြိမ်း​စေ၏။
3ထို​ကြောင့်၊ ငါ​သည် ခါး​နာ​လှ၏။ သား​ဖွား​သော မိန်း​မ​ခံ​ရ​သ​ကဲ့​သို့ ဝေ​ဒ​နာ​ကို​ခံ​ရ၏။ နား​မ​ကြား​နိုင်​အောင် ပြင်း​ထန်​စွာ​ခံ​ရ၏။ မျက်​စိ​မ​မြင်​နိုင်​အောင် မှိုင်​တွေ​လျက်​ရှိ၏။ 4ငါ့​စိတ်​နှ​လုံး​သည် မူး​လျက်​ရှိ၏။ ကြောက်​မက်​ဖွယ်​သော​အ​ရာ​ဖြင့် ငါ​သည် ထိတ်​လန့်​လျက်​ရှိ၏။ ငါ​ပျော်​မွေ့​သော​ည​ကို ဘေး​နှင့် ပြည့်​စုံ​စေ​တော်​မူ၏။ 5စား​ပွဲ​ကို ပြင်​ပြီ။ ကင်း​စောင့်​ကို ထား​ပြီ။ စား​သောက်​လျက် နေ​ကြ၏။ အို မင်း​များ​တို့၊ ထ​ကြ၊ လွှား​ကို​ဆီ​လောင်း​ကြ။ 6အ​ကြောင်း​မူ​ကား၊ ဘု​ရား​ရှင်​က၊ သင်​သွား၍ ကင်း​စောင့်​ကို​ထား​လော့။ မြင်​သည်​အ​တိုင်း ပြော​စေ​လော့​ဟု ငါ့​အား​မိန့်​တော်​မူ၏။ 7ကင်း​စောင့်​သည်​လည်း၊ နှစ်​စီး​စီ နှစ်​စီး​စီ ချီ​လာ​သော မြင်း​တပ်​တစ်​တပ်၊ မြည်း​တပ်​တစ်​တပ်၊ ကု​လား​အုတ်​တပ်​တစ်​တပ်​ကို မြင်၍၊ သ​တိ​နှင့် စေ့​စေ့​ကြည့်​ရှု နား​ထောင်​ပြီး​လျှင်၊ 8သ​ခင်၊ ကျွန်​တော်​သည် နေ့​အ​ချိန်၌ ကင်း​မျှော်​စင်​ပေါ်​မှာ​အ​စဉ်​ရပ်၍၊ တစ်​ည​လုံး၌​လည်း ကင်း​စောင့်​လျက်​နေ​ပါ၏။ 9ယ​ခု​မှာ နှစ်​စီး​စီ နှစ်​စီး​စီ ချီ​လာ​သော မြင်း​စီး​သူ​ရဲ​တပ်​ကို​မြင်​ပါ​သည်​ဟု ခြင်္သေ့​ကဲ့​သို့ ကြွေး​ကြော်၏။ သူ​က​လည်း၊ ဗာ​ဗု​လုန်​မြို့ ပြို​လဲ​ပြီ၊ ပြို​လဲ​ပြီ၊ သူ၏​ဘု​ရား​ရုပ်​တု​ဆင်း​တု​ရှိ​သ​မျှ​တို့​သည် မြေ​ပေါ်​မှာ ကျိုး​ပဲ့​လျက် ရှိ​ကြ​ပါ​သည်​ဟု ထပ်၍​ဆို​လေ၏။#ဗျာ၊ ၁၄:၈၊ ၁၈:၂။ 10ငါ​နင်း​နယ်၍ ငါ့​တ​လင်း​ပြင်​မှ ထွက်​သော​စ​ပါး၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် မိန့်​တော်​မူ​သည်​ကို ငါ​ကြား​ရ​သည်​အ​တိုင်း၊ သင်​တို့​အား​ငါ​ဆင့်​ဆို​သ​တည်း။
ဒုမာပြည်နှင့်ဆိုင်သောဗျာဒိတ်
11ဒု​မာ​ပြည်​နှင့်​ဆိုင်​သော ဗျာ​ဒိတ်​တော်​ကား၊ အို​ကင်း​စောင့်၊ ည​အ​မှု​ကား အ​ဘယ်​သို့​နည်း။ အို ကင်း​စောင့်၊ ည​အ​မှု​ကား အ​ဘယ်​သို့​နည်း​ဟု စိ​ရ​တောင်​ပေါ်​က ငါ့​ကို ဟစ်​ခေါ်​လေ၏။ 12ကင်း​စောင့်​က​လည်း၊ နံ​နက်​သည် လာ၏။ ည​လည်း​လာ၏။ သင်​တို့​သည် မေး​မြန်း​လို​လျှင် မေး​မြန်း​ကြ။ ပြန်​သွား​ကြ။ တစ်​ဖန် လာ​ကြ​ဟု ဆို​လေ၏။
အာ​ရပ်​ပြည်​နှင့်​ဆိုင်​သော​ဗျာ​ဒိတ်
13အာ​ရပ်​ပြည်​နှင့် ဆိုင်​သော ဗျာ​ဒိတ်​တော်​ကား၊ ခ​ရီး​သွား​သော ဒေ​ဒန်​လူ​စု​တို့၊ သင်​တို့​သည် အာ​ရပ်​တော​မှာ ည​ကို လွန်​စေ​ရ​ကြ​မည်။ 14တေ​မ​ပြည်​သား​တို့၊ ရေ​ငတ်​သော​သူ​အ​ဖို့ ရေ​ကို​ယူ​ခဲ့​ကြ၏။ ပြေး​သော​သူ​ကို မုန့်​နှင့်​ဆီး၍ ကြို​ကြ၏။ 15အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ဓား​ဘေး​မှ​လည်း​ကောင်း၊ ထုတ်​သော​ဓား၊ တင်​သော​လေး၊ အ​လွန်​ခက်​သော စစ်​မှု​မှ​လည်း​ကောင်း ပြေး​ကြ၏။ 16ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​မိန့်​တော်​မူ​သည်​ကား၊ အ​ခ​စား​သော​သူ​ရေ​တွက်​သည်​အ​တိုင်း၊ တစ်​နှစ်​တွင် ကေ​ဒါ​မြို့၏ ဘုန်း​အ​သ​ရေ​ရှိ​သ​မျှ​ကွယ်​ပျောက်၍၊ 17ကျန်​ကြွင်း​သော ကေ​ဒါ​အ​မျိုး​သား၊ လေး​စွဲ​သူ​ရဲ​တို့​သည် အ​လွန်​နည်း​ကြ​လိမ့်​မည်​ဟု၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

လက်ရှိရွေးချယ်ထားမှု

ဟေရှာယ 21: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ