YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 17

17
ဒ​မာ​သက်​မြို့​နှ​င့်​ဆိုင်​သော​ဗျာ​ဒိတ်
1ဒ​မာ​သက်​မြို့​နှင့်​ဆိုင်​သော ဗျာ​ဒိတ်​တော်​ကား၊ ကြည့်​ရှု​လော့။ ဒ​မာ​သက်​မြို့​သည် မြို့​မ​ဖြစ်​အောင် ပျက်​စီး​ရာ​ပုံ ဖြစ်​ရ၏။#ယေ၊ ၄၉:၂၃-၂၇။ အာ၊ ၁:၃-၅။ ဇာ၊ ၉:၁။ 2အာ​ရော်​မြို့​များ​ကို စွန့်​ပစ်​သော​ကြောင့်၊ သိုး​စု​တို့​သည်​ပိုင်၍၊ အ​ဘယ်​သူ​မျှ​မ​မောင်း​ဘဲ အိပ်​ကြ​လိမ့်​မည်။ 3ဧ​ဖ​ရိမ်​ပြည်၌ မြို့​မ​ရှိ​ရ။ ဒ​မာ​သက်​မြို့​နှင့် ကျန်​ကြွင်း​သော​ရှု​ရိ​ပြည်၌ မင်း​အာ​ဏာ​မ​ရှိ​ရ။ သူ​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၏ ဘုန်း​အ​သ​ရေ​ကဲ့​သို့ ဖြစ်​ရ​ကြ​လိမ့်​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။
4ထို​ကာ​လ၌ ယာ​ကုပ်​အ​မျိုး၏​ဘုန်း​သည် လျော့၍၊ ဆူ​ဝ​ခြင်း​လည်း ပိန်​ကြုံ​ခြင်း​ဖြစ်​ရ​လိမ့်​မည်။ 5လူ​သည် စ​ပါး​ကို​သိမ်း​ယူ၍ အ​သီး​အ​နှံ​များ​ကို လက်​နှင့် ရိတ်​သ​ကဲ့​သို့​လည်း​ကောင်း၊ ရေ​ဖိမ်​ချိုင့်၌ အ​သီး​အ​နှံ​တို့​ကို သိမ်း​ရိတ်​သ​ကဲ့​သို့​လည်း​ကောင်း၊ ထို​အ​မှု​ဖြစ်​ရ​လိမ့်​မည်။ 6သို့​ရာ​တွင်၊ သံ​လွင်​ပင်​ကို လှုပ်​ပြီး​မှ အ​ပင်​ဖျား၌ အ​သီး​နှစ်​လုံး​သုံး​လုံး၊ အ​သီး​ကောင်း​သော​အ​ခက်​တို့၌ လေး​ငါး​လုံး​ရှိ​တတ်​သ​ကဲ့​သို့၊ ကောက်​သိမ်း​စ​ရာ အ​ကြွင်း​ရှိ​ရ​လိမ့်​မည်​ဟု ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။
7ထို​ကာ​လ၌ လူ​သည် မိ​မိ​ကို ဖန်​ဆင်း​တော်​မူ​သော အ​ရှင်​ကို ရည်​မှတ်၍၊ ဣ​သ​ရေ​လ​အ​မျိုး၌ သန့်​ရှင်း​တော်​မူ​သော​ဘု​ရား​ကို ဖူး​မျှော်​ရ​လိမ့်​မည်။ 8မိ​မိ​လက်​နှင့် လုပ်​သော​ယဇ်​ပ​လ္လင်​တို့​ကို မ​မှတ်​ရ။ မိ​မိ​လက်​ချောင်း​နှင့် လုပ်​သော​အ​ရာ​တည်း​ဟူ​သော အာ​ရှ​ရ​ပင်​တို့​ကို​လည်း​ကောင်း၊ ရုပ်​တု​တို့​ကို​လည်း​ကောင်း ပ​မာ​ဏ​မ​ပြု​ရ။ 9ထို​ကာ​လ၌ သူ၏​ခိုင်​ခံ့​သော​မြို့​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​ရှေ့​မှာ​စွန့်​ပစ်​သော သစ်​တော​အ​ကျန်​အ​ကြွင်း​နှင့် သစ်​ပင်​အ​ဖျား​ကဲ့​သို့ ဖြစ်၍၊ ထို​ပြည်​သည် ဆိတ်​ညံ​လျက် ရှိ​ရ​လိမ့်​မည်။ 10သင့်​ကို ကယ်​တင်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို သင်​သည်​မေ့​လျော့၍၊ မိ​မိ​ခို​လှုံ​ရာ​ကျောက်​ကို မိ​မိ​မ​အောက်​မေ့​သော​ကြောင့်၊ သာ​ယာ​သော ပျိုး​ပင်​တို့​နှင့်၊ တစ်​ကျွန်း​တစ်​နိုင်​ငံ အ​ညွန့်​တို့​ကို​စိုက်​ပျိုး၍၊ 11ထို​ပျိုး​ပင်​တို့​ကို ကြီး​ပွား​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ အ​လျင်​အ​မြန် အ​ပွင့်​ပွင့်​စေ​ခြင်း​ငှာ​လည်း​ကောင်း ပြု​ပြီး​မှ၊ သိမ်း​ယူ​ရာ​ကာ​လ၌ အ​သီး​အ​နှံ​သည် ပျက်​စီး၍၊ သင်​သည် မ​ပျောက်​နိုင်​သော ဝမ်း​နည်း​ခြင်း​ရှိ​ရ​လိမ့်​မည်။
12သ​မု​ဒ္ဒ​ရာ​မြည်​သံ​ကဲ့​သို့ မြည်​တတ်​သော​လူ​များ အ​လုံး​အ​ရင်း​တို့၌​လည်း​ကောင်း၊ အား​ကြီး​သော​ရေ​တို့​သည် ဟုန်း​သ​ကဲ့​သို့ ဟုန်း​တတ်​သော လူ​မျိုး​တို့၌​လည်း​ကောင်း​အ​မင်္ဂ​လာ​ရှိ၏။ 13အား​ကြီး​သော​ရေ​တို့​သည် ဟုန်း​သ​ကဲ့​သို့၊ လူ​မျိုး​တို့​သည် ဟုန်း​ကြ​သော်​လည်း၊ ဆုံး​မ​တော်​မူ​သော​ကြောင့်၊ အ​ဝေး​သို့ ပြေး​သွား​ကြ​လိမ့်​မည်။ တောင်​ပေါ်​မှာ လေ​တိုက်၍ လွင့်​သော ဖွဲ​ကဲ့​သို့​လည်း​ကောင်း၊ လေ​ပွေ၌​ပါ​သွား​သော အ​မှိုက်​ကဲ့​သို့​လည်း​ကောင်း၊ သူ​တို့​သည် နှင်​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။ 14ညဉ့်​ဦး​ယံ၌ ဘေး​ရောက်၍၊ နံ​နက်​ယံ​မ​တိုင်​မီ ပျောက်​ရှ​ကြ​လိမ့်​မည်။ ငါ​တို့​ကို ညှဉ်း​ဆဲ​သော​သူ​တို့​သည် ထို​သို့​သော​အ​ကျိုး၊ ငါ​တို့​ကို လု​ယူ​ဖျက်​ဆီး​သော​သူ​တို့​သည်၊ ထို​သို့​သော အ​မွေ​ဥ​စ္စာ​ကို​ခံ​ရ​ကြ​လိမ့်​မည်။

လက်ရှိရွေးချယ်ထားမှု

ဟေရှာယ 17: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ