YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 16

16
1မြေ​ရှင်​ထံ​သို့ သိုး​သ​ငယ်​ကို ပေး​လိုက်​ကြ​လော့။ သေ​လ​မြို့​မှ​တော​တစ်​လျှောက်​လုံး၊ ဇိ​အုန်​သ​တို့​သ​မီး၏​တောင်​သို့ ပေး​လိုက်​ကြ​လော့။ 2မိ​မိ​အ​သိုက်​ကို​စွန့်​ပစ်၍ လည်​ရ​သော​ငှက်​ကဲ့​သို့၊ မော​ဘ​သ​မီး​တို့​သည် အာ​နုန်​မြစ်​ကူး​ရာ ကမ်း​နား​မှာ​ရှိ​ကြ​လိမ့်​မည်။ 3အ​ကြံ​ပေး​လော့။ တ​ရား​သ​ဖြင့် စီ​ရင်​လော့။ မွန်း​တည့်​အ​လင်း​ထဲ၌ ည​ကဲ့​သို့ သင်၏​အ​ရိပ်​ကို ဖြစ်​စေ​လော့။ နှင်​ထုတ်​သော​သူ​တို့​ကို ဝှက်​ထား​လော့။ ပြေး​သော​သူ​တို့​ကို မ​ပြ​နှင့်။ 4မော​ဘ​ပြည်​မှ​နှင်​ထုတ်​သော သူ​တို့​သည် သင်​နှင့်​အ​တူ နေ​ကြ​စေ​လော့။ ဖျက်​ဆီး​သော​သူ၏ လက်​မှ​လွတ်​စေ​ခြင်း​ငှာ သူ​တို့​ကို​စောင့်​မ​လော့။ သင့်​ကို ညှဉ်း​ဆဲ​သော​သူ​မ​ရှိ။ ဖျက်​ဆီး​သော​သူ ပြတ်​လေ၏။ နှိပ်​နင်း​သော​သူ​တို့​ကို မြေ​ပေါ်​က​ပယ်​ရှင်း​လေ​ပြီ။ 5ရာ​ဇ​ပ​လ္လင်​သည်​လည်း၊ က​ရု​ဏာ၌ တည်​လိမ့်​မည်။ သ​စ္စာ​နှင့်​ပြည့်​စုံ၍၊ ပ​လ္လင်​တော်​ပေါ်​မှာ ထိုင်​တော်​မူ​သော​သူ​သည် ဖြောင့်​မတ်​စွာ စစ်​ကြော၍၊ တ​ရား​မှု​ကို အ​လျင်​အ​မြန် ဆုံး​ဖြတ်​တော်​မူ​လျက်၊ ဒါ​ဝိဒ်​မင်း၏​တဲ​တော်၌ တ​ရား​စီ​ရင်​တော်​မူ​လိမ့်​မည်။
6မော​ဘ၏​မာ​န​ကို ငါ​တို့​သည် ကြား​သိ​ကြ၏။ အ​လွန်​ကြီး​သော​မာ​န​ဖြစ်၏။ ထောင်​လွှား​စော်​ကား​ခြင်း၊ ဒေါ​သ​အ​မျက်​ထွက်​ခြင်း​ရှိ၍၊ အ​ချည်း​နှီး​သက်​သက် ဝါ​ကြွား​သော​စ​ကား​ကို ပြော​တတ်၏။ 7ထို​ကြောင့်၊ မော​ဘ​သည် မိ​မိ​အ​တွက် ညည်း​တွား​မြည်​တမ်း​ရ​လိမ့်​မည်။ ပြည်​သား​ရှိ​သ​မျှ​တို့​သည် ညည်း​တွား​မြည်​တမ်း​ကြ​လိမ့်​မည်။ ကိ​ရ​ဟ​ရက်​မြို့ ပျက်​သည်​အ​တွက် သင်​တို့​သည် ညည်း​တွား​ကြ​လိမ့်​မည်။ ထို​မြို့​သည် ဒဏ်​ခတ်​ခြင်း​ကို​အ​လွန်​ခံ​ရ၏။ 8ဟေ​ရှ​ဘုန်​လယ်​ပြင်​တို့​သည် သွေ့​ခြောက်​ကြ၏။ စိ​ဗ​မာ​စ​ပျစ်​နွယ်​ပင် အ​ညွန့်​များ​ကို​လည်း တစ်​ပါး​အ​မျိုး​သား​မင်း​တို့​သည် ချိုး​ကြ​ပြီ။ ထို​အ​ညွန့်​တို့​သည် အ​ထက်​က ယာ​ဇာ​မြို့​တိုင်​အောင်​ရောက်၍၊ တော၌​လည်​တတ်​ကြ၏။ အ​လက်​တို့​သည် ရှည်​လျား၍၊ ပင်​လယ်​ကို​လွန်​ကြ၏။ 9ထို​ကြောင့်၊ ယာ​ဇာ​မြို့​အ​တွက် မျက်​ရည်​ကျ​သ​ကဲ့​သို့၊ စိ​ဗ​မာ​စ​ပျစ်​နွယ်​ပင်​အ​တွက် ငါ​သည်​မျက်​ရည်​ကျ​မည်။ အို​ဟေ​ရှ​ဘုန်​မြို့​နှင့် ဧ​လာ​လေ​မြို့၊ ငါ​သည် မျက်​ရည်​ကျ​လျက် သင့်​ကို​ရေ​လောင်း​မည်။ အ​ကြောင်း​မူ​ကား၊ သင်၏​သစ်​သီး​နှင့် စ​ပါး​နှံ​တို့​သည် စစ်​တိုက်​သံ​နှင့် တွေ့​ကြုံ​ကြ​ပြီ။ 10ဝ​ပြော​သော​လယ်​ပြင်​ထဲ​မှာ ဝမ်း​မြောက်​ရွှင်​လန်း​ခြင်း ပြတ်​လေ​ပြီ။ စ​ပျစ်​ဥ​ယျာဉ်၌ သီ​ချင်း​မ​ဆို​ရ​ကြ။ မ​ကြွေး​ကြော်​ရ​ကြ။ စ​ပျစ်​သီး​နယ်​ရာ​ကျင်း၌ စ​ပျစ်​သီး​ကို နင်း​သော​သူ​လည်း မ​နင်း​ရ။ ကြွေး​ကြော်​သော​အ​သံ​ကို​လည်း ငါ​ပြတ်​စေ​ပြီ။ 11ထို​ကြောင့်၊ ငါ့​ဝမ်း​သည် မော​ဘ​ပြည်​အ​တွက်၊ ငါ့​အ​အူ​သည် ကိ​ရ​ဟ​ရက်​မြို့​အ​တွက်၊ စောင်း​ကဲ့​သို့ မြည်​ရ​လိမ့်​မည်။ 12ထို​အ​ခါ မော​ဘ​သည် မိ​မိ​မြင့်​သော​အ​ရပ်၌ မိ​မိ​ကို ပင်​ပန်း​စေ​ခြင်း၊ ပ​တ္ထ​နာ​ပြု​အံ့​သော​ငှာ မိ​မိ​သန့်​ရှင်း​ရာ​ဌာ​န​သို့ ဝင်​ခြင်း​အ​ရာ​သည် ထင်​ရှား​သော်​လည်း၊ အ​ကြံ​မ​မြောက်​နိုင်​ရာ။
13ထို​သို့ ထာ​ဝ​ရ​ဘု​ရား​သည် မော​ဘ၏​အ​ကြောင်း​စ​ကား​ကို အ​ထက်​က​မိန့်​တော်​မူ၏။ 14ယ​ခု​တစ်​ဖန်​မိန့်​တော်​မူ​သည်​ကား၊ အ​ခ​စား​သော​သူ​ရေ​တွက်​သည်​အ​တိုင်း၊ သုံး​နှစ်​လွန်​မှ၊ မော​ဘ​ပြည်၏ ဘုန်း​အ​သ​ရေ​သည် မိ​မိ​အ​လုံး​အ​ရင်း​နှင့်​တ​ကွ ရှုတ်​ချ​ခြင်း​သို့​ရောက်​ရ​မည်။ ကျန်​ကြွင်း​သော​သူ​တို့​သည် အ​လွန်​နည်း၍၊ ခွန်​အား​ကုန်​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

လက်ရှိရွေးချယ်ထားမှု

ဟေရှာယ 16: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ