YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယ 10

10
1ငတ်​မွတ်​သော​သူ​တို့​ကို တ​ရား​ရှုံး​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ 2ငါ၏​လူ​မျိုး​တွင် ဆင်း​ရဲ​သား​တို့၏​အ​ခွင့်​အ​ရာ​ကို ရုပ်​သိမ်း​ခြင်း​ငှာ​လည်း​ကောင်း၊ မု​ဆိုး​မ​တို့​ကို ညှဉ်း​ဆဲ၍၊ မိ​ဘ​မ​ရှိ​သော​သူ​တို့၏​ဥ​စ္စာ​ကို လု​ယူ​ခြင်း​ငှာ​လည်း​ကောင်း၊ မ​တ​ရား​သ​ဖြင့် စီ​ရင်​သော​သူ၊ ကျပ်​တည်း​စွာ​သော မှတ်​ချက်​ကို မှတ်​သား​သော စာ​ရေး​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ 3ငါ​ကြည့်​ရှု​စီ​ရင်​သည်​ကာ​လ၊ အ​ဝေး​က​ရောက်​လ​တ္တံ့​သော ဖျက်​ဆီး​ခြင်း​ဖြစ်​သည်​ကာ​လ၌၊ သင်​တို့​သည် ချမ်း​သာ​ရ​အံ့​သော​ငှာ၊ အ​ဘယ်​သူ​ထံ​သို့ ပြေး​ကြ​လိမ့်​မည်​နည်း။ သင်​တို့​စည်း​စိမ်​ဥ​စ္စာ​ကို အ​ဘယ်​မှာ​သို​ထား​ကြ​လိမ့်​မည်​နည်း။ 4ငါ့​ကျေး​ဇူး​ကို မ​ခံ​ရ​သော​သူ​တို့​သည်၊ ချုပ်​ထား​လျက်​ရှိ​သော သူ​တို့​အောက်​မှာ ဦး​ချ​ရ​ကြ​လိမ့်​မည်။ အ​သေ​သတ်​ခြင်း​ကို​ခံ​ရ​သော သူ​တို့​အောက်​မှာ လဲ​ရ​ကြ​လိမ့်​မည်။ သို့​သော်​လည်း၊ အ​မျက်​တော်​သည်​မ​ငြိမ်း၊ လက်​တော်​သည် ဆန့်​လျက်​ရှိ​သေး၏။
အာ​ရှု​ရိ​ကို​အ​သုံး​ပြု​ခြင်း
5အာ​ရှု​ရိ​လူ​သည် အ​မင်္ဂ​လာ​ရှိ၏။ ငါ့​အ​မျက်၏​လှံ​တံ​ဖြစ်၏။ သူ​ကိုင်​သော​တောင်​ဝှေး​သည် ငါ​ဒဏ်​ပေး​စ​ရာ​ဖို့ ဖြစ်၏။#ဟေရှာ၊ ၁၄:၂၄-၂၇၊ နာ၊ ၁:၁—၃:၁၉၊ ဇေ၊ ၂:၁၃-၁၅။ 6အ​ဓ​မ္မ​လူ​မျိုး​ရှိ​ရာ​သို့ သူ့​ကို​ငါ​စေ​လွှတ်​မည်။ ငါ့​အ​မျက်​ခံ​ရာ​လူ​စု​ကို လု​ယူ​ဖျက်​ဆီး၍၊ လမ်း၌ ရွှံ့​ကို​ကဲ့​သို့ ကျော်​နင်း​စေ​ခြင်း​ငှာ၊ သူ့​ကို​ငါ​မှာ​ထား​မည်။ 7သို့​သော်​လည်း၊ သူ​သည် အ​ခြား​သော​အ​ကြံ၊ အ​ခြား​သော​အ​လို​ရှိ၏။ သူ​သည်​ဖျက်​ဆီး၍၊ များ​စွာ​သော​လူ​မျိုး​တို့​ကို ပယ်​ရှင်း​ခြင်း​ငှာ အ​လို​ရှိ၏။ 8သူ​သည် အ​ဘယ်​သို့​ဆို​သ​နည်း​ဟူ​မူ​ကား၊ ငါ၏​မှူး​မတ်​တို့​သည် မင်း​ကြီး​ဖြစ်​ကြ​သည် မ​ဟုတ်​လော။ 9ကာ​လ​နော​မြို့​သည် ခါ​ခေ​မိတ်​မြို့​ကဲ့​သို့​လည်း​ကောင်း၊ ဟာ​မတ်​မြို့​သည် အာ​ပဒ်​မြို့​ကဲ့​သို့​လည်း​ကောင်း၊ ရှ​မာ​ရိ​မြို့​သည် ဒ​မာ​သက်​မြို့​ကဲ့​သို့​လည်း​ကောင်း ဖြစ်​သည်​မ​ဟုတ်​လော။ 10ရှ​မာ​ရိ​ရုပ်​တု​နှင့် ယေ​ရု​ရှ​လင်​ရုပ်​တု​ထက် သာ၍​မြတ်​သော ရုပ်​တု​ဆင်း​တု​ကို ကိုး​ကွယ်​သော​တိုင်း​နိုင်​ငံ​များ​ကို ငါ​လု​ယူ​သ​ကဲ့​သို့​လည်း​ကောင်း၊ 11ရှ​မာ​ရိ​မြို့​နှင့် သူ၏​ရုပ်​တု​တို့​ကို ငါ​ပြု​သ​ကဲ့​သို့​လည်း​ကောင်း၊ ယေ​ရု​ရှ​လင်​မြို့​နှင့် သူ၏​ရုပ်​တု​တို့​ကို ငါ​ပြု​မည်​မ​ဟုတ်​လော​ဟု ဆို​တတ်၏။
12သို့​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ဇိ​အုန်​တောင်​နှင့် ယေ​ရု​ရှ​လင်​မြို့၌ အ​မှု​တော်​ကို​လက်​စ​သတ်​တော်​မူ​ပြီး​မှ၊ အာ​ရှု​ရိ​ရှင်​ဘု​ရင်၏ မာ​န​ထောင်​လွှား​ခြင်း၊ မော်​သော​မျက်​နှာ​နှင့် စော်​ကား​ခြင်း​ကို ငါ​ကြည့်​ရှု၍​စီ​ရင်​မည်။ 13ထို​မင်း​က၊ ငါ​သည် ကိုယ်​လက်​ရုံး​သ​တ္တိ​နှင့် ကိုယ်​ဉာဏ်​အား​ဖြင့် ငါ​တတ်​နိုင်၏။ ပ​ညာ​သ​တိ​နှင့် ငါ​ပြည့်​စုံ၏။ လူ​မျိုး​နေ​ရာ အ​ပိုင်း​အ​ခြား​တို့​ကို ငါ​ရွှေ့​ပြီ။ သူ​တို့၏​ဘ​ဏ္ဍာ​ကို​လု​ယူ​ပြီ။ ဘု​ရင်​တို့​ကို သူ​ရဲ​ကဲ့​သို့​နှိမ့်​ချ​ပြီ။ 14ငါ့​လက်​သည် ငှက်​သိုက်​ကို တွေ့​သ​ကဲ့​သို့၊ လူ​တို့၏​ဥ​စ္စာ​ပ​စ္စည်း​ကို​တွေ့​ပြီ။ စွန့်​ပစ်​သော​ငှက်​ဥ​တို့​ကို သိမ်း​ယူ​သ​ကဲ့​သို့၊ မြေ​ကြီး​တန်​ဆာ ရှိ​သ​မျှ​တို့​ကို ငါ​သိမ်း​ယူ​ပြီ။ အ​ဘယ်​သူ​မျှ အ​တောင်​ကို​မ​လှုပ်၊ နှုတ်​သီး​ကို​မ​ဖွင့်၊ မ​မြည်​မ​တွန်​ဟု​ဆို​သည်​ဖြစ်၍၊ 15ကြိမ်​လုံး​သည် ကိုင်​သော​သူ​ကို လှုပ်​သ​ကဲ့​သို့​လည်း​ကောင်း၊ တောင်​ဝှေး​သည် မိ​မိ​သ​ခင်​ကို ချီ​ကြွ​သ​ကဲ့​သို့​လည်း​ကောင်း၊ ပု​ဆိန်​သည် ခုတ်​သော​သူ​ကို စော်​ကား​ရ​မည်​လော။ လွှ​သည် တိုက်​သော​သူ​ကို ရန်​ပြု၍​ထောင်​လွှား​ရ​မည်​လော။ 16ထို​ကြောင့်၊ ကောင်း​ကင်​ဗိုလ်​ခြေ​သ​ခင် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ထို​မင်း၏​ဆူ​ဝ​သော​သူ​တို့၌ ပိန်​ကျုံ​ခြင်း​ကို သွင်း​ပေး​တော်​မူ​မည်။ သူ၏​ဘုန်း​အောက်၌​လည်း မီး​လောင်​သ​ကဲ့​သို့ လောင်​စေ​ခြင်း​ငှာ ရှို့​တော်​မူ​မည်။ 17ဣ​သ​ရေ​လ​အ​မျိုး၏​အ​လင်း​သည် မီး​ဖြစ်​တော်​မူ​မည်။ သန့်​ရှင်း​သော​ဘု​ရား​သည် မီး​လျှံ​ဖြစ်​တော်​မူ​မည်။ တစ်​နေ့​ချင်း​တွင်၊ ထို​မင်း၏ ဆူး​ပင်​အ​မျိုး​မျိုး​တို့​ကို မီး​ရှို့၍၊ ကျွမ်း​စေ​တော်​မူ​မည်။ 18တော၏​ဘုန်း​ကို​လည်း​ကောင်း၊ အ​သီး​အ​နှံ​ထွက်​သော လယ်၏​ဘုန်း​ကို​လည်း​ကောင်း၊ သူ၏​ကိုယ်​ခ​န္ဓာ နာမ်​ဝိ​ညာဉ်​နှင့်​တ​ကွ ကုန်​စေ​တော်​မူ​သ​ဖြင့်၊ ထို​မင်း​သည် နာ​သော​သူ​ကဲ့​သို့​အား​လျော့​လိမ့်​မည်။ 19ကြွင်း​သော​တော​ပင်​တို့​ကို သူ​ငယ်​သည် စာ​ရင်း​ယူ​နိုင်​အောင်၊ အ​နည်း​ငယ်​မျှ​သာ ဖြစ်​လိမ့်​မည်။
ကြွင်းသောသူသာ​နောင်တရခြင်း
20ထို​အ​ခါ​မှ​စ၍၊ ဘေး​လွတ်​လျက်​ကြွင်း​သော ဣ​သ​ရေ​လ​အ​မျိုး​နှင့် ယာ​ကုပ်​အ​မျိုး​သား​တို့​သည်၊ မိ​မိ​တို့​ကို ညှဉ်း​ဆဲ​သော​သူ၌ နောက်​တစ်​ဖန် မ​ကိုး​စား​ဘဲ၊ ဣ​သ​ရေ​လ​အ​မျိုး၏ သန့်​ရှင်း​သော​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၌ အ​မှန်​ကိုး​စား​ကြ​လိမ့်​မည်။ 21ကြွင်း​သော​သူ​တည်း​ဟူ​သော၊ ယာ​ကုပ်​အ​မျိုး၌ ကြွင်း​သော​သူ​တို့​သည် တန်​ခိုး​ကြီး​တော်​မူ​သော ဘု​ရား​သ​ခင့်​ထံ​သို့ ပြန်​လာ​ကြ​လိမ့်​မည်။ 22အို​ဣ​သ​ရေ​လ​အ​မျိုး၊ သင်၏​အ​မျိုး​သား​တို့​သည် သ​မု​ဒ္ဒ​ရာ​သဲ​လုံး​နှင့်​အ​မျှ များ​သော်​လည်း၊ ကြွင်း​သော​သူ​တို့​သာ​လျှင် ပြန်​လာ​ကြ​လိမ့်​မည်။ စီ​ရင်​ဆုံး​ဖြတ်​သော သုတ်​သင်​ပယ်​ရှင်း​ခြင်း​သည် တ​ရား​သ​ဖြင့် လွှမ်း​မိုး​ရ​လိမ့်​မည်။ 23ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် မြေ​တစ်​ပြင်​လုံး​အ​လယ်၌ စီ​ရင်​ဆုံး​ဖြတ်​သော၊ သုတ်​သင်​ပယ်​ရှား​ခြင်း​ကို ပြု​တော်​မူ​လိမ့်​မည်။#ရော၊ ၉:၂၇။
အာ​ရှု​ရိ​ပြည်​ကို​အ​ပြစ်​ဒဏ်​ခတ်​မည်
24ထို​ကြောင့်၊ ကောင်း​ကင်​ဗိုလ်​ခြေ​သ​ခင်​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဇိ​အုန်​မြို့၌​နေ​သော​ငါ၏​လူ​မျိုး၊ အာ​ရှု​ရိ​မင်း​ကြောင့် မ​ကြောက်​နှင့်။ သူ၏​ကြိမ်​လုံး​နှင့် သင့်​ကို​ရိုက်​မည်။ အဲ​ဂု​တ္တု​မင်း​ပြု​သည်​နည်း​တူ သူ၏​လှံ​တံ​ကို သင်၏​အ​ပေါ်​မှာ​မိုး​လိမ့်​မည်။ 25သို့​သော်​လည်း၊ ခ​ဏ​ကြာ​ပြီး​မှ သူ​တို့​သည်​ပျက်​စီး​ခြင်း​သို့ ရောက်​သော​အား​ဖြင့်၊ ငါ့​အ​မျက်​သည်​ငြိမ်း၍၊ ငါ့​စိတ်​လည်း​ပြေ လိ​မ့်​မည်။ 26ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် ဩ​ရ​ဘ​ကျောက်​နား​မှာ မိ​ဒျန်​အ​မျိုး​သား​တို့​ကို ဒဏ်​ခတ်​သ​ကဲ့​သို့​လည်း​ကောင်း၊ ပင်​လယ်​ကို လှံ​တံ​တော်​နှင့် မိုး​သ​ကဲ့​သို့​လည်း​ကောင်း၊ ထို​မင်း​အ​ဖို့ ဘေး​ဥ​ပဒ်​ကို​ပြင်​ဆင်၍၊ အဲ​ဂု​တ္ထု​လက်​ထက်၌​ကဲ့​သို့ တစ်​ဖန်​လှံ​တံ​တော်​ကို ချီ​တော်​မူ​မည်။ 27ထို​ကာ​လ၌ သူ၏​ဝန်​ကို သင်၏​ပ​ခုံး​ပေါ်​က​လည်း​ကောင်း၊ သူ၏​ထမ်း​ပိုး​ကို သင်၏​လည်​ပင်း​ပေါ်​က​လည်း​ကောင်း​ချ​ရ၏။ ဆူ​ဝ​ခြင်း​ကျေး​ဇူး​ကြောင့် ထမ်း​ပိုး​ပျက်​စီး​ရ၏။
ရန်​သူ​များ​ဝင်​ရောက်​တိုက်​ခိုက်​ခြင်း
28အာ​ရပ်​မြို့​သို့ ရောက်​လေ​ပြီ။ မိ​ဂ​ရုန်​မြို့​တိုင်​အောင် လွန်​သွား​ပြီ။ မိတ်​မတ်​မြို့၌ လှည်း​များ​ကို​ချ​ထား​ပြီ။ 29တောင်​ကြား​ကို လွန်​ကြ​ပြီ။ ဂေ​ဗ​မြို့၌ စ​ခန်း​ချ​ကြ​ပြီ။ ရာ​မ​မြို့​သည် ကြောက်​လန့်​လျက်​ရှိ၏။ ရှော​လု​နေ​ရာ ဂိ​ဗာ​မြို့​သည် ပြေး၏။ 30အို ဂ​လ္လိမ်​မြို့​သ​မီး၊ ကြွေး​ကြော်​လော့။ အို လဲ​ရှ​မြို့၊ နား​ထောင်​လော့။ အာ​န​သုတ်​မြို့​သည် အ​မင်္ဂ​လာ​ရှိ၏။ 31မာ​ဒ​မေ​န​မြို့​သည် ပြောင်း​သွား​ပြီ။ ဂေ​ဗိမ်​မြို့​သား​တို့​သည် လွတ်​အောင်​ပြေး​ကြ၏။ 32နော​ဘ​မြို့၌ တစ်​ရက်​နေ​ပြီး​မှ၊ ဇိ​အုန်​သ​တို့​သ​မီး၏​တောင်​တည်း​ဟူ​သော ယေ​ရှု​ရှ​လင်​တောင်​ကို​ရွယ်၍၊ မိ​မိ​လက်​ကို လှုပ်​လိမ့်​မည်။ 33ကောင်း​ကင်​ဗိုလ်​ခြေ​သ​ခင်​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် ကြောက်​မက်​ဖွယ်​သော​အ​ခြင်း​အ​ရာ​နှင့် သစ်​ပင်​အထွတ်​ကို​ပယ်​ရှင်း​တော်​မူ​မည်။ အ​ရပ်​မြင့်​သော အ​ခက်​တို့​ကို​ခုတ်​လှဲ၍၊ ကြီး​မား​သော​အ​ခက်​တို့​ကို နှိမ့်​ချ​တော်​မူ​မည်။ 34တော​အုပ်​ကို ပု​ဆိန်​နှင့် ခုတ်​ပယ်​တော်​မူ၍၊ လေ​ဗ​နုန်​တော​သည် တန်​ခိုး​ကြီး​သော​သူ၏​လက်​အား​ဖြင့် လဲ​လျက်​နေ​လိမ့်​သ​တည်း။

လက်ရှိရွေးချယ်ထားမှု

ဟေရှာယ 10: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ