YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟောရှေ 8

8
ဣ​သ​ရေ​လ​တို့​ပ​ဋိ​ညာဉ်​ကို​ဖျက်​ခြင်း
1တံ​ပိုး​မှုတ်​လော့။ ရန်​သူ​သည် ရွှေ​လင်း​တ​ကဲ့​သို့ ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​သို့ လာ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ငါ့​ပ​ဋိ​ညာဉ်​ကို ဖျက်၍ ငါ့​တ​ရား​ကို လွန်​ကျူး​ကြ​ပြီ။ 2သို့​ရာ​တွင် သူ​တို့​က၊ အ​ကျွန်ုပ်​တို့၏ ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​ဖြစ်၍ ကိုယ်​တော်​ကို သိ​ကြ​ပါ၏​ဟု ငါ့​အား ကြွေး​ကြော်​ကြ​သည်​တ​ကား။ 3ဣ​သ​ရေ​လ​အ​မျိုး​သည် ကောင်း​သော​အ​ရာ​ကို စွန့်​ပစ်​သော​ကြောင့်၊ ရန်​သူ​ညှဉ်း​ဆဲ​ခြင်း​ကို ခံ​ရ​လိမ့်​မည်။ 4သူ​တို့​သည် ငါ၏​အ​ခွင့်​မ​ရှိ​ဘဲ ကိုယ်​အ​လို​အ​လျောက် ရှင်​ဘု​ရင်​တို့​ကို ချီး​မြှောက်​ကြ​ပြီ။ ငါ​မ​သိ​ရ​ဘဲ မင်း​တို့​ကို ခန့်​ထား​ကြ​ပြီ။ ကိုယ်​အ​ကျိုး​နည်း​စေ​ခြင်း​ငှာ၊ ကိုယ်​ရွှေ​ငွေ​နှင့် ကိုယ်​အ​ဖို့ ရုပ်​တု​များ​ကို​လုပ်​ကြ​ပြီ။ 5အို ရှ​မာ​ရိ၊ သင်၏​နွား​သ​ငယ်​ကို စွန့်​ပစ်​လော့။ ကိုး​ကွယ်​သော​သူ​များ​ကို ငါ​အ​မျက်​ထွက်၏။ သူ​တို့​သည် အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး သန့်​ရှင်း​ခြင်း​တ​ရား​ကို မ​မီ​နိုင်​ဘဲ နေ​ရ​ကြ​လိမ့်​မည်​နည်း။ 6ထို​နွား​သ​ငယ်​သည် ဣ​သ​ရေ​လ​အ​မျိုး ကြံ​စည်၍ ဖြစ်၏။ ဆ​ရာ​သ​မား​လုပ်​သော​ကြောင့် ဘု​ရား​မ​ဟုတ်။ အ​ကယ်​စင်​စစ် ရှ​မာ​ရိ​နွား​သ​ငယ်​သည် အ​ပိုင်း​ပိုင်း ကျိုး​ပဲ့​ရ​လိမ့်​မည်။
7လေ​မျိုး​စေ့​ကို​ကြဲ၍ လေ​ပွေ​စ​ပါး​ကို ရိတ်​ရ​ကြ​လိမ့်​မည်။ စ​ပါး​ပင် မ​ရှိ​ရ။ အ​နှံ​ထဲ​က မုန့်​ညက်​မ​ထွက်​ရ။ ထွက်​သော်​လည်း တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​တို့​သည် စား​ကြ​လိမ့်​မည်။ 8ဣ​သ​ရေ​လ​အ​မျိုး​သည် တိမ်​မြုပ်​လေ​ပြီ။ အ​ဘယ်​သူ​မျှ မ​နှစ်​သက်​သော တန်​ဆာ​ကဲ့​သို့ တစ်​ပါး​အ​မျိုး​သား​တို့​တွင် ရှိ​ရ​လိမ့်​မည်။ 9အာ​ရှု​ရိ​ပြည်​သို့ အ​လို​လို​သွား​လေ​ပြီ​တ​ကား။ ဧ​ဖ​ရိမ်​သည် ကိုယ်​အ​ဖို့ တစ်​ကောင်​တည်း​နေ​သော မြည်း​ရိုင်း​ကဲ့​သို့​ဖြစ်၍၊ ရည်း​စား​တို့​အား ငှား​လေ​ပြီ။ 10တစ်​ပါး​အ​မျိုး​သား​တို့​အား ငှား​သော်​လည်း၊ ချက်​ချင်း​လူ​များ​ကို ငါ​စု​ဝေး​စေ​မည်။ မ​ကြာ​မ​မြင့်​မီ ရှင်​ဘု​ရင်​နှင့် မင်း​များ​တင်​သော​ဝန်​ကို ပင်​ပန်း​စွာ ထမ်း​ရ​ကြ​လိမ့်​မည်။ 11ဧ​ဖ​ရိမ်​သည် များ​စွာ​သော​ယဇ်​ပ​လ္လင်​တို့​ကို အ​ပြစ်​အ​ဖို့ လုပ်​သော​ကြောင့်၊ ယဇ်​ပ​လ္လင်​တို့​ကို သူ၏​အ​ပြစ်​ဟူ၍ မှတ်​ရ​လိမ့်​မည်။ 12ငါ့​တ​ရား၏​ထူး​ဆန်း​သော​အ​ရာ​တို့​ကို သူ့​အ​ဖို့ ငါ​ရေး​ထား​ပြီ။ သို့​သော်​လည်း၊ ရိုင်း​သော​အ​ရာ​ဟူ၍ သူ​သည် မှတ်​လေ​ပြီ​တ​ကား။ 13ငါ​နှင့်​ဆိုင်​သော ပူ​ဇော်​သ​ကာ​တို့​ကို ယဇ်​ပူ​ဇော်​သော​သူ​တို့​သည် ပူ​ဇော်၍ ကိုယ်​တိုင်​စား​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို လက်​ခံ​တော်​မ​မူ။ သူ​တို့​အ​ပြစ်​များ​ကို ချက်​ချင်း​အောက်​မေ့၍ စစ်​ကြော​တော်​မူ​သော​အား​ဖြင့်၊ သူ​တို့​သည် အဲ​ဂု​တ္တု​ပြည်​သို့ ပြန်​သွား​ရ​ကြ​လိမ့်​မည်။ 14ဣ​သ​ရေ​လ​သည် သူ့​ကို​ဖန်​ဆင်း​တော်​မူ​သော သ​ခင်​ကို​မေ့​လျော့၍ ဘုံ​ဗိ​မာန်​များ​ကို တည်​ဆောက်​တတ်၏။ ယု​ဒ​သည်​လည်း ခိုင်​ခံ့​သော​မြို့​တို့​ကို များ​ပြား​စေ​တတ်၏။ သို့​ရာ​တွင်၊ ငါ​သည် ထို​မြို့​များ​တို့​ကို​မီး​ရှို့၍ ဘုံ​ဗိ​မာန်​များ​တို့​ကို မီး​လောင်​ရ​လိမ့်​မည်။

လက်ရှိရွေးချယ်ထားမှု

ဟောရှေ 8: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ