YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟောရှေ 4:1-19

ဟောရှေ 4:1-19 JBMLE

အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို နား​ထောင်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် ပြည်​သူ​ပြည်​သား​တို့​နှင့် တ​ရား​တွေ့​မှု​ရှိ​တော်​မူ၏။ အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် သ​စ္စာ​မ​ရှိ၊ က​ရု​ဏာ​မ​ရှိ၊ ဘု​ရား​သ​ခင်​ကို မ​သိ​ကြ။ ကျိန်​ဆဲ​ခြင်း၊ မု​သား​စ​ကား​ကို ပြော​ခြင်း၊ လူ​အ​သက်​ကို သတ်​ခြင်း၊ သူ့​ဥ​စ္စာ​ကို​ခိုး​ခြင်း၊ သူ့​မ​ယား​ကို ပြစ်​မှား​ခြင်း​တို့၌ အ​ဆီး​အ​တား​မ​ရှိ။ လူ​အ​သက်​ကို သတ်​သော​အ​ပြစ် အ​ထပ်​ထပ်​ရှိ​ကြ၏။ ထို​ကြောင့်၊ ပြည်​သည် ငြို​ငြင်​လိမ့်​မည်။ ပြည်​သား​အ​ပေါင်း​တို့​နှင့် တ​ကွ၊ တော​သား​ရဲ၊ မိုး​ကောင်း​ကင်​ငှက်​တို့​သည် အား​လျော့​ကြ​လိမ့်​မည်။ ပင်​လယ်​ငါး​တို့​သည်​လည်း ကုန်​ကြ​လိမ့်​မည်။ သို့​ရာ​တွင်၊ အ​ဘယ်​သူ​မျှ မ​ဆီး​တား​စေ​နှင့်။ အ​ဘယ်​သူ​မျှ မ​ဆုံး​မ​စေ​နှင့်။ အ​ကြောင်း​မူ​ကား၊ သင်၏​အ​မျိုး​သား​ချင်း​တို့​သည် ယဇ်​ပု​ရော​ဟိတ်​နှင့် ဆန့်​ကျင်​ဘက်​ပြု​သော​သူ​ကဲ့​သို့ ဖြစ်​ကြ၏။ ထို​ကြောင့်၊ နေ့​အ​ချိန်၌ သင်​သည်​လဲ​ရ​လိမ့်​မည်။ ည​အ​ချိန်၌ သင်​နှင့်​အ​တူ ပ​ရော​ဖက်​သည်​လည်း လဲ​ရ​လိမ့်​မည်။ သင့်​အ​မိ​ကို​လည်း ငါ​ဖျက်​ဆီး​မည်။ ငါ့​လူ​တို့​သည် ပ​ညာ​နည်း​သော​ကြောင့်​ဆုံး​ရှုံး​ကြ၏။ သင်​သည် ပ​ညာ​ကို​ပယ်​သော​ကြောင့်၊ ငါ့​ယဇ်​ပု​ရော​ဟိတ်​အ​ဖြစ်​သို့ မ​ရောက်​စေ​ခြင်း​ငှာ သင့်​ကို​ငါ​ပယ်​မည်။ သင်၏​ဘု​ရား​သ​ခင့်​တ​ရား​ကို သင်​မေ့​လျော့​သော​ကြောင့်၊ သင်၏​သား​သ​မီး​တို့​ကို ငါ​မေ့​လျော့​မည်။ သူ​တို့​သည် ဘုန်း​တိုး​ပွား​သည်​အ​တိုင်း ငါ့​ကို​ပြစ်​မှား​ကြ​ပြီ။ သို့​ဖြစ်၍၊ သူ​တို့၏​ဘုန်း​ကို ငါ​အ​ရှက်​ကွဲ​စေ​မည်။ ငါ့​လူ​တို့၏ အ​ပြစ်​ဖြေ​ရာ​ယဇ်​တို့​ကို စား​လျက်​နှင့်​ပင်၊ ထို​အ​ပြစ်​ကို စိတ်​စွဲ​လမ်း​တတ်​ကြ၏။ ထို​ကြောင့်၊ လူ​တို့၌​ဖြစ်​သ​ကဲ့​သို့ ယဇ်​ပု​ရော​ဟိတ်၌ ဖြစ်​လိမ့်​မည်။ သူ​တို့​အ​ကျင့်​များ​ကို ငါ​စစ်​ကြော၍၊ အ​သီး​အ​သီး ပြု​မူ​သ​မျှ​အ​တိုင်း အ​ကျိုး​အ​ပြစ်​ကို ပေး​မည်။ သူ​တို့​သည် စား၍​မ​ဝ​ရ​ကြ။ မ​တ​ရား​သော မေ​ထုန်​ကို​ပြု၍ သား​သ​မီး​ကို မ​ဖွား​မြင်​ရ​ကြ။ အ​ကြောင်း​မူ​ကား စိတ်​နှ​လုံး​ကို ယစ်​မူး​စေ​တတ်​သော ကာ​မ​ဂုဏ်၌ ပျော်​မွေ့​ခြင်း၊ စ​ပျစ်​ရည်​နှင့် သေ​ရည်​သေ​ရက်​ကို သောက်​ခြင်း၌ မှီ​ဝဲ​သော​ကြောင့် ထာ​ဝ​ရ​ဘု​ရား​ကို စွန့်​ပစ်​ကြ​ပြီ။ ငါ့​လူ​တို့​သည် သစ်​သား​နှင့် တိုင်​ပင်​တတ်​ကြ၏။ သူ​တို့၏​တောင်​ဝှေး​သည် အ​ကြံ​ပေး​တတ်၏။ ကိ​လေ​သာ​စိတ်​အား​ကြီး​သော​ကြောင့်၊ သူ​တို့​သည်​လမ်း​လွှဲ၍ မိ​မိ​တို့​ဘု​ရား​သ​ခင့်​ထံ​မှာ မ​နေ၊ မှား​ယွင်း​တတ်​ကြ၏။ တောင်​ထိပ်​ပေါ်၊ ကုန်း​ပေါ်​မှာ​လည်း​ကောင်း အ​ရိပ်​ကောင်း​သော သ​ပိတ်​ပင်​မျိုး၊ လိ​ဗ​နာ​ပင် အောက်​မှာ​လည်း​ကောင်း၊ ယဇ်​ပူ​ဇော်၍ နံ့​သာ​ပေါင်း​ကို မီး​ရှို့​တတ်​ကြ၏။ ထို​ကြောင့်၊ သင်​တို့​သ​မီး​တို့​သည် ယောက်ျား​နှင့် မှား​ယွင်း၍၊ ချွေး​မ​တို့​သည် မျောက်​မ​ထား​တတ်​ကြ၏။ သင်​တို့​သ​မီး​တို့​သည် ယောက်ျား​နှင့် မှား​ယွင်း၍ ချွေး​မ​တို့​သည် မျောက်​မ​ထား​သော်​လည်း ငါ​မ​စစ်​ကြော၊ အ​ကြောင်း​မူ​ကား၊ ယောက်ျား​တို့​သည် ကိုယ်​မ​ယား​ကို​စွန့်​ပစ်၍ ပြည့်​တန်​ဆာ​တို့​နှင့် ပေါင်း​ဖော်​တတ်​ကြ၏။ မိန်း​မ​ရွှင်​တို့​နှင့်​အ​တူ ယဇ်​ပူ​ဇော်​တတ်​ကြ၏။ သို့​ဖြစ်၍ ပ​ညာ​မ​ရှိ​သော​သူ​တို့​သည် ဆုံး​ရှုံး​ကြ​လိမ့်​မည်။ အို ဣ​သ​ရေ​လ​အ​မျိုး၊ သင်​သည် ပြည့်​တန်​ဆာ​လုပ်​သော်​လည်း၊ ယု​ဒ​အ​မျိုး​ကို မ​မှား​ယွင်း​ပါ​စေ​နှင့်။ ဂိ​လ​ဂါ​လ​မြို့​သို့ မ​ချဉ်း​ကပ်​ကြ​နှင့်။ ဗေ​သ​ဝင်​မြို့​သို့ မ​သွား​ကြ​နှင့်။ ထာ​ဝ​ရ​ဘု​ရား​အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း​ဟူ၍ မ​ကျိန်​ဆို​ကြ​နှင့်။ ဣ​သ​ရေ​လ​အ​မျိုး​သည် ရုန်း​တတ်​သော​နွား​မ​ပျို​ကဲ့​သို့ ဆန့်​ကျင်​ဘက်​ပြု​တတ်၏။ ယ​ခု​မှာ ထာ​ဝ​ရ​ဘု​ရား​သည် ကျယ်​သော​အ​ရပ်၌ သိုး​သ​ငယ်​ကို ထိန်း​သ​ကဲ့​သို့၊ ဣ​သ​ရေ​လ​အ​မျိုး​ကို ပြု​တော်​မူ​မည်။ ဧ​ဖ​ရိမ်​သည် ရုပ်​တု​တို့၌ စွဲ​ကပ်​လျက်​ရှိ၏။ သူ့​ကို​တတ်​တိုင်း​ရှိ​စေ​လော့။ သူ​တို့​စား​သောက်​ပွဲ​ခံ​ချိန်​လွန်​ပြီ။ မင်း​လုပ်​သော​သူ​တို့​သည် အ​ထပ်​ထပ် မ​တ​ရား​သော​မေ​ထုန်​ကို​ပြု​ကြ​ပြီ။ ရှက်​ဖွယ်​သော​အ​မှု​ကို တပ်​မက်​ကြ​ပြီ။ လေ​သည် မိ​မိ​အ​တောင်​တို့​နှင့်​တိုက်၍ ပါ​သွား​မည်။ သူ​တို့​သည် မိ​မိ​တို့​ပူ​ဇော်​သော​ယဇ်​များ​ကြောင့် ရှက်​ကြ​လိမ့်​မည်။

​ဟောရှေ 4:1-19 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။