YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟောရှေ 13

13
ဣ​သ​ရေ​လ​တို့​အ​ပေါ်​စီ​ရင်​ချက်
1ဧ​ဖ​ရိမ်​သည် နှုတ်​မြွက်​သော​အ​ခါ သူ​တစ်​ပါး​ကြောက်​လန့်​တတ်၏။ သူ​သည် ဣ​သ​ရေ​လ​အ​မျိုး၌ မြင့်​မြတ်၏။ နောက်​တစ်​ဖန် ဗာ​လ​ဘု​ရား​အား​ဖြင့် ပြစ်​မှား​သော​ကြောင့် သေ၏။ 2ယ​ခု​မှာ အ​ထပ်​ထပ်​ပြစ်​မှား၍ ကိုယ်​ဉာဏ်​ပ​ညာ​အား​ဖြင့် အ​ရည်​သွန်း​သော ငွေ​ရုပ်​တု၊ ဆ​ရာ​သ​မား လုပ်​တတ်​သော ရုပ်​တု​ဆင်း​တု​များ​ကို ကိုယ်​အ​ဖို့ လုပ်​ကြ၏။ လုပ်​ပြီး​မှ ယဇ်​ပူ​ဇော်​သော​သူ​သည် နွား​သ​ငယ်​ကို နမ်း​စေ​ဟု ဆို​တတ်​ကြ၏။ 3ထို​ကြောင့်၊ သူ​တို့​သည် နံ​နက်​မိုး​တိမ်​ကဲ့​သို့​လည်း​ကောင်း၊ စော​စော​ကွယ်​ပျောက်​တတ်​သော နှင်း​ကဲ့​သို့​လည်း​ကောင်း၊ ကောက်​နယ်​တ​လင်း​မှ လေ​ပွေ​တိုက်​သွား​သော ဖွဲ​ကဲ့​သို့​လည်း​ကောင်း၊ မီး​ဖို​ထဲ​က​ထွက်​သော မီး​ခိုး​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ရ​ကြ​လိမ့်​မည်။ 4သို့​ရာ​တွင်၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို အဲ​ဂု​တ္တု​ပြည်​မှ ကယ်​နုတ်​သော သင်၏​ဘု​ရား​သ​ခင်​ဖြစ်၏။ ငါ​မှ​တစ်​ပါး အ​ခြား​သော ဘု​ရား​သ​ခင်​ကို သင်​မ​သိ​ပြီ။ ငါ​မှ​တစ်​ပါး ကယ်​တင်​နိုင်​သော သ​ခင်​မ​ရှိ။ 5အ​လွန်​သွေ့​ခြောက်​သော အ​ရပ်​တည်း​ဟူ​သော တော၌​ပင် သင့်​ကို ငါ​သိ​ပြီ။ ကျက်​စား​ရာ​အ​ရပ်၌ ဝ​ပြော​စွာ စား​ရ​ကြ၏။#တ​ရား၊ ၈:၁၁-၁၇။ 6ဝ​သော​အ​ခါ ဝါ​ကြွား​သော​စိတ်​ရှိ၍ ငါ့​ကို မေ့​လျော့​ကြ၏။ 7ထို​ကြောင့်၊ သူ​တို့၌ ငါ​သည် ခြင်္သေ့​ကဲ့​သို့ ဖြစ်​မည်။ လမ်း​နား​မှာ ချောင်း​သော ကျား​သစ်​ကဲ့​သို့ သူ​တို့​ကို ချောင်း​မြောင်း​မည်။ 8သား​ပျောက်​သော ဝံ​မ​ကဲ့​သို့ သူ​တို့​ကို ငါ​ဆီး​ကြို၍၊ သူ​တို့​နှ​လုံး၌ ဖုံး​သော​အ​မြှေး​ကို ဆုတ်​ဖဲ့​မည်။ ခြင်္သေ့​မ​ကဲ့​သို့ တွေ့​သော​အ​ရပ်၌​ပင် ငါ​ကိုက်​စား​မည်။ တော​သား​ရဲ​ဖြစ်၍ အ​ပိုင်း​ပိုင်း ဆွဲ​ဖြတ်​မည်။
9အို ဣ​သ​ရေ​လ၊ သင့်​ကို ကယ်​တင်​နိုင်​သော​အ​ရှင် ငါ့​ကို သင်​သည် ဆန့်​ကျင်​ဘက်​ပြု​သော​ကြောင့် အ​ကျိုး​နည်း​ရှိ၏။ 10သင်၏ ရှင်​ဘု​ရင်​သည် အ​ဘယ်​မှာ ရှိ​သ​နည်း။ သင့်​နေ​ရာ​မြို့ ရှိ​သ​မျှ​တို့၌ ကယ်​တင်​ပါ​စေ​သော။ သင်၏​တ​ရား​သူ​ကြီး​တို့​သည် အ​ဘယ်​မှာ ရှိ​ကြ​သ​နည်း။#၁​ရာ၊ ၈:၅-၆။ 11ရှင်​ဘု​ရင်​နှင့် မင်း​များ​ကို ပေး​ပါ​ဟု သင်​တောင်း​သော​ကြောင့်၊ ငါ​အ​မျက်​ထွက်၍ ရှင်​ဘု​ရင်​ကို ပေး​ပြီ။ တစ်​ဖန်​ပြင်း​စွာ အ​မျက်​ထွက်၍ ရှင်​ဘု​ရင်​ကို ပယ်​ရှား​ပြီ။#၁​ရာ၊ ၁၀:၁၇-၂၄၊ ၁၅:၂၆။
12ဧ​ဖ​ရိမ်​ပြု​သော ဒု​စ​ရိုက်​ကို ငါ​ထုပ်​ထား၍ သူ၏​အ​ပြစ်​ကို သို​မှီး​ပြီ။ 13သူ​သည် သား​ဖွား​သော မိန်း​မ​ကဲ့​သို့ ဝေ​ဒ​နာ​ကို ခံ​ရ​ချိန်​နီး​ပြီ။ မိုက်​သော​အ​မျိုး​သား​ဖြစ်၏။ သား​ဖွား​ရာ​ဝမ်း​ဝ၌ ကြာ​မြင့်​စွာ နေ​ပါ​သည်​တ​ကား။
14သူ​တို့​ကို မ​ရ​ဏနိုင်​ငံ​တန်​ခိုး​မှ ငါ​ကယ်​လွှတ်​မည်။ သေ​မင်း​လက်​မှ​လည်း ရွေး​မည်။ အို သေ​မင်း၊ သင့်​ကို ကာ​လ​နာ​စွဲ​စေ​မည်။ အို မ​ရ​ဏ​နိုင်​ငံ၊ သင်၌ ဖျက်​ဆီး​သော​ဘေး​ကို ရောက်​စေ​မည်။ နောင်​တ​ရ​မည်​အ​ကြောင်း​ကို ပ​မာ​ဏ​မ​ပြု။#၁​ကော၊ ၁၅:၅၅။
15မိ​မိ​ညီ​အစ်​ကို​တို့​တွင် အ​သီး​များ​စွာ သီး​တတ်​သော်​လည်း၊ အ​ရှေ့​လေ​လာ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား၏​လေ​သည် တော​မှ​လာ၍ သူ၏​စမ်း​ရေ​တွင်း​ကို ခန်း​ခြောက်​စေ​သ​ဖြင့် ရေ​ပြတ်​လိမ့်​မည်။ ဘ​ဏ္ဍာ​တိုက်၌ ရှိ​သ​မျှ​သော တန်​ဆာ​အ​ကောင်း​အ​မြတ်​တို့​ကို ရန်​သူ လု​ယူ​လိမ့်​မည်။ 16ရှ​မာ​ရိ​မြို့​သည် မိ​မိ​ဘု​ရား​သ​ခင်​ကို ပုန်​ကန်​သော​ကြောင့် ပျက်​စီး​လိမ့်​မည်။ မြို့​သား​တို့​သည် ဓား​ဖြင့်​လဲ၍ သေ​ကြ​လိမ့်​မည်။ သူ​ငယ်​တို့​သည် မြေ​ပေါ်​မှာ ဆောင့်​ဖွပ်​ခြင်း​ကို​လည်း​ကောင်း၊ ကိုယ်​ဝန်​ဆောင်​သော မိန်း​မ​တို့​သည် ဝမ်း​ခွဲ​ခြင်း​ကို​လည်း​ကောင်း ခံ​ရ​ကြ​လိမ့်​မည်။

လက်ရှိရွေးချယ်ထားမှု

ဟောရှေ 13: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ