YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟောရှေ 12

12
ဧ​ဖ​ရိမ်၏​မှား​ယွင်း​ခြင်း
1ဧ​ဖ​ရိမ်​သည် လေ​ကို ကျက်​စား​တတ်၏။ အ​ရှေ့​လေ​ကို လိုက်​တတ်၏။ နေ့​တိုင်း မု​သား​စ​ကား​နှင့် ပျက်​စီး​ခြင်း​အ​ကြောင်း​တို့​ကို များ​ပြား​စေ​တတ်၏။ အာ​ရှု​ရိ​လူ​တို့​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​လျက်​နှင့်​ပင်၊ အဲ​ဂု​တ္တု​ပြည်​သို့ ဆီ​ကို ယူ​သွား​တတ်၏။ 2ထာ​ဝ​ရ​ဘု​ရား​သည် ယု​ဒ​အ​မျိုး​နှင့်​လည်း တ​ရား​တွေ့​မှု ရှိ​တော်​မူ၏။ ယာ​ကုပ်၏​အ​ကျင့်​တို့​ကို စစ်​ကြော၍ သူ​ပြု​မူ​သည်​နှင့်​အ​ညီ အ​ပြစ်​ပေး​တော်​မူ​မည်။ 3ယာ​ကုပ်​သည် အ​မိ​ဝမ်း၌ အစ်​ကို၏​ဖ​နှောင့်​ကို ကိုင်၏။ ခွန်​အား​ကြီး၍ ဘု​ရား​သ​ခင်​နှင့် ပြိုင်​လေ၏။#က၊ ၂၅:၂၆။ 4ကောင်း​ကင်​တ​မန်​နှင့် ပြိုင်၍ နိုင်​လေ၏။ ငို၍ တောင်း​ပန်​နှင့်​ပြီ။ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ဗေ​သ​လ​မြို့​မှာ​ဖူး​တွေ့၍၊ ငါ​တို့​အ​ဖို့ ဗျာ​ဒိတ်​တော်​ကို ခံ​လေ၏။#က၊ ၃၂:၂၄-၂၆။ #က၊ ၂၈:၁၀-၂၂။ 5ထာ​ဝ​ရ​ဘု​ရား​တည်း​ဟူ​သော​နာ​မ​သည် ထို​ဘု​ရား​သ​ခင်၏ ဘွဲ့​နာ​မ​တော်​ဖြစ်၏။ 6သို့​ဖြစ်၍၊ သင်၏​ဘု​ရား​သ​ခင့် ထံ​တော်​သို့ ပြန်​လာ​လော့။ က​ရု​ဏာ​တ​ရား၊ ဖြောင့်​မတ်​ခြင်း​တ​ရား​ကို​စောင့်​ရှောက်၍၊ သင်၏​ဘု​ရား​သ​ခင်​ကို အ​စဉ်​မ​ပြတ်​မျှော်​လင့်​လော့။
စီ​ရင်​ချက်​ကိုဆက်​လက်​ဖော်​ပြ​ခြင်း
7သူ​သည် ကုန်​သည်​ဖြစ်၏။ စဉ်း​လဲ​သော ချိန်​ခွင်​ကို ကိုင်​တတ်၏။ သူ​တစ်​ပါး​ကို ညှဉ်း​ဆဲ​ခြင်း​ငှာ အ​လို​ရှိ၏။ 8သို့​ရာ​တွင်၊ ဧ​ဖ​ရိမ်​က၊ ငါ​သည် ရ​တတ်၏။ ဘ​ဏ္ဍာ​ကို သို​ထား​ပြီ။ ကြိုး​စား​သ​မျှ​တို့၌ အ​ပြစ်​ပါ​သော လွန်​ကျူး​ခြင်း​ကို ရှာ၍​မ​တွေ့​ရာ​ဟု ဆို​လိမ့်​မည်။ 9ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို အဲ​ဂု​တ္တု​ပြည်​မှ ကယ်​နုတ်​သော သင်၏​ဘု​ရား​သ​ခင် ဖြစ်၏။ ဓ​မ္မ​ပွဲ​ခံ​စဉ်​တွင် နေ​တတ်​သ​ကဲ့​သို့ တစ်​ဖန် တဲ​တို့၌ နေ​စေ​မည်။#ဝတ်၊ ၂၃:၄၂-၄၃။ 10ငါ​သည် ပ​ရော​ဖက်​တို့၌ ဗျာ​ဒိတ်​ပေး​ပြီ။ များ​စွာ​သော ရူ​ပါ​ရုံ​တို့​ကို ပြ​ပြီ။ ပ​ရော​ဖက်​များ​အား​ဖြင့် ပုံ​ပ​မာ​တို့​ကို ထား​ပြီ။ 11ဂိ​လဒ်​ပြည်၌ အ​ပြစ်​ရှိ၏။ ပြည်​သူ​ပြည်​သား​တို့​သည် အ​ကျိုး​နည်း ရှိ​ကြ​ပြီ။ ဂိ​လ​ဂါ​လ​မြို့၌ နွား​တို့​ကို ယဇ်​ပူ​ဇော်၍၊ ယဇ်​ပ​လ္လင်​တို့​သည် ထွန်​ကြောင်း​တွင် မြေ​အ​ပုံ​ပုံ ရှိ​သ​ကဲ့​သို့ များ​ကြ၏။ 12ယာ​ကုပ်​သည် ရှု​ရိ​ပြည်​သို့ ပြေး၏။ ဣ​သ​ရေ​လ​သည် မ​ယား​ကို​ရ​ခြင်း​ငှာ အ​စေ​ကျွန်​ခံ၍ သိုး​စု​ကို ထိန်း​ရ​လေ၏။#က၊ ၂၉:၁-၂၀။ 13ထာ​ဝ​ရ​ဘု​ရား​သည် ပ​ရော​ဖက်​အား​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​ကို အဲ​ဂု​တ္တု​ပြည်​မှ​ကယ်​နုတ်၍၊ ပ​ရော​ဖက်​အား​ဖြင့်​လည်း စောင့်​မ​တော်​မူ၏။#ထွ၊ ၁၂:၅၀-၅၁ 14ဧ​ဖ​ရိမ်​သည် အ​မျက်​တော်​ကို အ​လွန်​နှိုး​ဆော်​လေ​ပြီ။ ထို​ကြောင့်၊ လူ​အ​သက်​ကို သတ်​သော​အ​ပြစ်​သည် သူ၌ ရောက်​လိမ့်​မည်။ သူ​ကဲ့​ရဲ့​ခြင်း​အ​ပြစ်​ကို သူ၏​သ​ခင်​သည် ပြန်​ပေး​လိမ့်​မည်။

လက်ရှိရွေးချယ်ထားမှု

ဟောရှေ 12: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ