YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟောရှေ 10

10
1ဣ​သ​ရေ​လ​သည် အ​သီး​များ​စွာ​သီး​သော စ​ပျစ်​နွယ်​ပင်​ဖြစ်၏။ ကိုယ်​အ​လို​အ​လျောက် သီး​တတ်၏။ အ​သီး​တိုး​ပွား​သည်​အ​တိုင်း အ​မျိုး​သား​တို့​သည် ယဇ်​ပ​လ္လင်​တို့​ကို များ​ပြား​စေ​ကြ၏။ သူ​တို့​ပြည်​ကောင်း​သည်​အ​တိုင်း ကောင်း​သော​ရုပ်​တု​ဆင်း​တု​တို့​ကို လုပ်​ကြ​သည်​တ​ကား။ 2သူ​တို့၌ စိတ်​နှစ်​ခွ​ရှိ၏။ ချက်​ချင်း အ​ပြစ်​ဒဏ်​ကို​ခံ​ရ​ကြ​မည်။ သူ​တို့​ယဇ်​ပ​လ္လင်​တို့​ကို ကိုယ်​တော်​တိုင်​ဖြို​ချ၍၊ ရုပ်​တု​ဆင်း​တု​တို့​ကို​လည်း ဖျက်​ဆီး​တော်​မူ​မည်။ 3ငါ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို မ​ကြောက်​ရွံ့​သော​ကြောင့် ရှင်​ဘု​ရင်​မ​ရှိ။ ရှင်​ဘု​ရင်​ရှိ​သော်​လည်း၊ ငါ​တို့​အ​ဖို့ အ​ဘယ်​သို့ ပြု​နိုင်​မည်​နည်း​ဟု ချက်​ချင်း​ဆို​ရ​ကြ​မည်။ 4သူ​တို့ ကျိန်​ဆို​သော​စ​ကား​သည် စ​ကား​သက်​သက်​ဖြစ်၍၊ မိတ်​သ​ဟာ​ယ​ဖွဲ့​သော​အ​ခါ မု​သား​စ​ကား​ကို​သာ ပြော​တတ်​ကြ၏။ တ​ရား​စီ​ရင်​ခြင်း​အ​မှု​သည် လယ်​ကန်​ဆည်​ရိုး​ပေါ်​မှာ ဘင်း​ခါး​ပင်​ကဲ့​သို့ ပေါက်​ရ​လိမ့်​မည်။ 5ရှ​မာ​ရိ​မြို့​သား​တို့​သည် ဗေ​သ​ဝင်​နွား​သ​ငယ်​အ​ဖို့ ကြောက်​ကြ​လိမ့်​မည်။ ထို​နွား​သ​ငယ်၏ ဘုန်း​အ​တွက် သူ၏​တ​ကာ​တို့​သည် ငို​ကြွေး​မြည်​တမ်း၍၊ ယဇ်​ပု​ရော​ဟိတ်​တို့​သည် တုန်​လှုပ်​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ရန်​သူ​တို့​သည် ထို​ဘုန်း​ကို လု​ယူ၍၊ 6နွား​သ​ငယ်​နှင့်​အ​တူ အာ​ရှု​ရိ​ပြည်​သို့ ယူ​သွား​ပြီး​လျှင်၊ ရှင်​ဘု​ရင်​ယာ​ရက်​အား ဆက်​ရ​ကြ​လိမ့်​မည်။ ဧ​ဖ​ရိမ်​သည် အ​သ​ရေ​ပျက်၍ ဣ​သ​ရေ​လ​သည် မိ​မိ​အ​ကြံ​အ​စည်​အား​ဖြင့် ရှက်​ကြောက်​ရ​လိမ့်​မည်။ 7ရှ​မာ​ရိ​သည် ပျက်​ရ၏။ ရှ​မာ​ရိ​ရှင်​ဘု​ရင်​သည် ရေ​မြှုပ်​သက်​သက်​ဖြစ်၏။ 8ဣ​သ​ရေ​လ​ပြစ်​မှား​ရာ အာ​ဝင်​မြို့​ကုန်း​တို့​သည် ပြို​ကျ၍၊ ဆူး​ပင်​အ​မျိုး​မျိုး​တို့​သည် သူ​တို့​ယဇ်​ပ​လ္လင်​များ​ကို လွှမ်း​မိုး​ကြ​လိမ့်​မည်။ မြို့​သား​တို့​က​လည်း၊ အို တောင်​များ​တို့၊ ငါ​တို့​ကို ဖုံး​အုပ်​ကြ​ပါ။ အို ကုန်း​များ​တို့၊ ငါ​တို့​အ​ပေါ်၌ ကျ​ကြ​ပါ​ဟု ခေါ်​ကြ​လိမ့်​မည်။#လု၊ ၂၃:၃၀။ ဗျာ၊ ၆:၁၆။
ဣ​သ​ရေ​လ​တို့​ကို​စီ​ရင်​ချက်​ချ​ခြင်း
9ဂိ​ဗာ​မြို့​လက်​ထက်၌ အ​ပြစ်​ကြီး​သည်​ထက် ဣ​သ​ရေ​လ​သည် အ​ပြစ်​သာ၍ ကြီး၏။ ထို​မြို့၌ ရပ်​နေ​ကြ၏။ ဂိ​ဗာ​မြို့၌ အ​ဓ​မ္မ​လူ​တို့​ကို စစ်​တိုက်​သော​အ​ခါ မ​ရှုံး​ကြ။#သူ​ကြီး၊ ၁၉:၁-၃၀။ 10ငါ​သည် ကိုယ်​အ​လို​အ​လျောက် သူ​တို့​ကို ဆုံး​မ​မည်။ သူ​တို့​အ​ပြစ်​နှစ်​ပါး​ကြောင့် ချည်​ထား​လျက်​ရှိ​သော​အ​ခါ၊ သူ​တို့​တစ်​ဖက်၌ လူ​များ စည်း​ဝေး​ရ​ကြ​လိမ့်​မည်။ 11ဧ​ဖ​ရိမ်​သည် ယဉ်၍ စ​ပါး​ကို နင်း​ချင်​သော နွား​မ​ပျို​ဖြစ်​သော်​လည်း၊ ငါ​သည် ထမ်း​ပိုး​ကို ထမ်း​စေ​သ​ဖြင့်၊ ဧ​ဖ​ရိမ်​သည် က​ခြင်း​ကို​ခံ၍၊ ယု​ဒ​သည် ထွန်​လျက်၊ ယာ​ကုပ်​သည်​လည်း မြေ​စိုင်​ကို​ခွဲ​လျက် ရှိ​ရ​လိမ့်​မည်။ 12ကိုယ်​အ​ဖို့ ဖြောင့်​မတ်​ခြင်း​မျိုး​စေ့​ကို​ကြဲ၍၊ က​ရု​ဏာ​တော် အ​သီး​အ​နှံ​ကို ရိတ်​ကြ​လော့။ မ​လုပ်​သေး​သော လယ်​ကို ထွန်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် ကြွ​လာ၍၊ သင်​တို့​အ​ပေါ်​သို့ ဖြောင့်​မတ်​ခြင်း​မိုး​ကို ရွာ​စေ​တော်​မ​မူ​မီ တိုင်​အောင်၊ ကိုယ်​တော်​ကို ရှာ​ရ​သော​အ​ချိန် ရောက်​လေ​ပြီ။#ယေ၊ ၄:၃။ 13သင်​တို့​သည် ဒု​စ​ရိုက်​မျိုး​စေ့​ကို​ကြဲ​လို၍ လယ်​ထွန်​သော​ကြောင့်၊ အ​ပြစ်​စ​ပါး​ကို ရိတ်​ရ​ကြ၏။ မု​သား​အ​သီး​အ​နှံ​ကို စား​ရ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ကိုယ်​ကြံ​စည် ပြု​မူ​ခြင်း​ကို​လည်း​ကောင်း၊ ကိုယ်၌ များ​စွာ​သော သူ​ရဲ​တို့​ကို​လည်း​ကောင်း ကိုး​စား​တတ်၏။ 14ထို​ကြောင့်၊ သင်၏​လူ​တို့​သည် ရုန်း​ရင်း​ခတ်​ကြ​လိမ့်​မည်။ ရှာ​လ​မန်​မင်း​သည် ဗေ​သာ​ဗေ​လ​မြို့​ကို စစ်​တိုက်​သော​အ​ခါ ဖျက်​ဆီး​သ​ကဲ့​သို့၊ သင်၏​ရဲ​တိုက်​ရှိ​သ​မျှ​တို့​သည် ပျက်​စီး​ရ​ကြ​လိမ့်​မည်။ အ​မိ​သည် သား​တို့​နှင့်​အ​တူ မြေ​ပေါ်​မှာ ဆောင့်​ဖွပ်​ခြင်း​ကို ခံ​ရ​လိမ့်​မည်။ 15ထို​သို့ ဗေ​သ​လ​သည် သင်​တို့ ဒု​စ​ရိုက်​အ​ပြစ်​များ​ကြောင့် သင်​တို့၌ ပြု​လိမ့်​မည်။ နံ​နက်​အ​ချိန်​သည် လွန်​တတ်​သ​ကဲ့​သို့၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​သည် ရှင်း​ရှင်း​ကွယ်​ပျောက်​ရ​လိမ့်​မည်။

လက်ရှိရွေးချယ်ထားမှု

ဟောရှေ 10: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ