YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေဗြဲ 8:7-13

ဟေဗြဲ 8:7-13 JBMLE

ပ​ထ​မ​ပ​ဋိ​ညာဉ်​တ​ရား​သည်၊ အ​ပြစ်​တင်​ခွင့်​မ​ရှိ​သည် မှန်​လျှင်၊ ဒု​တိ​ယ​ပ​ဋိ​ညာဉ်​တ​ရား တည်​ရ​သော​အ​ခွင့်​ကို အ​ဘယ်​ကြောင့်​ရှာ​ရ​သ​နည်း။- ပ​ထ​မ​ပ​ဋိ​ညာဉ်​တ​ရား​ကို ထာ​ဝ​ရ​ဘု​ရား​သည် အ​ပြစ်​တင်၍ မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် ဤ​လူ​မျိုး၏ ဘိုး​ဘေး​တို့​ကို လက်​ဆွဲ၍ အဲ​ဂု​တ္တု​ပြည်​မှ ဆောင်​သွား​သော​အ​ခါ၊ သူ​တို့၌ ငါ​ပေး​သော ပ​ဋိ​ညာဉ်​တ​ရား​နှင့် ခြား​နား​သော ပ​ဋိ​ညာဉ်​တ​ရား​သစ်​ကို ဣ​သ​ရေ​လ​အ​မျိုး​သား၊ ယု​ဒ​အ​မျိုး​သား​တို့၌ ငါ​ပေး​သော အ​ချိန်​ကာ​လ ရောက်​လိမ့်​မည်။ အ​ရင် ငါ​ပေး​ဖူး​သော ပ​ဋိ​ညာဉ်​တ​ရား၌ သူ​တို့​သည် မ​တည်​ကြ၊ ငါ​သည်​လည်း သူ​တို့​ကို မ​ကြည့်​ရှု​မ​ပြု​စု​ဘဲ​နေ၏။- နောင်​ကာ​လ​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၌ ငါ​ပေး​အံ့​သော ပ​ဋိ​ညာဉ်​တ​ရား​ဟူ​မူ​ကား၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ပ​ညတ်​တို့​ကို သူ​တို့​စိတ်​ဝိ​ညာဉ်​ထဲ​သို့ သွင်း​မည်။ သူ​တို့​နှ​လုံး​ပေါ်​မှာ ရေး​ထား​မည်။ ငါ​သည် သူ​တို့၏ ဘု​ရား​ဖြစ်​မည်။ သူ​တို့​သည်​လည်း ငါ၏​လူ​ဖြစ်​ကြ​လိမ့်​မည်။- ထို​သူ​တို့​က၊ ထာ​ဝ​ရ​ဘု​ရား​ကို သိ​လော့​ဟု၊ အ​မျိုး​သား​ချင်း၊ ညီ​အစ်​ကို​အ​ချင်း​ချင်း တစ်​ယောက်​ကို​တစ်​ယောက် ဆုံး​မ​ဩ​ဝါ​ဒ မ​ပေး​ရ​ကြ။ အ​ကြောင်း​မူ​ကား၊ အ​ငယ်​ဆုံး​သော​သူ​မှ​စ၍ အ​ကြီး​ဆုံး​သော​သူ​တိုင်​အောင် ထို​သူ​အ​ပေါင်း​တို့​သည် ငါ့​ကို​သိ​ကြ​လိမ့်​မည်။- ထို​အ​ခါ​ငါ​သည် သူ​တို့​အ​ပြစ်​များ​ကို သည်း​ခံ​မည်။ သူ​တို့​ပြစ်​မှား​ခြင်း၊ လွန်​ကျူး​ခြင်း​များ​ကို မ​အောက်​မေ့​ဘဲ​နေ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။- ပ​ဋိ​ညာဉ်​တ​ရား​သစ်​ဟူ၍ မိန့်​တော်​မူ​သည်​တွင် ပ​ထ​မ​ပ​ဋိ​ညာဉ်​တ​ရား​ကို ဟောင်း​စေ​တော်​မူ၏။ ရွေ့​လျော့၍ ဟောင်း​သော​အ​ရာ​မည်​သည်​ကား၊ ကွယ်​ပျောက်​ခြင်း​သို့ ရောက်​လု​နီး​သ​တည်း။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။