YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေဗြဲ 8:7-13

ဟေဗြဲ 8:7-13 Judson Bible (JBMLE)

ပ​ထ​မ​ပ​ဋိ​ညာဉ်​တ​ရား​သည်၊ အ​ပြစ်​တင်​ခွင့်​မ​ရှိ​သည် မှန်​လျှင်၊ ဒု​တိ​ယ​ပ​ဋိ​ညာဉ်​တ​ရား တည်​ရ​သော​အ​ခွင့်​ကို အ​ဘယ်​ကြောင့်​ရှာ​ရ​သ​နည်း။- ပ​ထ​မ​ပ​ဋိ​ညာဉ်​တ​ရား​ကို ထာ​ဝ​ရ​ဘု​ရား​သည် အ​ပြစ်​တင်၍ မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် ဤ​လူ​မျိုး၏ ဘိုး​ဘေး​တို့​ကို လက်​ဆွဲ၍ အဲ​ဂု​တ္တု​ပြည်​မှ ဆောင်​သွား​သော​အ​ခါ၊ သူ​တို့၌ ငါ​ပေး​သော ပ​ဋိ​ညာဉ်​တ​ရား​နှင့် ခြား​နား​သော ပ​ဋိ​ညာဉ်​တ​ရား​သစ်​ကို ဣ​သ​ရေ​လ​အ​မျိုး​သား၊ ယု​ဒ​အ​မျိုး​သား​တို့၌ ငါ​ပေး​သော အ​ချိန်​ကာ​လ ရောက်​လိမ့်​မည်။ အ​ရင် ငါ​ပေး​ဖူး​သော ပ​ဋိ​ညာဉ်​တ​ရား၌ သူ​တို့​သည် မ​တည်​ကြ၊ ငါ​သည်​လည်း သူ​တို့​ကို မ​ကြည့်​ရှု​မ​ပြု​စု​ဘဲ​နေ၏။- နောင်​ကာ​လ​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၌ ငါ​ပေး​အံ့​သော ပ​ဋိ​ညာဉ်​တ​ရား​ဟူ​မူ​ကား၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ပ​ညတ်​တို့​ကို သူ​တို့​စိတ်​ဝိ​ညာဉ်​ထဲ​သို့ သွင်း​မည်။ သူ​တို့​နှ​လုံး​ပေါ်​မှာ ရေး​ထား​မည်။ ငါ​သည် သူ​တို့၏ ဘု​ရား​ဖြစ်​မည်။ သူ​တို့​သည်​လည်း ငါ၏​လူ​ဖြစ်​ကြ​လိမ့်​မည်။- ထို​သူ​တို့​က၊ ထာ​ဝ​ရ​ဘု​ရား​ကို သိ​လော့​ဟု၊ အ​မျိုး​သား​ချင်း၊ ညီ​အစ်​ကို​အ​ချင်း​ချင်း တစ်​ယောက်​ကို​တစ်​ယောက် ဆုံး​မ​ဩ​ဝါ​ဒ မ​ပေး​ရ​ကြ။ အ​ကြောင်း​မူ​ကား၊ အ​ငယ်​ဆုံး​သော​သူ​မှ​စ၍ အ​ကြီး​ဆုံး​သော​သူ​တိုင်​အောင် ထို​သူ​အ​ပေါင်း​တို့​သည် ငါ့​ကို​သိ​ကြ​လိမ့်​မည်။- ထို​အ​ခါ​ငါ​သည် သူ​တို့​အ​ပြစ်​များ​ကို သည်း​ခံ​မည်။ သူ​တို့​ပြစ်​မှား​ခြင်း၊ လွန်​ကျူး​ခြင်း​များ​ကို မ​အောက်​မေ့​ဘဲ​နေ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။- ပ​ဋိ​ညာဉ်​တ​ရား​သစ်​ဟူ၍ မိန့်​တော်​မူ​သည်​တွင် ပ​ထ​မ​ပ​ဋိ​ညာဉ်​တ​ရား​ကို ဟောင်း​စေ​တော်​မူ၏။ ရွေ့​လျော့၍ ဟောင်း​သော​အ​ရာ​မည်​သည်​ကား၊ ကွယ်​ပျောက်​ခြင်း​သို့ ရောက်​လု​နီး​သ​တည်း။

ဟေဗြဲ 8:7-13 Common Language Bible (BCL)

အ​ကယ်​၍​ပ​ထ​မ​ပ​ဋိ​ညာဉ်​တော်​တွင်​အ​ပြစ် ဆို​စ​ရာ​ရှိ​ပါ​မူ၊ ဒု​တိ​ယ​ပ​ဋိ​ညာဉ်​တော်​ကို ပြု​တော်​မူ​ရန်​လို​မည်​မ​ဟုတ်။- သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​လူ​စု တော်​အား​အ​ပြစ်​တင်​တော်​မူ​လျက်၊ ``ဣ​သ​ရေ​လ​အ​မျိုး​သား​နှင့်​လည်း​ကောင်း၊ ယု​ဒ​အ​မျိုး​သား​များ​နှင့်​လည်း​ကောင်း ပ​ဋိ​ညာဉ်​သစ်​ကို​ငါ​ပြု​ရန်​အ​ချိန်​ကျ​ရောက် လိမ့်​မည်။ ဤ​ပ​ဋိ​ညာဉ်​သည်​သူ​တို့​၏​ဘိုး​ဘေး​များ​အား လက်​ဆွဲ​၍ အီ​ဂျစ်​ပြည်​မှ၊ငါ​ထုတ်​ဆောင်​လာ​စဉ်​အ​ခါ​က သူ​တို့​နှင့်​ပြု​ခဲ့​သည့်​ပ​ဋိ​ညာဉ်​နှင့်​တူ​လိမ့်​မည် မ​ဟုတ်။ ထို​အ​ခါ​က​ငါ​နှင့်​ပြု​ခဲ့​သည့်​ပ​ဋိ​ညာဉ်​ကို သူ​တို့​ချိုး​ဖောက်​ကြ​သ​ဖြင့်၊ငါ​သည်​သူ​တို့​အား ဂ​ရု​မ​စိုက်​ဘဲ​နေ​ခဲ့​၏။ နောင်​အ​ခါ​၌​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် ငါ​ပြု​မည့်​ပ​ဋိ​ညာဉ်​ဟူ​မူ​ကား၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​ပ​ညတ်​များ​ကို သူ​တို့​၏​စိတ်​နှ​လုံး​ထဲ​သို့​ထည့်​သွင်း​မည်။ သူ​တို့​၏​နှ​လုံး​သား​ပေါ်​မှာ​ရေး​သား​မည်။ ငါ​သည်​သူ​တို့​ဘု​ရား​ဖြစ်​မည်။ သူ​တို့​သည်​လည်း​ငါ​၏​လူ​စု​ဖြစ်​ကြ​လိမ့်​မည်။ အ​ဘယ်​သူ​မျှ​မိ​မိ​၏​အ​မျိုး​သား​ချင်း ကို​သော်​လည်း​ကောင်း၊ မိ​မိ​၏​ညီ​အစ်​ကို​အ​ချင်း​ချင်း​ကို​သော်​လည်း ကောင်း ထာ​ဝ​ရ​ဘု​ရား​အား​သိ​လော့​ဟု​သွန်​သင်​ပေး​ရန် လို​မည်​မ​ဟုတ်။ အ​ဘယ်​ကြောင့်​ဆို​သော်​လူ​အ​ပေါင်း​တို့​သည် အ​ငယ်​ဆုံး​မှ​အ​ကြီး​ဆုံး​တိုင်​အောင်​ငါ့​ကို သိ​ကြ​လိမ့်​မည်​ဖြစ်​သော​ကြောင့်​တည်း။ ငါ​သည်​သူ​တို့​၏​အ​ပြစ်​များ​ကို​ဖြေ​လွှတ်​၍ သူ​တို့​၏​ကူး​လွန်​မှု​များ​ကို သိ​မှတ်​တော်​မူ​မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။- ကိုယ်​တော်​သည်​ယင်း​သို့​ပ​ဋိ​ညာဉ်​သစ်​အ​ကြောင်း ကို​မိန့်​တော်​မူ​သော​အား​ဖြင့် ပ​ထ​မ​ပ​ဋိ​ညာဉ် ကို​ဟောင်း​နွမ်း​စေ​တော်​မူ​၏။ ဟောင်း​နွမ်း​လာ​သော အ​ရာ​သည်​လည်း​မ​ကြာ​မီ​ပျောက်​ကွယ်​သွား လိမ့်​မည်။

ဟေဗြဲ 8:7-13 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အကြောင်းမူကား ပထမ​ပဋိညာဉ်​၌ အပြစ်တင်​စရာ​မ​ရှိ​ခဲ့​လျှင် ဒုတိယ​ပဋိညာဉ်​သည် လိုအပ်​စရာ​အကြောင်း​ရှိ​ခဲ့​မည်​မ​ဟုတ်။ သို့သော် ဘုရားသခင်​သည် သူ​တို့​ကို​အပြစ်တင်​၍ “ထာဝရ​ဘုရား​မိန့်​တော်မူ​သည်​ကား ကြည့်ရှု​လော့။ အစ္စရေး​အမျိုး​နှင့်​လည်းကောင်း၊ ယုဒ​အမျိုး​နှင့်​လည်းကောင်း ပဋိညာဉ်​သစ်​ကို ငါ​ပြု​မည့်​နေ့ရက်​များ​ကျရောက်​တော့မည်။ ထို​ပဋိညာဉ်​သည် သူ​တို့​ဘိုးဘေး​များ​၏​လက်​ကို​ဆွဲ​၍ အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​လာ​စဉ်​က သူ​တို့​နှင့် ငါ​ပြု​ခဲ့​သော​ပဋိညာဉ်​နှင့်​တူ​လိမ့်မည်​မ​ဟုတ်။ သူ​တို့​သည် ငါ​၏​ပဋိညာဉ်​၌​မ​တည်​သောကြောင့် ငါ​သည်​လည်း သူ​တို့​ကို​လျစ်လျူ​ရှု​ထား​၏”​ဟု ထာဝရ​ဘုရား​မိန့်​တော်မူ​၏။ ထာဝရ​ဘုရား​က “ထို​နေ့ရက်​များ​နောက်တွင် အစ္စရေး​အမျိုး​နှင့် ငါ​ပြု​မည့်​ပဋိညာဉ်​ကား ဤသို့​တည်း။ ငါ​သည် ငါ​၏​ပညတ်​တရား​တို့​ကို သူ​တို့​၏​အသိဉာဏ်​ထဲတွင် ထည့်သွင်း​၍ သူ​တို့​၏​စိတ်နှလုံး​ပေါ်မှာ ရေး​ထား​မည်။ ငါ​သည် သူ​တို့​၏​ဘုရား​ဖြစ်​ပြီး သူ​တို့​သည်​လည်း ငါ​၏​လူမျိုး​တော်​ဖြစ်​ကြ​လိမ့်မည်။ သူ​တို့​အသီးသီး​သည် မိမိ​အမျိုးသား​ချင်း​နှင့် မိမိ​ညီအစ်ကို​ချင်း​အား ‘ထာဝရ​ဘုရား​ကို​သိ​လော့’​ဟု သင်ပေး​ရ​လိမ့်မည်​မ​ဟုတ်။ အကြောင်းမူကား အငယ်ဆုံး​သော​သူ​မှစ၍ အကြီးဆုံး​သော​သူ​တိုင်အောင် လူ​အပေါင်း​တို့​သည် ငါ့​ကို​သိကျွမ်း​ကြ​လိမ့်မည်။ အဘယ်ကြောင့်​ဆိုသော် ငါ​သည် သူ​တို့​၏​မတရားမှု​များ​အပေါ်​ကရုဏာ​ထား​၍ သူ​တို့​၏​အပြစ်​များ​ကို လုံးဝ​သတိရ​တော့မည်​မ​ဟုတ်”​ဟု မိန့်​တော်မူ​၏။ ဘုရားသခင်​သည် “ပဋိညာဉ်​သစ်”​ဟု မိန့်​တော်မူ​ခြင်း​အားဖြင့် ပထမ​ပဋိညာဉ်​ကို ဟောင်းနွမ်း​စေ​တော်မူ​၏။ ကြာညောင်း​၍ ဟောင်းနွမ်း​သော​အရာ​သည် မကြာမီ​ပျောက်ကွယ်​သွား​လိမ့်မည်။