YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေဗြဲ 7:11-28

ဟေဗြဲ 7:11-28 JBMLE

တစ်​နည်း​ကား၊ လေ​ဝိ​မှ​ဆင်း​သက်​သော ယဇ်​ပု​ရော​ဟိတ်​အ​မျိုး​နှင့် စပ်​ဆိုင်​လျက်​လူ​များ​တို့​သည် ပ​ညတ်​တ​ရား​တော်​ကို ခံ​ကြ​သော​ကြောင့်၊ ထို​အ​မျိုး​အား​ဖြင့် စုံ​လင်​ခြင်း​သို့ ရောက်​နိုင်​သည်​မှန်​လျှင်၊ အ​ခြား​သော ယဇ်​ပု​ရော​ဟိတ်​သည်၊ အာ​ရုန်​နည်း​တူ မ​ခေါ်​ဝေါ်​ဘဲ၊ မေ​လ​ခိ​ဇေ​ဒက်​နည်း​တူ ပေါ်​ထွန်း​စ​ရာ​အ​ကြောင်း အ​ဘယ်​သို့​ရှိ​သေး​သ​နည်း။- ယဇ်​ပု​ရော​ဟိတ်​အ​မျိုး​သည် ပြောင်း​လဲ​လျှင်၊ ပ​ညတ်​တ​ရား​သည် မ​ပြောင်း​လဲ​ဘဲ မ​နေ​နိုင်​ရာ။- ထို​ဗျာ​ဒိတ်​တော်​ကို ခံ​ရ​သော​သူ​သည်၊ ယဇ်​ပ​လ္လင်​ဝတ်​ကို တစ်​ယောက်​မျှ​မ​ပြု​ရ​သော​အ​မျိုး​နှင့် စပ်​ဆိုင်​ပေ၏။- အ​ကြောင်း​မူ​ကား၊ ငါ​တို့​သ​ခင်​သည် ယု​ဒ​အ​မျိုး​ထဲ၌ ပေါ်​ထွန်း​သည်​ဟု ထင်​ရှား​လျက်​ရှိ၏။ ထို​အ​မျိုး​သည် ယဇ်​ပု​ရော​ဟိတ်​အ​ရာ​နှင့် စပ်​ဆိုင်​သည်​ဟု မော​ရှေ​သည် တစ်​ခွန်း​ကို​မျှ​မ​ပြော။ ထို​မှ​တစ်​ပါး၊ မေ​လ​ခိ​ဇေ​ဒက်​နည်း​တူ အ​ခြား​သော ယဇ်​ပု​ရော​ဟိတ်​သည် ပေါ်​ထွန်း​သည်​မှန်​လျှင်၊ ယဇ်​ပု​ရော​ဟိတ်​အ​မျိုး ပြောင်း​လဲ​ပြီ​ဟု သာ၍​ထင်​ရှား၏။- ထို​ယဇ်​ပု​ရော​ဟိတ်​သည် ကိုယ်​ခ​န္ဓာ​နှင့် စပ်​ဆိုင်​သော တ​ရား​အ​တိုင်း ခန့်​ထား​လျက်​ရှိ​သည် မ​ဟုတ်။ ထာ​ဝ​ရ​အ​သက်၏ တန်​ခိုး​အာ​နု​ဘော်​အ​တိုင်း ခန့်​ထား​လျက်​ရှိ​သ​တည်း။- အ​ကြောင်း​မူ​ကား၊ သင်​သည် မေ​လ​ခိ​ဇေ​ဒက်​နည်း​တူ၊ ထာ​ဝ​ရ ယဇ်​ပု​ရော​ဟိတ်​ဖြစ်​သည်​ဟု သက်​သေ​ခံ​တော်​မူ​သ​တည်း။ ပ​ညတ်​တ​ရား​သည် အ​ဘယ်​သူ​ကို​မျှ စုံ​လင်​ခြင်း​သို့ မ​ပို့​နိုင်​သည်​ဖြစ်၍၊- ရှေး​ပ​ညတ်​တ​ရား​ဟောင်း​သည်၊ အား​မ​ရှိ၊ အ​ကျိုး​ကို မ​ပေး​နိုင်​သော​ကြောင့်၊ ပယ်​ရှင်း​ခြင်း​သို့ ရောက်​ရ၏။ သို့​သော်​လည်း၊ သာ၍​မြတ်​သော မျှော်​လ​င့်​ခြင်း​အ​ခွင့်​သည် နေ​ရာ​ကျ၏။ ထို​မျှော်​လ​င့်​ခြင်း​အား​ဖြင့် ငါ​တို့​သည် ဘု​ရား​သ​ခင့်​အ​ထံ​တော်​သို့ တိုး​ဝင်​ချဉ်း​ကပ်​ရ​ကြ၏။- ထို​သူ​တို့​သည် အ​ကျိန်​တော်​မ​ရှိ​ဘဲ ယဇ်​ပု​ရော​ဟိတ်​အ​ရာ​ကို ရ​ကြ၏။- ယေ​ရှု​မူ​ကား၊ အ​ကျိန်​တော်​မ​ရှိ​ဘဲ ယဇ်​ပု​ရော​ဟိတ်​အ​ရာ​ကို မ​ရ၊ ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် မေ​လ​ခိ​ဇေ​ဒက်​နည်း​တူ ထာ​ဝ​ရ​ယဇ်​ပု​ရော​ဟိတ်​ဖြစ်​သည်​ဟု ကျိန်​ဆို၍၊ နောက်​တစ်​ဖန် စိတ်​ပြောင်း​လဲ​ခြင်း​ရှိ​တော် မ​မူ​သည်​နှင့်​အ​ညီ၊ ယေ​ရှု​သည် အ​ကျိန်​တော်​ကို​ခံ၍ ယဇ်​ပု​ရော​ဟိတ်​အ​ရာ​ကို ရ​သည်​အ​တိုင်း၊- သာ၍​မြတ်​သော ပ​ဋိ​ညာဉ်​တ​ရား၏ အာ​မ​ခံ​ဖြစ်၏။- ထို​သူ​တို့​သည်​လည်း သေ​ရ​သော​ကြောင့် အ​စဉ်​မ​တည်​နိုင်​သည်​ဖြစ်၍ အ​များ​ရှိ​ရ​ကြ၏။- ယေ​ရှု​မူ​ကား၊ နိ​စ္စ​ထာ​ဝ​ရ​တည်​သော​ကြောင့် မ​ပြောင်း​မ​လဲ​သော ယဇ်​ပု​ရော​ဟိတ်​အ​ရာ၌ ခန့်​ထား​လျက်​ရှိ၏။- ထို​ကြောင့်၊ အ​ကြင်​သူ​တို့​သည် ယေ​ရှု​အား​ဖြင့် ဘု​ရား​သ​ခင့်​အ​ထံ​တော်​သို့ ချဉ်း​ကပ်​ကြ၏၊ ထို​သူ​တို့၏​အ​မှု​ကို ကိုယ်​တော်​သည် စောင့်​လျက်၊ ကာ​လ​အ​စဉ် အ​သက်​ရှင်​သော​ကြောင့်၊ သူ​တို့​ကို အ​စဉ်​ကယ်​တင်​ခြင်း​ငှာ တတ်​နိုင်​တော်​မူ၏။ ထို​သို့​သော ယဇ်​ပု​ရော​ဟိတ်​မင်း​သည် သန့်​ရှင်း​စင်​ကြယ်၍ အ​ညစ်​အ​ကြေး​နှင့် ကင်း​လွတ်​လျက် အ​ပြစ်​ရှိ​သော​သူ​တို့​နှင့် မ​ဆက်​ဆံ၊ ကောင်း​ကင်​သား​အ​ပေါင်း​တို့​ထက် မြင့်​မြတ်​သော​သူ​ဖြစ်၍၊ ငါ​တို့​နှင့် တော်​သင့်​တော်​မူ၏။- အ​ခြား​သော ယဇ်​ပု​ရော​ဟိတ်​မင်း​တို့​သည် ကိုယ်​အ​ပြစ်​ကြောင့်​လည်း​ကောင်း၊ လူ​များ​အ​ပြစ်​ကြောင့်​လည်း​ကောင်း၊ နေ့​တိုင်း ယဇ်​ပူ​ဇော်​ရ​သ​ကဲ့​သို့၊ ထို​သ​ခင်​သည် ယဇ်​ပူ​ဇော်​စ​ရာ​အ​ကြောင်း မ​ရှိ၊ အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ မိ​မိ​ကိုယ်​ကို တစ်​ခါ​တည်း ယဇ်​ပူ​ဇော်၍ ထို​အ​မှု​ကို ပြီး​စီး​စေ​တော်​မူ​ပြီ။- ပ​ညတ်​တ​ရား​သည် အ​ပြစ်​ရှိ​သော​သူ​တို့​ကို ယဇ်​ပု​ရော​ဟိတ်​အ​ရာ၌ ခန့်​ထား၏။ ပ​ညတ်​တ​ရား​နောက်၌ ကျိန်​ဆို​တော်​မူ​သော ဗျာ​ဒိတ်​တော်​မူ​ကား၊ အ​စဉ်​အ​မြဲ စုံ​လင်​ခြင်း​သို့​ရောက်​သော သား​တော်​ကို ခန့်​ထား​သ​တည်း။