YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေဗြဲ 6:17-20

ဟေဗြဲ 6:17-20 JBMLE

ထို​ကြောင့်၊ က​တိ​တော်​ကို အ​မွေ​ခံ​ရ​သော​သူ​တို့​သည်၊ ဘု​ရား​သ​ခင်၏ အ​ကြံ​အ​စည်​တော် မ​ဖောက်​ပြန်​နိုင်​ကြောင်း​ကို အ​တပ်​သိ​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​သည် အ​ကျိန်​အား​ဖြင့် အာ​မ​ခံ​တော်​မူ၏။- အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်​သည် မု​သား​မ​သုံး​နိုင်​သော အ​ရာ​တည်း​ဟူ​သော မ​ဖောက်​ပြန် မ​ပြောင်း​လဲ​နိုင်​သော အ​ရာ​နှစ်​ပါး​ကို အ​မှီ​ပြု၍၊ ကိုယ်​ရှေ့၌​ထား​သော မျှော်​လ​င့်​ရာ​ကို ခို​လှုံ​ခြင်း​ငှာ ပြေး​သော ငါ​တို့​သည် သက်​သာ​အား​ကြီး​ကြ​မည်​အ​ကြောင်း​တည်း။- ထို​မျှော်​လ​င့်​ခြင်း​မူ​ကား၊ ကု​လား​ကာ​အ​တွင်း၌​ချ၍ မြဲ​မြံ​ခိုင်​ခံ့​သော စိတ်​နှ​လုံး၏ ကျောက်​ဆူး​ကဲ့​သို့ ငါ​တို့၌​ရှိ​သ​တည်း။- မေ​လ​ခိ​ဇေ​ဒက်​နည်း​တူ ထာ​ဝ​ရ​ယဇ်​ပု​ရော​ဟိတ်​မင်း​ဖြစ်​သော ယေ​ရှု​သည်၊ ငါ​တို့​အ​တွက်၊ ထို​အ​တွင်း​အ​ရပ်​ထဲ​သို့ ရှေ့​ဆောင်၍​ဝင်​သော​သူ ဖြစ်​တော်​မူ၏။